Unicode
သင့်အသက်တာအတွက် အသစ်သောတေးသံ
"သင်၏ဦးနှောက်သည် အရာအားလုံးကို သိုမှီးသည်" ဆိုသည်မှာ သတင်းကောင်းဖြစ်သလို သတင်းဆိုးလည်းဖြစ်ပါတယ်။ သင်၏ဦးနှောက်သည် ဘယ်အရာက စစ်မှန်တယ်၊ ဘယ်အရာက အတုအယောင်ဖြစ်တယ်ဆိုတာကို မခွဲခြားဆန်းစစ်နိုင်ပါ။ အမှိုက်ဆန်တဲ့အရာ မှန်သမျှကို သင့်ဦးနှောက်က သိုမှီးပါတယ်။ သင် သတိထားမိသည်ဖြစ်စေ ၊ သတိမထားမိသာ်ဖြစ်စေ အဲဒီအမှိုုက်တွေပေါ်တည်ပြီး ဆုံးဖြတ်ချက်တွေကိ သင်အမြဲတမ်းချတတ်ပါတယ်။ ဦးနှောက်က ကောင်းခြင်းဆိုးခြင်းအားလုံးက ယူဆောင်ပါတယ်။
သင်ကလေးအရွယ်တုန်းက လူကြီးပြောသမျှတွေကို ဘာမေးခွန်းမှမထုတ်ဘဲ ယုံကြည်နေခဲ့ခြင်းသည် သူတို့က အရာရာကို တွက်ဆတတ်တယ်လို့ သင်ထင်မြင်လို့ပါဘဲ။ သူတို့ကသင့်ကို "နင်က လူဆိုးလေးဖြစ်တယ် မလိမ္မာဘူး၊ လောကအတွက် အသုံးမဝင်တဲ့ကောင်ပေါ" လို့ပြောကောင်း ပြောပါမည်။ သူတို့ သင့်ကို ညာခဲတယ်၊ ယခုလည်း ညာတယ်။ ဘာဘဲဖြစ်ဖြစ် သင်ကတော့ အဲဒါတွေကို ယုံကြည်လက်ခံခဲ့ပါတယ်။
သင့်စိတ်ထဲမှာ လှည့်ဖြားနေတဲ့ တေးသံတွေကို ပြောင်းလဲဖို့လိုအပ်ပါတယ်။ လိမ်လည်လှည့်ဖြားတဲ့ပေါ် တည်နေတဲ့ တစ်စုံတစ်ခုကို တီးခတ်နေခြင်းထက် မှန်ကန်သော ဘုရား၏ နှုတ်ကပတ်တော်ကို တီးခတ်ရပါမည်။
သင်၏တွေးခေါ်ပုံနည်းလမ်းတွေကို မည်ကဲ့သို့ပြောင်းလဲပါသနည်း။ မှန်ကန်သော တေးသွားကို တီးခတ်ရပါမည်။
သင်၏ မှတ်ဉာဏ်အတွက် ကုစားဖို့ရန် ဘုရားရှင်အား တောင်းခံပါ။ "အဖဘုရား ပစ်ပယ်သင့်သော အမှတ်ရစရာ ဖြစ်သော(ငြင်းပယ်ခြင်း၊ အပြစ်ဖြစ်ခြင်း၊ မကျေမနပ်ဖြစ်ခြင်း၊ လိပ်ပြာမလုံခြင်း နှင့် စော်ကားခြင်း) ကုစားဖို့ရန် သခင့်အားအလိုရှိပါ၏။ အဲဒါတွေက နာကျင်ပါတယ်။ ကျွန်ုပ်ကို ကုစားပေးတော်မူပါ"
သင်၏စိတ်ကို ဘုရား၏နှုတ်ကပတ်တော်ဖြင့် ဖြည့်ပါ။
သင်၏စိတ်ထဲသို့ မှန်ကန်တဲ့အရာများကို ပိုမိုထည့်သွင်းခြင်းသည် လိမ်ညာမှု ၊ လှည့်ဖြားမှုတွေကို ပိုမိုတွန်းထုတ်တဲ့ သဘောဖြစ်ပါတယ်။ TV ကြည့်ခြင်း နှင့် သီချင်းနားထောင်နေမည့်အစား ဘုရား၏နှုတ်ကပတ်တော်ကိုသာ သင့်စိတ်ကူးထံသို့ဖြည့်သွင်းပါ။
ဘုရား၏နှုတ်ကပတ်တော်တွင် ပြောထားသည်မှာ သင်သည် ချစ်ဖို့ကောင်း၏ ၊ လက်ခံစရာကောင်း၏ ၊ တန်ဖိုးရှိသောသူဖြစ်၏ ၊ ခွင့်လွှတ်စရာကောင်း၏၊ အသုံးဝင်၏ ဟုဖော်ပြထားပါတယ်။
ရှင်ပေတရုသြဝါဒစာ ၁း၃" ထိုသို့နှင့်အညီ ငါတို့ကိုဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသော ဘုရားကိုသိသော ဉာဏ်အားဖြင့်၊ ငါ့တို့အားအသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း နှင်စပ်ဆိုင်သော အရာရှိသမျှတို့ကို ဘုရားတန်ခိုး တော်သည် ပေးသနားတော်မူပြီ။ (2Pe 1:3)
