Zawgyi Font
သင္၌ အသင္းေတာ္မိသားစုဝင္ေတြ၏ ေထာက္ပံ့မႈ လိုအပ္သည္။
သင္၌ အသင္းေတာ္မိသားစုဝင္ေတြ၏ ေထာက္ပံ့မႈ လိုအပ္သည္။
ေရာမ ၁း၁၂ “ထိုသို႔ဆိုေသာ္ ငါႏွင့္သင္တို႔သည္ ယုံၾကည္ေသာအားျဖင့္ အခ်င္းခ်င္း အားရသက္သာျခင္းသို႔ ေရာက္ၾကမည္အေၾကာင္းကို ဆိုလိုသတည္း။”
ဘုရား၏မိသားစုအသင္းေတာ္တြင္ သင္ပါဝင္ျခင္းျဖင့္ အသက္တာ အတက္အက်ေတြကို သင္အႀကံအစည္ျဖင့္ ျဖတ္သန္းသြားစရာမလိုေတာ့ပါ။ သမၼာက်မ္းစာထဲတြင္ေဖာ္ျပထားသည္မွာ အေဆာက္အအုံသည္ အသင္းေတာ္၏ အဓိကအစိတ္အပိုင္းျဖစ္ၿပီး ပါဝင္ပတ္သက္ဆက္ႏြယ္ေသာသူေတြက ဤအသင္းေတာ္ႀကီးမွာ ေပါင္းစည္းမႈကို ျဖစ္ေစၿပီး အေထာက္အပံ့ေတြကို ျဖစ္ေစပါတယ္။
သင့္လက္ကိုဆုပ္ကိုင္မည့္သူေတြကို လိုအပ္လာမည့္အခ်ိန္ေတြ သင္၌ရွိပါမည္။ အဲဒီအခ်ိန္ေတြမွာ ဘုရားမိသားစုဝင္ ေတြႏွင့္ တစ္စိတ္တစ္ေဒသပါဝင္ထားျခင္းမရွိပါလၽွင္ သင္ၿပိဳလဲက်ရႈံးသြားပါမည္။
ဧဖက္ဩဝါဒစာ ၂း၂၁-၂၂ “ထိုတိုက္ေထာင့္ အျမစ္ေက်ာက္ကား ေယရႈခရစ္ျဖစ္သတည္း။ ထိုေက်ာက္ႏွင့္တစ္တိုက္ လုံးသည္ ေစ့စပ္၍ႀကီးပြားသျဖင့္ ၊ ဘုရားသခင္အဘို႔အလို႔ငွါ သန႔္ရွင္းေသာဗိမာန္ေတာ္ျဖစ္ ၏။ ထိုဗိမာန္ေတာ္ ၌လည္း ဘုရားသခင္သည္ ဝိညာဥ္ေတာ္အားျဖင့္ က်ိန္းဝပ္ေတာ္မူျခင္းအလို႔ငွါ သင္တို႔သည္ သင္တို႔ႏွင့္အတူ တည္ေဆာက္လ်က္ရွိၾက၏။”
ကၽြန္ုပ္တို႔အတူတကြ ဘုရား၏ဗိမာန္ေတာ္ -အေဆာက္အအုံကို တည္ေစၾကတယ္။ ဆက္သြယ္မႈမရွိတဲ့ေဘာင္မွာ အေထာက္အပံ့ေတြ ၊ တည္ၿငိမ္မႈေတြ ၊ ခြန္အားေတြမရွိပါ။ အဲဒီခြန္အားေတြကို သင္လိုအပ္တယ္။ အသက္တာကို ဆက္သြယ္မႈျပတ္ေတာက္စြာ ဆက္သြားဖို႔ သင့္ကိုမျဖစ္ေစခ်င္ပါ။
ေရာင္စုံပလတ္စတစ္တုံးေလးမ်ားျဖင့္ အိမ္၊တံတား၊မီးရထား စသည္မ်ားျဖင့္ ကၽြန္ုပ္၏ ေျမးမ်ားျဖင့္ေဆာ့ျခင္းကို ကၽြန္ုပ္ႏွစ္သက္ပါ၏။ အဲဒီေဆာ့နည္းမွာ ရည္ရြယ္ခ်က္တစ္ခုရွိတယ္။ ဆက္သြယ္မႈျပဳဖို႔ ပုံစံတက်ဖန္တီးထားတယ္။ အဲဒီအတုံးကေလးမ်ားကို ဆက္သြယ္လိုက္တာနဲ႔ ေကာင္းမြန္တဲ့ဘယ္ကဲ့သို႔ပုံစံျဖစ္ျဖစ္ တည္ေဆာက္နိုင္တယ္။ ဒါေပမဲ့ ဆက္သြယ္မႈမလုပ္ပါလၽွင္ အဲဒီပလတ္စတစ္အတုံးေလးေတြသည္ တန္ဖိုးမဲ့တဲ့အရာေတြ အျဖစ္တည္ရွိေန ပါမည္။
သင္သည္လည္း ဘုရားသခင္၏ ထိုကဲ့သိုေသာ ပလတ္စတစ္တုံးကေလးပင္ျဖစ္တယ္။ ဆက္သြယ္မႈျပဳဖို႔ ဖန္တီးထားတယ္။ တစ္ဉီးကိုတစ္ဉီးလက္တြဲၿပီး ဘုရားသခင္၌တည္ေသာအေဆာက္အအုံထဲတြင္ ရွိေနဖို႔ရန္ ျဖစ္တယ္။
ေရာမ ၁း၁၂ “ထိုသို႔ဆိုေသာ္ ငါႏွင့္သင္တို႔သည္ ယုံၾကည္ေသာအားျဖင့္ အခ်င္းခ်င္း အားရသက္သာျခင္းသို႔ ေရာက္ၾကမည္အေၾကာင္းကို ဆိုလိုသတည္း။”
