Zawgyi Font
ဆင်ခြင်ရန်
---------------------------------------------------------------------------------Unicode:
---------------------------------------------------------------------------------Unicode:
သင်၏နောက်ဆုံးသော
ကိုယ်ပိုင်လက္ခဏာ /အထောက်အထား သည် ဘုရားရှင်၏မိသားစုဝင်တွေမှ ဖြစ်လာသည်။
ဧဖက် ၂:၁၉ “ထို့ကြောင့် သင်တို့သည် တစ်ကျွန်းတစ်နိုင်ငံသားမဟုတ် ၊ ဧည့်သည်လည်းမဟုတ်၊
သန့်ရှင်းသူတို့၏ အမျိုးသားခြင်းဖြစ်ကြ၏။ ဘုရားသခင်အိမ်တော်သားလည်းဖြစ်ကြ၏။”
ကျွန်ုပ်တို့၏
အများစုသော ကိုယ်ပိုင်လက္ခဏာ/ အထောက်အထားတွေသည် ကျွန်ုပ်တို့ဆက်နွယ်နေမှုပေါ်မူ တည်နေပါသည်။
ကျွန်ုပ်သည် မြေးတစ်ယောက်ဖြစ်တယ် ။ သားတစ်ယောက်ဖြစ်တယ်။ ခင်ပွန်းတစ်ယောက် ဖြစ်တယ်။
အဖိုးတစ်ယောက်ဖြစ်တယ်။ အဖွဲ့ဝင်ဖြစ်တယ်။ အသင်းအဖွဲ့လေးမှာ အဖွဲ့ဝင်ဖြစ်တယ်။ ဘုန်းကြီးတစ်ပါး
ဖြစ်တယ်၊ ဝန်ထမ်းတစ်ီဥးဖြစ်တယ်။ အဲဒီအရာတွေအားလုံးကျွန်တော်ဖြစ်တယ်။ အဲဒီဆက်သွယ်မှုတွေက
ကျွန်ုပ်မည်သူဖြစ်တယ်ဆိုတာကို ရှာဖွေဖို့ကို ကူညီစေပါတယ်။
တခြားသူတွေနှင့်
ကျွန်ုပ်တို့မည်သို့ လူမှုဆက်သွယ်မှုပြုသည်ကို ကျွန်ုပ်တို့သိကြပါတယ်။ ကွာရှင်းမှုပြုပြီးသူတွေ
(သို့) ခင်ပွန်း/ဇနီးဆုံးသွားပြီးသူတွေ သိကြပါတယ်။ ဆက်ဆံရေးတွေ ရပ်တန့်သွားလျှင် လူတော်တော်များများက
သူတို့ကိုယ်သူတို့ အာရုံစိုက်မှုတွေမှာ ပြသနာတွေဖြင့် တွေ့ကြုံကြရပါတယ်။ သို့မဟုတ်
သူတို့၏ကိုယ်ပိုင်အထောက်အထားများဖြင့် ချည်နှောင်ခံခဲ့ရဖူးတဲ့အလုပ်ကနေ အထုတ်ခံလိုက်ရလျှင်
ကိုယ့်လက္ခဏာ အထောက်အထားပြန်လည်ရဖို့က အင်မတန်ခဲယဉ်းသွားပါမည်။
ဒါကြောင့်
ဘုရားသခင်က ကျွန်ုပ်တို့၏ကိုယ်ပိုင်လက္ခဏာကို ပေါင်းသင်းဆက်ဆံရေးတွေကနေ ပြန်လည်ရရှိ
ဖို့အတွက် အလိုတော်ရှိပါတယ်။ အဲဒီပေါင်းသင်းဆက်ဆံရေးသည် ဘယ်တော့မှ အဆုံးမသတ်တဲ့ ဘုရားနှင့်
သူ၏မိသားစုအဖွဲ့ဝင်တွေဖြစ်ပါတယ်။
ကျမ်းစာတွင်ဖော်ပြထားသည်မှာ
