Your Greatest Dream Is Still Possible
Zawgyi Font
ဆင်ခြင်ရန်
---------------------------------------------------------------------------------
သင်၏အကြီးမားဆုံးသောအိမ်မက်က ဖြစ်နိုင်ချေရှိစဲပါ။
ရှင်ယောဟန်ဩဝါဒစာပဌမစောင် ၄:၁၈ “ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်းသံ‌ဝေဂနှင့်မပေါင်းနိုင်ရာ။ သံ‌ဝေဂ သည် ပူပန်ခြင်း‌ဝေဒနာကို ဖြစ်စေသောကြောင့် ၊ စုံလင်သောမေတ္တာသည် သံ‌ဝေဂကို ဖယ်ရှားတတ်၏။ သံ‌ဝေဂ ရှိသောသူ သည် မေတ္တာနှင့် မပြည့်စုံသေး။”
သင်ယခု နားလည်နိုင်စွမ်းထက် ပိုတဲ့ စွမ်းဆောင်နိုင်မှုတွေရှိပါတယ်။ သင့်ကိုယုံကြည်နိုင်သောသူ တစ်စုံတစ်ယောက် ကို သာလိုအပ်ပါမည်။
သင့်အတွက် သတင်းကောင်းကျွန်ုပ်မှာရှိပါတယ်။ တစ်စုံတစ်ယောက်က ပြုခဲ့ပြီးဖြစ်တယ်။
လူတစ်ယောက်က သင့်ကို ဘယ်လိုအခြေအနေမှာမဆို အကြွင်းမဲ့ ယုံကြည်ခြင်းက၊ ကြီးမားတဲ့အရဲစွန့်မှုကနေ သင့်ကို လွှတ်ငြိမ်းစေပါတယ်။ သင့်အသက်တာ၌ မပြည့်စုံတဲ့အိမ်မက်တွေရှိခြင်းက သေခြင်းတရားနောက်က ဆက်သွားရမည့် အကြောင်းတရားတွေကို ကြောက်ရွံ့နေခဲ့ခြင်းဖြစ်တယ်။ “ဘုရားသခင်သည် သင့်ကို ခြွင်းချက်မရှိချစ်တော် မူ၏” ဆိုတဲ့အမှန်တရားကို အမှန်တကယ်ပင် သဘောမပေါက်ပါလျှင် မပြည့်စုံ ၊ မပြည့်၀တဲ့အိမ်မက်တွေဖြင့်သာ သင်သေ သွားပါလိမ့်မည်။
သင်က မည်သို့သောပုဂ္ဂိုလ်ဖြစ်ဖြစ် ၊ အတိတ်မှာဘာကိုဘဲလုပ်ခဲ့လုပ်ခဲ့ အရေးကိစ္စမရှိပါ။ သင့်ကိုယ်သင် ယုံကြည် နေတာထက်ကို ဘုရားသခင်က သင့်ကိုပိုပြီးများစွာယုံကြည်မှုရှိပါတယ်။ အဓိပ္ပါယ်က ကြောက်ရွံ့ခြင်းက သင့်ကိုဘယ် လောက်မျှ ရပ်တန့်ပစ်လို့မရပါ။
သမ္မာကျမ်းစာမှာဖော်ပြထားသည်မှာ . . . ရှင်ယောဟန်ဩဝါဒစာပဌမစောင် ၄:၁၈ “ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်းသံဝေဂနှင့်မပေါင်းနိုင်ရာ။ သံ‌ဝေဂ သည် ပူပန်ခြင်း‌ဝေဒနာကို ဖြစ်စေသောကြောင့် ၊ စုံလင်သောမေတ္တာသည် သံ‌ဝေဂကို ဖယ်ရှားတတ်၏။ သံ‌ဝေဂ ရှိသောသူသည် မေတ္တာနှင့် မပြည့်စုံသေး။”
အဲဒီကြောက်ရွံ့ခြင်းကို မှုတ်ထုတ်လိုက်တယ်လို့ တွေးပါ။ သင့်အိမ်မက်ထဲကနေ အခိုးထွက်သလို လွင့်ပစ်ဖို့အဆင် သင့်ဖြစ်စေပါ။ နောက်တဖန်အတိုက်အခံတွေကို ရင်ဆိုင်ဖို့ရန် မကြောက်နှင့်လို့ ဘုရား၏ချစ်ခြင်းမေတ္တာတွေက ပြောနေပါတယ်။
