Zawgyi Font
သင့်၏ ငွေကြေးဆိုင်ရာကိစ္စတွေအတွက် အကူအညီကို ဘုရားအားတောင်းခံပါ။
သင့်၏ ငွေကြေးဆိုင်ရာကိစ္စတွေအတွက် အကူအညီကို ဘုရားအားတောင်းခံပါ။
ဆင်ခြင်ရန်
--------------------------------------------------------------------------------
Unicode:
--------------------------------------------------------------------------------
Unicode:
သင်၏ ငွေကြေးဆိုင်ရာကိစ္စတွေအတွက် အကူအညီကို ဘုရားအားတောင်းခံပါ။
ဖိလိပ္ပိ ၄:၁၉ “ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌
စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့်
ပြည့်စုံစေတော်မူလိမ့် မည်။”
ဖိလိပ္ပိ
၄:၁၉ သည် အံ့ဩဖွယ်ရာဖြစ်ပြီး သတ်မှတ်ပြဠာန်းထားခြင်းတွေနှင့်ပတ်သက်တဲ့ ကတိတော်တွေကို
စုစည်း လွှမ်းခြုံထားပါတယ်။ ဤစကားလုံး နှစ်လုံးကို မှတ်သားပါ။ “God will ဘုရား၏ အလိုတော်”
။ သင်၏လိုအပ် ချက်တွေကို ပြည့်စုံစေမည်လို့မဆိုလိုပါ။ သင်၏လိုအပ်ချက်တွေကို ဘုရားဂရုစိုက်စောင့်ရှောက်
ပေးမည်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ အမှန်တရားကို ရေးသားထားခြင်းဖြစ်တယ်။ ဘုရားသခင်သည်
သူ၏ စရိုက်လက္ခဏာနှင့် သူ၏အမည်နာမပေါ် အတိအလင်းဆိုထားခြင်းဖြစ်ပါတယ်။
ထို့နောက် ကျမ်းစာက ဆက်လက်ဖော်ပြသည်မှာ - “အရာရာအားလုံးကို ဘုရား ဂရုစိုက်စောင့်ရှောက်မည်”
။ လိုအပ်ချက်တစ်ချို့ကိုပြည့်စုံစေမည်ဟု မဆိုလိုပါ။ အားလုံးကို ကာကွယ် စောင့်ရှောက်သွားမည်ဟု
ဆိုလိုခြင်းဖြစ် ပါတယ်။
သင်၏လောဘအတွက် ဘုရားကပြည့်စုံစေမှာမဟုတ်ပါ။ လိုအပ်ချက်နှင့် လိုလားချက်
တွေကြားထဲမှာ ကြီးမားတဲ့ ကွာဟမှုကြီးရှိပါတယ်။ သင်က မိဘဖြစ်မယ်ဆိုလျှင် သင့်ကလေးတွေ
တောင်းသမျှကို သင်ပေးမည်လား။ ကျွန်ုပ်မထင်ပါဘူး။ သူတို့ကို သင်ချစ်တဲ့အတွက် သင်ပေးမည်
မဟုတ်။ ထိုနည်း၄င်းပင် သင်၏အဖဘုရားသည် သင့်ကိုချစ်တော်မူသည်ဖြစ်၍ သင်တောင်းသမျှကို
ပေးမည်မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ သူပြုလိုက်ပါလျှင် သင်သည် ပျက်စီးခြင်းခံရမည်ဖြစ်ပြီး
သေခြင်းတရားဆီရောက်ရှိသွားမည်။
သင်လိုချင်သောအရာအားလုံး သူပေးမည်မဟုတ်ပါ။ ဒါပေမဲ့ သင်၏လိုအပ်ချက်တွေကို
ပေးပါလိမ့်မည်။
သင်ဘာကြောင့် ဘဏ္ဍာရေးတွေမှာ လိုအပ်ချက်တွေရှိနေရသနည်း။ ဘုရားပျက်ကွက်ခဲ့သလား။
လိမ်ညာခဲ့သလား။ တစ်ဆိတ်ကို တစ်အိတ်လုပ်ခဲ့သလား။
မဟုတ်ပါ။ အားလုံးသောကတိတော်တွေမှာ အကြောင်းပြချက်တွေရှိကြပါတယ်။ လိုအပ်ချက်တွေနှင့်
အခြေအနေတွေ ရှိကြတယ်။ ဘုရားသခင် ကတိတော်ပေးခဲ့စဉ်က ပြောသောစကားက “I’ll do my part, and you do your part”.