ဧဖက်သြဝါဒစာ ၄း၁၂ " သန့်ရှင်းသူ တို့ကို ပြင်ဆင်ခြင်း အလိုငှါ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌၎င်း၊ အချို့တို့ကို ပရောဖက်အရာ၌၎င်း၊ အချို့တို့ကို သာသနာပြုအရာ၌၎င်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူ၏။ (Eph 4:12)
အဲဒီနှုတ်ကပတ်တော်တွေကို သင်၏အသက်တာ တေးသံအဖြစ် ဖြစ်လာစေပါ၊ ဘုရားရှင်က သင်၏စိတ်ကူးတွေကို ပြောင်းလဲပေးပါမည်။
ဆင်ခြင်ရန်
- မည်ကဲ့သို့သော အတိတ်က တေးသွားတွေကို သင့်စိတ်ကူးတွေထဲမှာ မကြာခဏ ပြန်လည်ဖွင့်ချင်ပါသနည်း။
- လှည့်ဖြားခြင်း၊ လိမ်ညာထားခြင်း အရာတွေကို သင်ဆက်လက်လုပ်ဆောင်နေခြင်းကို ဘုရား၏ နှုတ်ကပတ်တော်က မည်ကဲ့သို့ ဆိုထားသနည်း။
- ယနေ့တွင် ဘုရား၏နှုတ်ကပတ်တော်ကို အမှတ်ရခြင်းနှင့် လေ့လာခြင်းအလေ့အထတွေကို သင် မည်ကဲ့သို့ ကြီးထွားစေနိုင်မည်နည်း။
--------------------
Zawgyi Font
ကောရိန္တုဒုတိယစောင်၁၀း၅" ထိုလက်နက်အားဖြင့်လူတို့၏အကြံအစည်တို့ကို၎င်း၊ဘုရားသခင်ကိုသိသောပညာကိုဆီးတားသောမာန်မာနရှိသမျှတို့ကို၎င်း၊နှိမ့်ချမှောက်လှန်၍၊ခပ်သိမ်းသောစိတ်တို့ကိုဘမ်းသွားချုပ်ထားလျက်၊ခရစ်တော်၏စကားကိုနားထောင်ကြစေကြ၏။ (2Co 10:5)
ရောမ၁၂း၁၂" မြော်လင့်လျက်ဝမ်းမြောက်ကြလော့။ဆင်းရဲဒုက္ခရောက်သောအခါသည်းခံကြလော့။ဆုတောင်းပဌနာပြုခြင်းအမှုကိုအမြဲပြုကြလော့။ (Rom 12:12)"
ရှင်ယောဟန်၃း၁၆" ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်ဆီးခြင်းသို့မရောက်၊ထာဝရအသက်ကိုရစေခြင်းငှါ၊ဘုရားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏။ (Joh 3:16)
ရှင်လုကာ၁၂း၆" စာငှက်ငါးကောင်ကိုအဿရိနှစ်ပြားအဘိုးနှင့်ဝယ်ရသည်မဟုတ်လော။ထိုစာငှက်တကောင်ကိုမျှဘုရားသခင်မေ့လျော့တော်မမူ။(Luk 12:6)
ရှင်ပေတရုသြဝါဒစာ၁း၃" ထိုသို့နှင့်အညီငါတို့ကိုဘုန်းတန်ခိုးတော်နှင့်ခေါ်တော်မူသောဘုရားကိုသိသောဥာဏ်အားဖြင့်၊ငါ့တို့အားအသက်ရှင်ခြင်း၊ဘုရားဝတ်၌မွေ့လျော်ခြင်းနှင်စပ်ဆိုင်သောအရာရှိသမျှတို့ကိုဘုရားတန်ခိုးတော်သည်ပေးသနားတော်မူပြီ။ (2Pe 1:3)
ဆာလံ၁၀၃း၁၂" အရှေ့မျက်နှာစွန်းသည်အနောက်မျက်နှာစွန်းနှင့်ဝေးသည်အတိုင်း၊ငါတို့အပြစ်များကိုငါတို့နှင့်ဝေးစေတော်မူ၏။(Psa 103:12)
ဧဖက်သြဝါဒစာ၎း၁၂" သန့်ရှင်းသူတို့ကိုပြင်ဆင်ခြင်းအလိုငှါ၊ထိုသခင်သည်လူအချို့တို့ကိုတမန်တော်အရာ၌၎င်း၊အချို့တို့ကိုပရောဖက်အရာ၌၎င်း၊အချို့တို့ကိုသာသနာပြုအရာ၌၎င်း၊အချို့တို့ကိုသင်းအုပ်အရာ၊ဆရာအရာ၌၎င်း၊ခန့်ထားတော်မူ၏။ (Eph 4:12)
ဆင်ခြင်ရန်