Zawgyi Font
သခင္ခရစ္ေတာ္ႏွင့္တူဖို႔ရန္ သင္ ေခၚေတာ္မူျခင္းခံရသည္။
သခင္ခရစ္ေတာ္ႏွင့္တူဖို႔ရန္ သင္ ေခၚေတာ္မူျခင္းခံရသည္။
ေရာမ ၈:၂၉ “ဘုရားသခင္ကို ခ်စ္ေသာသူတည္းဟူေသာ ႀကံစည္ေတာ္မူျခင္းအတိုင္း ေခၚေတာ္မူေသာသူတို႔၏ အက်ိဳးကို ခပ္သိမ္းေသာအရာတို႔သည္ တညီတညြတ္တည္းျပဳၾကသည္ကို ငါတို႔သိၾက၏။”
ကၽြန္ုပ္တို႔လူအမ်ားစုသည္ ငယ္ရြယ္စဥ္ခါအခ်ိန္ေတြမွာ ႀကီးမားတဲ့ အိမ္မက္ေတြရွိခဲ့ၾကပါတယ္။ ႀကီးမားတဲ့တစ္စုံ တစ္ရာျဖစ္လာဖို႔အတြက္ အလိုရွိခဲ့ၾကပါတယ္။ ေဘ့စ္ေဘာအားကစားသမ်ား (သို႔) ဘဲေလးကေခ် သည္ (သို႔) သမၼတ ျဖစ္ေကာင္းျဖစ္မည္။
အမ်ားစု၏ အိမ္မက္ေတြက ယေန႔မွာ အေတာ္ကြာျခားေနတာကိုျမင္ရပါတယ္။ တကယ္ေတာ့ ေမၽွာ္လင့္ခ်က္ထားခဲ့တဲ့ အရာေတြျဖစ္မလာျခင္းအတြက္ သင္က်ရႈံးခဲ့တယ္လို႔ ထင္ေကာင္းထင္ေနပါမည္။ ဒါေပမဲ့ သင္သိထားသင့္တဲ့ အရာက သင့္ကို တစ္စုံတစ္ရာ အေရးပါမႈျဖစ္လာဖို႔ သင့္ကိုေခၚေတာ္မူျခင္းျဖစ္ပါတယ္။
ေရာမ ၈:၂၉ “ဘုရားသခင္ကို ခ်စ္ေသာသူတည္းဟူေသာ ႀကံစည္ေတာ္မူျခင္းအတိုင္း ေခၚေတာ္မူေသာသူတို႔၏ အက်ိဳးကို ခပ္သိမ္းေသာအရာတို႔သည္ တညီတညြတ္တည္းျပဳၾကသည္ကို ငါတို႔သိၾက၏။”
သခင္ခရစ္ေတာ္ႏွင့္တူဖို႔သင့္ကိုေခၚျခင္းက သင့္ကိုဘုရားႏွင့္တူလာဖို႔အဓိပၸါယ္မဟုတ္ပါ။ ဘုရား၏ေျခဖ်ားအစြမ္းေလး ေတာင္ ကၽြန္ုပ္တို႔ဘယ္ေတာ့မွ ျဖစ္မလာပါ။
ဒါေပမဲ့ဘုရားက သင့္ကို သူ႔နည္းတူ ဘုရားတရားကိုင္းရွိုင္းေသာသူျဖစ္ဖို႔ အလိုေတာ္ရွိပါတယ္။ သခင္ခရစ္ေတာ္၏ ထူးျခားေသာ္လကၡဏာေတြ (ခ်စ္ျခင္း ၊ ဝမ္းေျမာက္ျခင္း ၊ ၿငိမ္သက္ျခင္း ၊ သည္းခံျခင္း ၊ ၾကင္နာျခင္း ၊ ႏူးညံ့ျခင္းႏွင့္ မိမိကိုယ္ကို ထိန္းခ်ဳပ္ျခင္း) ကို ယူငင္ဝတ္ဆင္ဖို႔ ဘုရားအလိုေတာ္ရွိပါသည္။ ဤအရာေတြကို ဝိညာဥ္ေရးရာအသီး အေၾကာင္းအရာအျဖစ္ ဂလာတိ ၅:၂၂-၂၃ တြင္မွတ္မိေကာင္း မွတ္မိေနပါမည္။ “ဝိညာဥ္ပကတိ၏အက်ိဳးမူကား ခ်စ္ျခင္း၊ ဝမ္းေျမာက္ျခင္း ၊ ၿငိမ္သက္ျခင္း၊ စိတ္ရွည္ျခင္း ၊ ေက်းဇူးျပဳျခင္း ၊ ေကာင္းျမတ္ျခင္း ၊ သစၥာေစာင့္ျခင္း ၊ ႏူးညံ့သိမ္ေမြ႕ျခင္း၊ ကာမဂုဏ္ခ်ဳပ္တည္းျခင္းေပတည္း။”
အဲဒီႀကီးထြားမႈေတြက ညတြင္းခ်င္းျဖစ္လာနိုင္မည္လား။ လုံးဝမျဖစ္လာပါ။ အလြယ္တကူေကာ ျဖစ္လာမလား။ မျဖစ္ပါ။
