Your Calling and Community Go Together
Zawgyi Font
ဆင်ခြင်ရန်
------------------------------------------------------------------------------
Unicode:
ခေါ်တော်မူခြင်းနှင့် လူအဖွဲ့အစည်း တွေက အတူတကွပေါင်းစည်းပြီးသွားကြတယ်။
ဟေဗြဲ ၃:၁ “ထိုသို့ဖြစ်လျှင် ကောင်းကင်ဘုံနှင့်စပ်ဆိုင်သော ခေါ်ဘိတ်တော်မူခြင်းကျေးဇူးကို ခံရသောသူ၊ သန့်ရှင်းသော ညီအစ်ကိုတို့၊ ငါတို့၀န်ခံသော တမန်တော်နှင့် ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှု၏ အကြောင်းကို စေ့စေ့ဆင်ခြင်ကြလော့။”
ဘုရားသခင်၏ခေါ်တော်မူသော အသက်တာသည် သင့်အကြံအစည်ဖြင့် မပြည့်၀စေနိုင်ပါ။ ဖြစ်လည်းမဖြစ်နိုင်ခြင်းက ခေါ်တော်မူခြင်းသည် လူ့အဖွဲ့အစည်းနှင့်အတူတကွပေါင်းစည်းနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
ဒါသည် သင်၏ခန္ဓာအစိတ်အပိုင်းများနှင့်ပုံစံတူပါတယ်။ အဲဒီအစိတ်အပိုင်းကလေးတွေ ပူးပေါင်းထားခြင်းမရှိဘူး ဆိုလျှင် တန်ဖိုးမဲ့ကြပါတယ်။ သင်၌ အလွန်းထူးခြားတဲ့ မျက်ဆန်ကိုရထားကောင်းရထားပါမည်။ အလင်းကိုသယ် ဆောင်ပြီး အဲဒီအလင်းအားဖြင့် ဉီးနှောက်သို့ပို့ဆောင်ပြီး မြင်နိုင်စွမ်းကို ပေးပါတယ်။ ဒါပေမဲ့ အဲဒီမျက်ဆန်က သင်၏ခန္ဓာနှင့် မချိတ်ဆက်ထားလျှင် တန်ဖိုးမဲ့သွားပါမည်။ ဘာကြောင့်လဲဆိုတော့ ချိတ်ဆက်မှု မရှိလျှင် သင်ဘာမှ မြင်နိုင်မည်မဟုတ်ပါ။
သင်၌ ဘုရားဆီမှ အံ့ဩဖွယ်နားကို ရရှိပါမည်။ အသံလှိုင်းတွေကို သယ်ဆောင်နိုင်ပြီး ကြွက်သားအာရုံကြောကနေ ဉီး‌နှေှာက်ဆီသို့ ၊ ထို့နောက် အနီးဝန်းကျင်က အဖြစ်အပျက်တွေကို ကြားနိုင်စေသည်။ ဒါပေမဲ့ အဲဒီနားက သင်၏ခန္ဓာနှင့် မဆက်သွယ်ပါလျှင် တန်ဖိုးမဲ့ပါတယ်။
ဤနည်းလည်းကောင်းပင် ၊ သင်၏ခေါ်တော်မူခြင်းကို ပြည့်စုံစေနိုင်ဖို့ရန် သခင်ခရစ်တော်၏ ခန္ဓာနှင့်ဆက်သွယ် သင့်သည်။
သမ္မာကျမ်းစာမှာပြောထားတာက -ဧဖက် ၄:၄ “သင်တို့ကို ခေါ်တော်မူခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းတပါးထဲသို့ ခေါ်သွင်းတော်မူသည်နှင့်အညီ ၊ ကိုယ်တစ်ကိုယ် ၊ ဝိညာဉ်တစ်ဝိညာဉ်တည်းရှိ၏။”
တခြားသူများနှင့်အတူ သင်လုပ်ဆောင်နေသောနေရာ ၊ အဖွဲ့အစည်းတစ်ခုတည်းတွင် တစ်ယောက်နှင့်တစ်ယောက် အထောက်အမဖြစ်ခြင်းဖြင့် သင်၏ခေါ်တော်မူခြင်းဆိုရာပြည့်ဝဖို့ရန် သင့်ကို ဘုရားက ဖန်ဆင်းခံခဲ့ပါတယ်။ ခန္ဓာကိုယ် တစ်ခုလုံးကို အထောက်အမဖြစ်စေဖို့ မျက်လုံးနှင့် နားတို့၏အတူတကွလုပ်ဆောင်မှုတွေကို စဉ်းစားကြည့်ပါ။ ဤနည်း အတိုင်းပင် ယုံကြည်သူတွေသည် “ကောင်းကင်ဘုံနှင့်စပ်ဆိုင်သော ခေါ်ဘိတ်တော်မူခြင်းကျေးဇူးကို ခံရသောသူ၊ သန့်ရှင်းသော ညီအစ်ကို”တွေဖြစ်ကြပါတယ်။
ဟေဗြဲ ၃:၁ “ထိုသို့ဖြစ်လျှင် ကောင်းကင်ဘုံနှင့်စပ်ဆိုင်သော ခေါ်ဘိတ်တော်မူခြင်းကျေးဇူးကို ခံရသောသူ၊ သန့်ရှင်းသော ညီအစ်ကိုတို့၊ ငါတို့၀န်ခံသော တမန်တော်နှင့် ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှု၏ အကြောင်းကို စေ့စေ့ဆင်ခြင်ကြလော့။”
ဤတစ်ပတ်မှာ သင်ဘုရားကျောင်းကို ရောက်ပါလျှင် သင်၏၀◌န်းကျင်ကိုကြည့်လိုက်ပါ။ သင်ကြည့်နေသော ဤလူတွေသည် သင့်အသက်တာအတွက် ခေါ်တော်မူခြင်းဆိုင်ရာ သန့်ရှင်းသော ညီအစ်ကို/မောင်နှမတွေ ဖြစ်ကြပါ တယ်။ သူတို့ကို သင်လိုအပ်သလို၊ သင့်ကိုလည်း သူတို့လိုအပ်ပါမည်။
သူတို့မပါလျှင် သင့်အတွက် ဘုရား၏ခေါ်တော်မူခြင်းက မပြည့်စုံနိုင်ပါ။
ဆင်ခြင်ရန်
-သင်၏ခေါ်တော်မူခြင်းပြည့်စုံဖို့ရန် တခြားသူတွေက သင့်ကို မည်ကဲ့သို့အကူအညီဖြစ်စေသနည်း။
-တစ်စုံတစ်ဉီး၏အကူအညီမပါဘဲ သင်၏ခေါ်တော်မူခြင်းပြည့်စုံဖို့အတွက်ကြိုးစားမှုက မည်ကဲ့သို့အောင်မြင်ပါ သနည်း။
- သူတစ်ပါးတို့ကိုလည်း သူတို့၏ခေါ်တော်မူခြင်းအတွက် မည်ကဲ့သို့ သင်အကူအညီပေးနိုင်မည်နည်း။