ဘုရား၏
ငွေကြေးဆိုင်ရာ သဘောတရားက သူ၏စကားတော်အားဖြင့် ကျွန်ုပ်တို့အတွက် ရှင်းလင်းစွာတည် နေပါတယ်။
ကျန်းမာရေးဆိုင်ရာဘဏ္ဍာရေးကိစ္စတွေ ၊ ငွေကြေးစုဆောင်းခြင်း ၊ အသုံးပြုခြင်း ၊ ပေးလှူခြင်း
၊ ရင်းနှီးမြှုပ်နှံခြင်းအပါအဝင် နှင့် ကြီးကြပ်ခြင်းစေသော လက္ခဏာသွင်ပြင်များစွာကို
သမ္မာကျမ်းစာတွင် ဆွေးနွေးထား ပါတယ်။ သင်၏ဘဏ္ဍာရေး တည်ငြိမ်မှုတွေအတွက် ဘုရားသခင်က
လိုအပ်သောအရာအားလုံးကို သင့်ကိုပေးခဲ့ ပါတယ်။
ဒါပေမဲ့
ပထမဉီးစွာ အကူအညီတောင်းခံဖို့လိုအပ်ပါတယ်။ ရှင်ယောဟန်
ခရစ်ဝင် ၁၆:၂၄ “ယခုတိုင်အောင် ငါ၏နာမကိုအမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။
သင်တို့သည် ဝမ်းမြောက်စရာအကြောင်းစုံ လင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့တောင်းလျှင်
ရကြလိမ့်မည်။”
လူတော်တော်များများသည် သခင်ခရစ်တော်ထက် သူတို့၏ ငွေကြေးကတ်များကိုသာ
ပိုပြီးမှီခိုကြပါတယ်။ ကောင်းတဲ့စည်းမျဉ်းတစ်ခုက “Before you pay for it, pray for it.” သင် ငွေကြေးတစ်ခုကို
မပေးချေမှီ ဘုရားရှင်ကို သင့်အားဖြည့်ဆည်းစောင့်ရှောက်ပေးဖို့ အရင်အခွင့်အရေးပေးပါ။
ငွေကြေးဆိုင်ရာဆုံးဖြတ်မှုအတွက် ဉာဏ်ပညာ တောင်းခံပါ။
သင်တောင်းလျှောက်ဖို့ရန်
ဘုရားရှင်ဘာကြောင့်များ အလိုတော်ရှိသနည်း။ ဒါမှ သူပေးနိုင်မှာပေါ့။ ဘာလို့သူပေးချင်နေ
သနည်း။ ဒါမှ သင်လက်ခံရရှိနိုင်မှာပေါ့။ ဘာကြောင့်သင်လက်ခံရရှိဖို့ သူအလိုတော်ရှိသနည်း။
ဒါမှ သင်ပျော်ရွှင်ခြင်း တွေဖြင့် ပြည့်ဝနေမှာပေါ့။
သင်၏ငွေကြေးဆိုင်ရာကိစ္စတွေမှာ ဘုရား၏စကားတော်တွေကို နာခံခြင်းအတွက်
ကြီးမားသောပျော်ရွှင်ခြင်းဆိုတာ ရှိပါတယ်။ ဘုရားရှင် သင့်အား စောင့်ရှောက်ပါမည်။ တောင်းလျှောက်ဖို့ကိုသာ
သင်လုပ်ဆောင်လိုက်ပါ။
ဆင်ခြင်ရန်
-
သင်၏မည်ကဲ့သို့သော ဘဏ္ဍာရေးအပိုင်းက ဘုရားသခင်ထံအပ်နှံဖို့ရန် ခက်ခဲနေပါသနည်း။ ဘာကြောင့်နည်း။
-သင်၏ငွေကြေးဆိုင်ရာကိစ္စတွေကို
ပျော်ရွှင်မှုအပြည့်ဖြင့်တာဝန်ယူနေတဲ့အခါ သူတစ်ပါးအတွက် မည်ကဲ့သို့ သာဓက ဖြစ်စေပါသနည်း။
-
မည်ကဲ့သို့သော ကြီးမာတဲ့ ဝယ်ယူမှုကြီးကို ပြုဖို့ သင်စဉ်းစားနေသနည်း။ အဲဒီဝယ်ယူမှုအတွက်
ယနေ့မှာ ဘုရားရှင်ဆီမှ ဉာဏ်ပညာကို မည်ကဲ့သို့ လက်ကိုင်ပြုပါမည်နည်း။