ဧဖက် ၂:၁၉ “ထို့ကြောင့် သင်တို့သည် တစ်ကျွန်းတစ်နိုင်ငံသားမဟုတ်
၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားခြင်းဖြစ်ကြ၏။ ဘုရားသခင်အိမ်တော်သားလည်းဖြစ်ကြ၏။”
ယခင်က
မည်သို့သော မိသားစုဝင်တွေကို ပိုင်ဆိုင်ခဲ့ခြင်းက ကိစ္စမရှိပါ။ သင်၏လက္ခဏာက အဲဒီကမလာပါ။
သင်၏လက္ခဏာက ဘုရား၏မိသားစုဝင်တွေနှင့်ပေါင်းသင်းမိတ်ဖွဲ့နေခြင်းနှင့်ဆိုင်ပါသည်။
တကယ်တမ်းမှာ
သင်၏ယခုရှိနေသော ခန္ဓာပိုင်းဆိုင်ရာဆက်နွယ်နေတဲ့ မိသားစုဝင်တွေက ဘုရား၏မိသားစုဝင် တွေထဲသို့
ပါဝင်စေဖို့အတွက် လမ်းကြောင်းတခုဖြစ်ပါတယ်။ သင်၏မိဘတွေက ဆိုးသောသူတွေဖြစ်စေ (သို့)
ကောင်းသောသူတွေဖြစ်စေ သင့်ကို လောကသို့ပို့ဆောင်ဖို့ရန် ဘုရားက သူတို့တွေကို အသုံးပြပါတယ်။
ဒါပေမဲ့ သင့်ကို အဲဒီမိသားစုဝင်မှာ ထားရှိဖို့သည် ဘုရား၏စစ်မှန်သော ပန်းတိုင်မဟုတ်ပါ။
သူ၏ မိသားစုအသင်းတော်ကြီးထဲ သွင်းဖို့ရန်ဖြစ်ပါတယ်။
သင်၏
ခန္ဓာပိုင်းဆိုင်ရာ မိသားစုတွေထက် ဝိညာဉ်ရေးရာဆိုင်ရာ မိသားစုဝင်တွေက တကယ်တမ်းပို အရေးကြီးပါတယ်။
ခန္ဓာပိုင်းဆိုင်ရာ မိသားစုတွေက အဆုံးတိုင်မတည်မြဲတဲ့အရာတွေဖြစ်ပါတယ်။ လူသားတွေ ကြီးထွားလာကြတယ်။
ရွေ့ပြောင်းသွားကြတယ်။ ကွားရှင်းသွားကြတယ်။ ဆုံးပါးသွားကြတယ်။
ဝိညာဉ်ရေးရာဆိုင်ရာ
မိသားစုဝင်တွေက အမြဲတမ်းရှင်သန်နေပါတယ်။ အဲဒီအပေါ်မှာ သင်၏လက္ခဏာတည်လျှင် ထာ၀စဉ်ရှင်သန်သွားမည်ဖြစ်သည်။
ဆင်ခြင်ရန်
-သင့်အသက်တာတွင်
ပေါင်းသင်းဆက်ဆံမှုတစ်ခုဆုံးရှုံးသွားတဲ့အခါ သင်၏ကိုယ်ပိုင်လက္ခဏာပိုင်းဆိုင်ရာ နားလည်ခံယူထားမှုအပေါ်
မည်ကဲ့သို့ သက်ရောက်မှုဖြစ်စတယ်ဆိုတာကို စဉ်းစားနိုင်ပါသလား။ မည်ကဲ့သို့သောပုံစံ ဖြစ်နေသနည်း။
-
သင့်အသက်တာကို တည်မြဲသောအရာ၊ အရေးကြီးသောအရာ တွေကို အဓိကထားပြီး မြုပ်နှံနိုင်ဖို့ရန်
မည်သို့သောနည်းလမ်းတွေရှိပါသနည်း။
-ဘုရားသခင်၏
မိသားစုအသင်းတော်ကြီးတွင် မိမိကိုယ်ကို ပါဝင်ဆက်သွယ်ခြင်းက သင်၏ကိုယ်ပိုင်လက္ခဏာကို
မည်ကဲ့သို့ ပိုမိုကောင်းမွန်စွာ နားလည်စေပါသနည်း။