Why We Pray, “Your Will Be Done”

Zawgyi Font
“အလိုေတာ္သည္ ျပည့္စုံပါေစေသာ” လို႔ဘာေၾကာင့္ဆုေတာင္းပါသနည္း။
မႆဲ ၆:၁၀ “နိုင္ငံေတာ္တည္ေထာင္ပါေစေသာ။ အလိုေတာ္သည္ ေကာင္းကင္ဘုံ၌ ျပည့္စုံသကဲ့သို႔ ေျမႀကီးေပၚမွာ ျပည့္စုံပါေစေသာ။”

ဆုေတာင္းခ်ိန္တိုင္းမွာ မိမိအ သက္တာအလုံးစုံကို ဘုရားရွင္ထံအပ္ႏွံလိုက္တဲ့အခ်ိန္သည္ ဘုရားကို ၀◌တ္ျပဳျခင္းပင္ ျဖစ္ပါတယ္။ ကၽြန္ုပ္တို႔ဆုေတာင္းခ်ိန္ေတြမွာ မိမိကိုယ္ကို ဘုရားအလိုေတာ္၀န္ခံသင့္ေၾကာင္းကို သခင္ခရစ္ေတာ္သြန္ သင္ထားပါတယ္။

ဘုရား၌ သင့္အသက္တာအတြက္ တိက်တဲ့အလိုေတာ္ရွိပါတယ္။ ေရာမ ၁၂:၂ “ သင္တို႔သည္ ေလာကီသ႑ာန္ကို မေဆာင္ၾကႏွင့္။ ေကာင္းျမတ္ေသာအရာ ၊ ႏွစ္သက္ဖြယ္ေသာအရာ ၊ စုံလင္ေသာအရာတည္းဟူေသာ ဘုရားသခင္အလိုေတာ္ရွိေသာ အရာသည္ အဘယ္အရာျဖစ္သည္ကို သင္နိုင္မည္အေၾကာင္း၊ စိတ္ႏွလုံးကို အသစ္ျပင္ဆင္၍ ပုံသ႑ာန္ေျပာင္းလဲျခင္းသို႔ ေရာက္ၾကေလာ့။” ဆိုလိုသည္မွာ … ဘုရား၏အလိုေတာ္သည္ သင့္အတြက္ ေကာင္း၏ ၊ ၿပီးျပည့္စုံၿပီးကြက္တိက်၏။ ဘုရားႏွင့္ ဆက္သြယ္ေျပာဆိုေသာ အဖြဲ႕၀င္ေတြ၏ေျပာေနက် စကားက “အဖဘုရား ၊ ကၽြန္ုပ္အတြက္ ယေန႔အလိုေတာ္က မည္သိုနည္း၊ အဖဘုရား၏အလိုေတာ္ကို လုပ္ေဆာင္ လိုပါသည္။”

ေကာင္းကင္ဘုံမွာ ဘုရား၏အလိုေတာ္သည္ျပည့္စုံေတာ္မူၿပီ။ ကမၻာေလာကရွိျပသနာကေတာ့ ဘုရား၏အလိုေတာ္ သည္ အျမဲတမ္းမၿပီးေျမာက္ပါ။ ဒါေၾကာင့္ ကၽြန္ုပ္တို႔ေတြ “ေကာင္းကင္ဘုံ၌ျပည့္စုံသကဲ့သို႔ ေျမႀကီးေပၚမွာ ျပည့္စုံပါေစေသာ”လို႔ဆုေတာင္းေနၾကရတာေပါ့။ ကၽြန္ုပ္တို႔ေျပာေနတာက … “အဖဘုရားအား အကၽြန္ုပ္ဉီးထိပ္ ထားခ်င္သည္။ ကၽြန္ုပ္ကိုလုပ္ေဆာင္ေစလိုေသာအရာမ်ားကိုလည္း လုပ္ေဆာင္ခ်င္ပါသည္။”

“အလိုေတာ္သည္ ျပည့္စုံပါေစေသာ”လို႔ မတူညီတဲ့နည္းလမ္း (၃) မ်ိဳးျဖင့္ဆုေတာင္းနိုင္ပါတယ္။ 
သင္၏စိတ္မေက်မနပ္ျဖင့္ “အလိုေတာ္ျပည့္စုံပါေစေသာ ၊ ဒါေပမဲ့ ကၽြန္ုပ္မႀကိဳက္ပါ” 
သင္၏စိတ္ႏုတ္ထြက္ျခင္းျဖင့္ “အလိုေတာ္ျပည့္စုံပါေစေသာ ၊ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ုပ္မကူညီနိုင္ပါ။”
သင္၏စိတ္ ေမၽွာ္လင့္ေစာင့္စားခ်က္ျဖင့္ “အလိုေတာ္ျပည့္စုံပါေစေသာ၊ ဘာေၾကာင့္လဲဆိုေတာ့ အေကာင္းဆုံးျဖစ္မယ္ ဆိုတာကို ကၽြန္ုပ္သိပါ၏၊ ယေန႔အသက္တာတြင္ လိုခ်င္ေသာအရာပင္ျဖစ္ပါသည္။”