ဘာေၾကာင့္ ဤကိစၥက ျဖစ္သနည္း။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ုပ္တို႔လူမႈအဖြဲ႕အစည္းမွာ ယေန႔တြင္ တစ္ခုေသာ ျပန႔္ပြားမႈက အထီးက်န္ဆန္ျခင္းျဖစ္တယ္။ လူေထာင္ေပါင္းမ်ားစြာႏွင့္ ကၽြန္ုပ္စကားေျပာပါတယ္။ ကမၻာေပၚမွာ အထီးက်န္ျဖစ္ေနတဲ့သူေတြ မ်ားေနတယ္ဆိုတာကို ေတြ႕ရွိရပါတယ္။ သူတို႔ေတြ အထီးက်န္ေနတယ္ ၊ ဆက္သြယ္မႈျပတ္ေနတယ္ လို႔ ခံစားေနၾကရတယ္။
အသင္းေတာ္ကို ကၽြန္ုပ္တို႔လိုအပ္တယ္။ ကၽြန္ုပ္တို႔ဘ၀မွာ မည္သို႔ပင္ျဖစ္သန္းသြားရေပမဲ့လည္း ကၽြန္ုပ္တို႔ကို ခ်စ္ၿပီး အေထာက္အမျဖစ္ေစနိုင္တဲ့ လူေတြကို လိုအပ္ပါတယ္။
ဆင္ျခင္ရန္
-အသင္းေတာ္တြင္းရွိလူေတြ သင့္ကိုမည္ကဲ့သို႔ အေထာက္အမ ျဖစ္ေစပါသနည္း။
-အသင္းေတာ္မိသားစု၏အေထာက္အမတြင္ တစ္ခါတစ္ရံ ဘာေၾကာင့္မ်ား ခက္ခဲေနပါသနည္း။ အဲဒီလို ခက္ခဲမႈမ်ိဳး သင္ၾကဳံေတြ႕ခဲ့ရဖူးပါသလား။
-ဤတစ္ပတ္မွာ သင္ေကာ တျခားယုံၾကည္သူေတြအတြက္ ပိုမိုေကာင္းမြန္တဲ့ ပံ့ပိုးမႈေတြ မည္ကဲ့သို႔ေပးနိုင္ ပါမည္ နည္း။
--------------------------------------------------------------------------------
Unicode:
--------------------------------------------------------------------------------
Unicode:
သင်၌ အသင်းတော်မိသားစုဝင်တွေ၏ ထောက်ပံ့မှု လိုအပ်သည်။
ရောမ ၁:၁၂ “ထိုသို့ဆိုသော် ငါနှင့်သင်တို့သည် ယုံကြည်သောအားဖြင့် အချင်းချင်း
အားရသက်သာခြင်းသို့ ရောက်ကြမည်အကြောင်းကို ဆိုလိုသတည်း။”
ဘုရား၏မိသားစုအသင်းတော်တွင်
သင်ပါဝင်ခြင်းဖြင့် အသက်တာ အတက်အကျတွေကို သင်အကြံအစည်ဖြင့် ဖြတ်သန်းသွားစရာမလိုတော့ပါ။
သမ္မာကျမ်းစာထဲတွင်ဖော်ပြထားသည်မှာ အဆောက်အအုံသည် အသင်းတော်၏ အဓိကအစိတ်အပိုင်းဖြစ်ပြီး
ပါဝင်ပတ်သက်ဆက်နွယ်သောသူတွေက ဤအသင်းတော်ကြီးမှာ ပေါင်းစည်းမှုကို ဖြစ်စေပြီး အထောက်အပံ့တွေကို
ဖြစ်စေပါတယ်။
သင့်လက်ကိုဆုပ်ကိုင်မည့်သူတွေကို
လိုအပ်လာမည့်အချိန်တွေ သင်၌ရှိပါမည်။ အဲဒီအချိန်တွေမှာ ဘုရားမိသားစုဝင် တွေနှင့် တစ်စိတ်တစ်ဒေသပါဝင်ထားခြင်းမရှိပါလျှင်
သင်ပြိုလဲကျရှုံးသွားပါမည်။
ဧဖက်ဩဝါဒစာ ၂း၂၁-၂၂ “ထိုတိုက်ထောင့် အမြစ်ကျောက်ကား ယေရှုခရစ်ဖြစ်သတည်း။
ထိုကျောက်နှင့်တစ်တိုက် လုံးသည် စေ့စပ်၍ကြီးပွားသဖြင့် ၊ ဘုရားသခင်အဘို့အလို့ငှါ သန့်ရှင်းသောဗိမာန်တော်ြဖစ်