ကျွန်ုပ် ခုနစ်တန်းတက်ခဲ့တဲ့အချိန်တုန်းက ကျွန်ုပ်တို့မိသားစုတွေသည် အနီရောင်သစ်ထွက်ဒေသာဖြစ်တဲ့ မြောက်ကယ်လီဖိုးနီးယားမှာ နေထိုင်ခဲ့ကြပါတယ်။ ကျွန်ုပ်တို့ ကျောင်းက “အလုပ်ရုံသင်ခန်းစာ” အချိန်မှာ ကျောင်းသားတိုင်းက တစ်ခုခုကိုလုပ်ဆောင်ဖို့အကြံပြုချက်လုပ်ကြတယ်။ ကျွန်တော်ကတော့ အမေနှင့်အဖေအတွက် အနီရောင်သစ်သားဖြင့် စားပွဲခုံကလေးတစ်ခုကို လုပ်ပေးချင်နေတယ်။ ကံမကောင်းစွာ ၊ ကျွန်တော့မှာ အနုပညာဖန်တီးခြင်း (သို့) လက်မှုပညာပြုလုပ်ခြင်းတွေမှာ သုညအရည်အချင်းပဲ ရှိပါတယ်။ အိမ်က ကားဂိုဒေါင်မှာ အဲဒီစားပွဲခုံအတွက် အချိန် ခြောက်လလုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ ရှုပ်ပွနေခဲ့ပါတယ်။
တစ်နေ့မှာ ကားဂိုဒေါင်မှ ကျွန်တော့၏ငိုကြွေးသံကိုအဖေကြားခဲ့တယ်။ ဒီရှုပ်ပွနေတဲ့အရာတွေကို လုပ်ထားပါတယ်လို့ အဖေ့ကို ပြောခဲ့တယ်။ ကျွန်တော်ဒီစားပွဲအတွက် အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ခဲ့ပေမဲ့ တော်တော်ကို ဆိုးဝါးခဲ့ ပါတယ်။
အဖေပြောခဲ့တဲ့စကားကို ဘယ်တော့မှမမေ့နိုင်ခဲ့ပါဘူး။ “သား …အဆင်ပြေပါတယ်၊ အဖေတို့တွေ ပြန်စတင်လုပ် ကြမယ်၊ အဖေကူညီမှာပေါ့။”
ကျွန်တော့အဖေသည် လက်သမားဆရာတစ်ဆူဖြစ်ပါတယ်။ အဖေကူညီမယ်ဆိုကတည်းက အောင်မြင်မယ်ဆိုတာကို သိနေပါပြီ။
သင်၏ကောင်းကင်ဘုံဖေဖေက ယနေ့သင့်ကိုအဲဒီအကြောင်းပြောနေပါတယ်။ သင့်မှာ ရှုပ်ထွေးမှုတွေရှိနေနိုင်မယ်။ အိမ်မက်တွေသေပြီလို့ ထင်နေမယ်။ ဒါပေမဲ့ ဘုရားက သင့်ကို ယနေပြောနေတာက “အဆင်ပြေပါတယ်၊ ပြန်စတင်ကြမယ်။ ဒီအချိန်မှာ သင့်ကိုငါကူညီမည်။”
ဘုရားက ကူညီမယ်လို့ဆိုတဲ့ခါ ဘယ်အရာကိုမဆို သင်လုပ်နိုင်ပြီပေါ့။
ဆင်ခြင်ရန်
-သင်မလုပ်နိုင်ဘူးလို့ထင်နေတဲ့ တစ်စုံတစ်ခုသောအရာကို ဖြစ်မြောက်ဖို့ရန် သင့်ကိုယုံကြည်ပြီးကူညီမည့် တခြားတစ် ယောက်က မည်ကဲ့သို့ဖြစ်မည်နည်း။
-ဘုရား၏ခေါ်တော်မူခြင်းကို သင်လက်ကိုင်ပြုတဲ့အတိုင်း ဘုရားသခင်သင့်ကို ယုံကြည်တယ် ၊ အသုံးပြုတယ် ဆိုတာကို မည်ကဲ့သို့ သဘောပေါက်နားလည်ပါသနည်း။
-သင့်အိမ်မက်ကိုလက်လျော့လိုက်တယ်ဆိုလျှင် အဲဒီအိမ်မက်အတွက် ဘုရားကူညီမှုရဖို့ မည်ကဲ့သို့ဖိတ်ခေါ်မည်နည်း။