ဒါေပမဲ့ သင္ရရွိပါလိမ့္မည္။
က်မ္းစာမွာ ကတိေပးထားတာက -ဖိလိပၸိ ၁:၆ “သင္တို႔တြင္ ေကာင္းေသာအမႈကို ျပဳစျပဳေတာ္မူေသာသူသည္ ေယရႈခရစ္၏ေန၌ရက္တိုင္ေအာင္ ၿပီးစီးလ်က္ျပဳေတာ္မူမည္ဟု . . . ။”
ေနာင္တစ္ခ်ိန္မွာ ဝိညာဥ္အသီးႏွင့္ပတ္သက္ၿပီး မည္မၽွေလာက္ထပ္သြားရအုံးမွာလဲဆိုၿပီး စိတ္ဓါတ္က်ေနခဲ့လၽွင္ ဤအရာကိုသတိရပါ . . . ဘုရားသခင္ သင့္အမႈ၌ မၿပီးျပတ္ေသးပါ၊ သင့္ကို သခင္ခရစ္ေတာ္ႏွင့္တူလာေစဖို႔ လုပ္ေဆာင္ေနလ်က္ပါ။
ဆင္ျခင္ရန္
-ကၽြန္ုပ္တို႔ကို သခင္ခရစ္ေတာ္ႏွင့္တူလာေစဖို႔အတြက္ ဘုရားယူေသာအခ်ိန္က ဘာေၾကာင့္မ်ား ၾကာရွည္ေနရ ပါသနည္း။
-ဂလာတိ ၅ မွာေဖာ္ျပထားတဲ့ ဝိညာဥ္အသီးအေၾကာင္းကိုဖတ္ၿပီး မည္ကဲ့သို႔ေသာအသီးက သင့္အတြက္ လက္ခံနိုင္ဖို႔ အခက္ခဲဆုံးျဖစ္ေနပါသနည္း။ ဘာေၾကာင့္နည္း။
-သင့္အသက္တာအားျဖင့္ တစ္ေန႔ေန႔မွာ ဘုရား၏ႀကီးမားတဲ့လုပ္ေဆာင္မႈၿပီးေျမာက္ဖို႔ရန္ျဖစ္တယ္ဆိုတာကို မည္ကဲ့သို႔ေသာကြဲျပား ျခားနားမႈေတြျဖင့္ သင့္ကိုသိေစပါသနည္း။
--------------------------------------------------------------------------------
Unicode:
--------------------------------------------------------------------------------
Unicode:
သခင်ခရစ်တော်နှင့်တူဖို့ရန် သင် ခေါ်တော်မူခြင်းခံရသည်။
ရောမ ၈:၂၉ “ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း
ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်းပြုကြသည်ကို ငါတို့သိကြ၏။”
ကျွန်ုပ်တို့လူအများစုသည်
ငယ်ရွယ်စဉ်ခါအချိန်တွေမှာ ကြီးမားတဲ့ အိမ်မက်တွေရှိခဲ့ကြပါတယ်။ ကြီးမားတဲ့တစ်စုံ တစ်ရာဖြစ်လာဖို့အတွက်
အလိုရှိခဲ့ကြပါတယ်။ ဘေ့စ်ဘောအားကစားသများ (သို့) ဘဲလေးကချေ သည် (သို့) သမ္မတ ဖြစ်ကောင်းဖြစ်မည်။
အများစု၏
အိမ်မက်တွေက ယနေ့မှာ အတော်ကွာခြားနေတာကိုမြင်ရပါတယ်။ တကယ်တော့ မျှော်လင့်ချက်ထားခဲ့တဲ့
အရာတွေဖြစ်မလာခြင်းအတွက် သင်ကျရှုံးခဲ့တယ်လို့ ထင်ကောင်းထင်နေပါမည်။ ဒါပေမဲ့ သင်သိထားသင့်တဲ့
အရာက သင့်ကို တစ်စုံတစ်ရာ အရေးပါမှုဖြစ်လာဖို့ သင့်ကိုခေါ်တော်မူခြင်းဖြစ်ပါတယ်။
ရောမ ၈:၂၉ “ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း
ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်းပြုကြသည်ကို ငါတို့သိကြ၏။”
သခင်ခရစ်တော်နှင့်တူဖို့သင့်ကိုခေါ်ခြင်းက သင့်ကိုဘုရားနှင့်တူလာဖို့အဓိပ္ပါယ်မဟုတ်ပါ။
ဘုရား၏ခြေဖျားအစွမ်းလေး တောင် ကျွန်ုပ်တို့ဘယ်တော့မှ ဖြစ်မလာပါ။
ဒါပေမဲ့ဘုရားက
သင့်ကို သူ့နည်းတူ ဘုရားတရားကိုင်းရှိုင်းသောသူဖြစ်ဖို့ အလိုတော်ရှိပါတယ်။ သခင်ခရစ်တော်၏
ထူးခြားသော်လက္ခဏာတွေ (ချစ်ခြင်း ၊ ဝမ်းမြောက်ခြင်း ၊ ငြိမ်သက်ခြင်း ၊ သည်းခံခြင်း
၊ ကြင်နာခြင်း ၊ နူးညံ့ခြင်းနှင့် မိမိကိုယ်ကို ထိန်းချုပ်ခြင်း) ကို ယူငင်ဝတ်ဆင်ဖို့
ဘုရားအလိုတော်ရှိပါသည်။ ဤအရာတွေကို ဝိညာဉ်ရေးရာအသီး အကြောင်းအရာအဖြစ် ဂလာတိ ၅:၂၂-၂၃ တွင်မှတ်မိကောင်း မှတ်မိနေပါမည်။ “ဝိညာဉ်ပကတိ၏အကျိုးမူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း ၊ ငြိမ်သက်ခြင်း၊
စိတ်ရှည်ခြင်း ၊ ကျေးဇူးပြုခြင်း ၊ ကောင်းမြတ်ခြင်း ၊ သစ္စာစောင့်ခြင်း ၊ နူးညံ့သိမ်မွေ့ခြင်း၊
ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။”
အဲဒီကြီးထွားမှုတွေက
ညတွင်းချင်းဖြစ်လာနိုင်မည်လား။ လုံးဝမဖြစ်လာပါ။ အလွယ်တကူကော ဖြစ်လာမလား။ မဖြစ်ပါ။
ဒါပေမဲ့
သင်ရရှိပါလိမ့်မည်။
ကျမ်းစာမှာ
ကတိပေးထားတာက -ဖိလိပ္ပိ ၁:၆ “သင်တို့တွင် ကောင်းသောအမှုကို
ပြုစပြုတော်မူသောသူသည် ယေရှုခရစ်၏နေ၌ရက်တိုင်အောင် ပြီးစီးလျက်ပြုတော်မူမည်ဟု . .
. ။”
နောင်တစ်ချိန်မှာ
ဝိညာဉ်အသီးနှင့်ပတ်သက်ပြီး မည်မျှလောက်ထပ်သွားရအုံးမှာလဲဆိုပြီး စိတ်ဓါတ်ကျနေခဲ့လျှင်
ဤအရာကိုသတိရပါ . . . ဘုရားသခင် သင့်အမှု၌ မပြီးပြတ်သေးပါ၊ သင့်ကို သခင်ခရစ်တော်နှင့်တူလာစေဖို့
လုပ်ဆောင်နေလျက်ပါ။
ဆင်ခြင်ရန်
-ကျွန်ုပ်တို့ကို
သခင်ခရစ်တော်နှင့်တူလာစေဖို့အတွက် ဘုရားယူသောအချိန်က ဘာကြောင့်များ ကြာရှည်နေရ ပါသနည်း။
-ဂလာတိ
၅ မှာဖော်ပြထားတဲ့ ဝိညာဉ်အသီးအကြောင်းကိုဖတ်ပြီး မည်ကဲ့သို့သောအသီးက သင့်အတွက် လက်ခံနိုင်ဖို့
အခက်ခဲဆုံးဖြစ်နေပါသနည်း။ ဘာကြောင့်နည်း။
-သင့်အသက်တာအားဖြင့်
တစ်နေ့နေ့မှာ ဘုရား၏ကြီးမားတဲ့လုပ်ဆောင်မှုပြီးမြောက်ဖို့ရန်ဖြစ်တယ်ဆိုတာကို မည်ကဲ့သို့သောကွဲပြား
ခြားနားမှုတွေဖြင့် သင့်ကိုသိစေပါသနည်း။