၏။ ထိုဗိမာန်တော် ၌လည်း ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တော်မူခြင်းအလို့ငှါ
သင်တို့သည် သင်တို့နှင့်အတူ တည်ဆောက်လျက်ရှိကြ၏။”
ကျွန်ုပ်တို့အတူတကွ
ဘုရား၏ဗိမာန်တော် -အဆောက်အအုံကို တည်စေကြတယ်။ ဆက်သွယ်မှုမရှိတဲ့ဘောင်မှာ အထောက်အပံ့တွေ
၊ တည်ငြိမ်မှုတွေ ၊ ခွန်အားတွေမရှိပါ။ အဲဒီခွန်အားတွေကို သင်လိုအပ်တယ်။ အသက်တာကို ဆက်သွယ်မှုပြတ်တောက်စွာ
ဆက်သွားဖို့ သင့်ကိုမဖြစ်စေချင်ပါ။
ရောင်စုံပလတ်စတစ်တုံးလေးများဖြင့် အိမ်၊တံတား၊မီးရထား စသည်များဖြင့်
ကျွန်ုပ်၏ မြေးများဖြင့်ဆော့ခြင်းကို ကျွန်ုပ်နှစ်သက်ပါ၏။ အဲဒီဆော့နည်းမှာ ရည်ရွယ်ချက်တစ်ခုရှိတယ်။
ဆက်သွယ်မှုပြုဖို့ ပုံစံတကျဖန်တီးထားတယ်။ အဲဒီအတုံးကလေးများကို ဆက်သွယ်လိုက်တာနဲ့ ကောင်းမွန်တဲ့ဘယ်ကဲ့သို့ပုံစံဖြစ်ဖြစ်
တည်ဆောက်နိုင်တယ်။ ဒါပေမဲ့ ဆက်သွယ်မှုမလုပ်ပါလျှင် အဲဒီပလတ်စတစ်အတုံးလေးတွေသည် တန်ဖိုးမဲ့တဲ့အရာတွေ
အဖြစ်တည်ရှိနေ ပါမည်။
သင်သည်လည်း ဘုရားသခင်၏ ထိုကဲ့သိုသော ပလတ်စတစ်တုံးကလေးပင်ဖြစ်တယ်။ ဆက်သွယ်မှုပြုဖို့
ဖန်တီးထားတယ်။ တစ်ဉီးကိုတစ်ဉီးလက်တွဲပြီး ဘုရားသခင်၌တည်သောအဆောက်အအုံထဲတွင် ရှိနေဖို့ရန်
ဖြစ်တယ်။
ရောမ ၁:၁၂ “ထိုသို့ဆိုသော် ငါနှင့်သင်တို့သည် ယုံကြည်သောအားဖြင့် အချင်းချင်း
အားရသက်သာခြင်းသို့ ရောက်ကြမည်အကြောင်းကို ဆိုလိုသတည်း။”
ဘာကြောင့်
ဤကိစ္စက ဖြစ်သနည်း။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့လူမှုအဖွဲ့အစည်းမှာ ယနေ့တွင် တစ်ခုသော
ပြန့်ပွားမှုက အထီးကျန်ဆန်ခြင်းဖြစ်တယ်။ လူထောင်ပေါင်းများစွာနှင့် ကျွန်ုပ်စကားပြောပါတယ်။
ကမ္ဘာပေါ်မှာ အထီးကျန်ဖြစ်နေတဲ့သူတွေ များနေတယ်ဆိုတာကို တွေ့ရှိရပါတယ်။ သူတို့တွေ အထီးကျန်နေတယ်
၊ ဆက်သွယ်မှုပြတ်နေတယ် လို့ ခံစားနေကြရတယ်။
အသင်းတော်ကို
ကျွန်ုပ်တို့လိုအပ်တယ်။ ကျွန်ုပ်တို့ဘ၀မှာ မည်သို့ပင်ဖြစ်သန်းသွားရပေမဲ့လည်း ကျွန်ုပ်တို့ကို
ချစ်ပြီး အထောက်အမဖြစ်စေနိုင်တဲ့ လူတွေကို လိုအပ်ပါတယ်။
ဆင်ခြင်ရန်
-အသင်းတော်တွင်းရှိလူတွေ
သင့်ကိုမည်ကဲ့သို့ အထောက်အမ ဖြစ်စေပါသနည်း။
-အသင်းတော်မိသားစု၏အထောက်အမတွင်
တစ်ခါတစ်ရံ ဘာကြောင့်များ ခက်ခဲနေပါသနည်း။ အဲဒီလို ခက်ခဲမှုမျိုး သင်ကြုံတွေ့ခဲ့ရဖူးပါသလား။
-ဤတစ်ပတ်မှာ
သင်ကော တခြားယုံကြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ပံ့ပိုးမှုတွေ မည်ကဲ့သို့ပေးနိုင်
ပါမည် နည်း။