You’re Called to Belong to the Church
Zawgyi Font
ဟေဗြဲ ၂း၁၀ “အကြောင်းမူကား များစွာသောသားတို့ကို ကယ်တင်၍၊ ဘုန်းစည်စိမ်စံစားရာသို့ ပို့ဆောင်သော အရှင်သည် ဒုက္ခဝေဒနာအားဖြင့် စုံလင်ခြင်းသို့ရောက်ရမည်အကြောင်း ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောဘုရားသည် စီရင်တော်မူအပ်၏။”
ဆင်ခြင်ရန်
-----------------------------------------------------------------------------
Unicode:
သင့်ကို အသင်းတော်တွင် အဖွဲ့သားဖြစ်ဖို့ရန် ခေါ်တော်မူခြင်းခံရသည်။
ဧဖက် ၂:၁၉ “ထို့ကြောင့် သင်တို့သည် တစ်ကျွန်းတစ်နိုင်ငံသားမဟုတ် ၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားခြင်းဖြစ်ကြ၏။ ဘုရားသခင်အိမ်တော်သားလည်းဖြစ်ကြ၏။”
လုပ်ဆောင်ဖို့အတွက်ဘဲသင့်ကို ခေါ်တော်မူတာမဟုတ်။ အိမ်တော်သားဖြစ်ဖို့အတွက်ဖြစ်ပါတယ်။
ဟေဗြဲ ၂:၁၀ “အကြောင်းမူကား များစွာသောသားတို့ကို ကယ်တင်၍၊ ဘုန်းစည်စိမ်စံစားရာသို့ ပို့ဆောင်သော အရှင်သည် ဒုက္ခဝေဒနာအားဖြင့် စုံလင်ခြင်းသို့ရောက်ရမည်အကြောင်း ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောဘုရားသည် စီရင်တော်မူအပ်၏။”
ဘုရားရှင်သည် သူ၏သားသမီးတွေကို မိဘမဲ့မဖြစ်စေချင်ပါ။ မိသားစုတွေထဲတွင် ပေါင်းစပ်ပေးထားပြီး ဘုရား၏မိသားစုဝင်များအဖြစ် အသင်းတော်လို့ခေါ်တွင်ပါတယ်။ သင့်ကိုခေါ်ရခြင်းက သူ၏မိသားစုဝင်ဖြစ် ဖို့ရန်ဖြစ်သည်။
ဧဖက် ၂:၁၉ “ထို့ကြောင့် သင်တို့သည် တစ်ကျွန်းတစ်နိုင်ငံသားမဟုတ် ၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားခြင်းဖြစ်ကြ၏။ ဘုရားသခင်အိမ်တော်သားလည်းဖြစ်ကြ၏။”
ကျမ်းစာထဲရှိစကားလုံး “Church”သည် ဂရိဘာသာစကားဖြင့်  “Ecclesia“ ဖြစ်ပါတယ်၊ “Kaleo” ဆိုတဲ့စကားလုံးကနေဆင်း သက်လာပြီး “Called”လို့အဓိပ္ပါယ်ဆောင်ပါတယ်။ တိုက်ရိုက်အားဖြင့် “the group of people who are called by Godလို့ဆိုလိုပါတယ်။
အဲဒီအဓိပ္ပါယ်ကိုသင်သိပါသလား။ Church ဆိုတာ လူမူရေးဆိုင်ရာ ဆောင်ရွက်တဲ့နေရာမဟုတ်။ အဆောက်အအုံ လည်း မဟုတ်ပါ၊ သင်သွားနေတဲ့ တစ်ခုသောနေရာမဟုတ်။ သင်နှင့်ဆက်နွယ်သော အရာဖြစ်ပါတယ်။
ဆင့်ခေါ်ထားသော တခြားသူတွေကနှင့်အတူ အသင်းတော်မိသားစုတွင် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နိုင်ဖို့အတွက် သင့်ကိုခေါ်တော်မူခြင်းဖြစ်ပါတယ်။
အသင်းတော်သည် ဝန်လေးစရာ (သို့) စည်းမျဉ်း (သို့) လိုအပ်ချက်တွေလည်း မဟုတ်ပါ။ မိသားစုတွေဖြစ်ကြပြီး အဲဒီ ဘုရားဖွဲ့စည်းထားတဲ့ မိသားစုတွေနှင့်ပါဝင်ဆက်နွယ်မှာသာ ဘုရား၏သင့်အပေါ်ထားရှိသောရည်ရွယ်ချက်အပြင် ဘုရားကိုပါ ပိုမိုသိရှိလာမည်ဖြစ်သည်။
အသင်းတော်တွင် မိသားစုဝင်ဖြစ်ရခြင်းသည် တကယ့်ကိုကြီးမားတဲ့ကောင်းချီးဖြစ်ပါတယ်။ အသက်တာအတွက် အားပေးနှစ်သိမ့်မှု၏ အရင်းအမြစ်ပင်ဖြစ်ပါတယ်။
အဲဒီအရင်းအမြစ်ကို သင်လက်မလွှတ်ချင်စမ်းပါနဲ့။
ဆင်ခြင်ရန်
- Church ဆိုသည်မှာ အဆောက်အအုံဖြစ်တယ် (သို့) လူမှုရေးလုပ်ဆောင်စရာ နေရာဖြစ်တယ်လို့ ဘာကြောင့်များ အလွယ်တကူ ရှုပ်ထွေးစေပါသနည်း။ အသင်းတော်သည် မှန်ကန်သော သဘောသဘာဝ ဖြစ်တယ်ဆိုတာကို သင့်ကိုယ်သင် မည်ကဲ့သို့ သတိပေးမည်နည်း။
-သင့်အသက်တာအတွက် အသင်းတော်ကမည်ကဲ့သို့သောအခန်းကဏ္ဍတွင် လုပ်ဆောင်မှုဖြစ်စေသနည်း။ သင့်ကိုသင် ဘုရားသခင်အသင်းတော်၏မိသားစုဝင်အဖြစ်ခေါ်တော်မူတယ်လို့ သင်ပြောလိုက်တဲ့အခါ မည်ကဲ့သို့သော စိတ်လှုပ်ရှား မှု အတွေ့အကြုံဖြစ်ခဲ့ပါသနည်း။
-အသင်းတော်မိစားစုဝင်အဖြစ် ပိုမိုပြည့်ဝစွာဖြင့် သင့်ကိုယ်သင်မည်ကဲ့သို့ ဝန်ခံနိုင်မည်နည်း။