ဘယ္အရာက အေကာင္းဆုံးျဖစ္မည္ကို သင္၏ေလာကအေဖက အျမဲတမ္းမသိနိုင္ပါ။ ဒါေပမဲ့ ေကာင္းကင္ဘုံရွိ အဖလုပ္ေဆာင္သမၽွကို သင္ယုံၾကည္နိုင္ပါတယ္။ ဒါသည္ “အလိုေတာ္သည္ ျပည့္စုံပါေစေသာ” ဆိုတဲ့ အဓိပၸါယ္ကို ဆိုလိုတာျဖစ္ပါတယ္။

ဆုေတာင္းလိုက္ပါ . . . “အဖဘုရား ၊ ကၽြန္ုပ္တို႔ အိမ္မက္ မက္နိုင္တာထက္ကို ပိုမိုေကာင္းမြန္တဲ့ သခင့္၏အလိုေတာ္ကို သိပါ၏။ ကၽြန္ုပ္၏အသက္တာကို အပ္ႏွံခ်င္ပါသည္။ အလိုေတာ္သည္ အကၽြန္ုပ္၏အသက္တာတြင္ ျပည့္စုံပါေစေသာ။”

ဆင္ျခင္ရန္
- ေမၽွာ္လင့္ေစာင့္စားျခင္း အားျဖင့္ဆုေတာင္းမႈျပဳဖို႔ရန္ဆိုသည္မွာ မည္ကဲ့သို႔ေသာအဓိပၸါယ္နည္း။
- ဘုရား၏အလိုေတာ္က ဘာလဲဆိုတာကို မည္သို႔သင္သိနိုင္ပါသနည္း။
- သင္၏အိမ္မက္ႏွင့္ လိုအင္ေတြကို ဘုရားရွင္ ဂ႐ုစိုက္တယ္ဆိုတာကို သင္ယုံၾကည္ပါသလား။ ဘာေၾကာင့္လဲ (သို႔) ဘာေၾကာင့္မဟုတ္သလဲ။

--------------------------------------------------------------------------------
Unicode:
အလိုတော်သည် ပြည့်စုံပါစေသော” လို့ဘာကြောင့်ဆုတောင်းပါသနည်း။
မဿဲ ၆:၁၀ “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။

ဆုတောင်းချိန်တိုင်းမှာ မိမိအ သက်တာအလုံးစုံကို ဘုရားရှင်ထံအပ်နှံလိုက်တဲ့အချိန်သည် ဘုရားကို ၀◌တ်ပြုခြင်းပင် ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဆုတောင်းချိန်တွေမှာ မိမိကိုယ်ကို ဘုရားအလိုတော်၀န်ခံသင့်ကြောင်းကို သခင်ခရစ်တော်သွန် သင်ထားပါတယ်။

ဘုရား၌ သင့်အသက်တာအတွက် တိကျတဲ့အလိုတော်ရှိပါတယ်။ ရောမ ၁၂:၂ “ သင်တို့သည် လောကီသဏ္ဍာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ ၊ နှစ်သက်ဖွယ်သောအရာ ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။” ဆိုလိုသည်မှာ … ဘုရား၏အလိုတော်သည် သင့်အတွက် ကောင်း၏ ၊ ပြီးပြည့်စုံပြီးကွက်တိကျ၏။ ဘုရားနှင့် ဆက်သွယ်ပြောဆိုသော အဖွဲ့၀င်တွေ၏ပြောနေကျ စကားက “အဖဘုရား ၊ ကျွန်ုပ်အတွက် ယနေ့အလိုတော်က မည်သိုနည်း၊ အဖဘုရား၏အလိုတော်ကို လုပ်ဆောင် လိုပါသည်။”

ကောင်းကင်ဘုံမှာ ဘုရား၏အလိုတော်သည်ပြည့်စုံတော်မူပြီ။ ကမ္ဘာလောကရှိပြသနာကတော့ ဘုရား၏အလိုတော် သည် အမြဲတမ်းမပြီးမြောက်ပါ။ ဒါကြောင့် ကျွန်ုပ်တို့တွေ “ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော”လို့ဆုတောင်းနေကြရတာပေါ့။ ကျွန်ုပ်တို့ပြောနေတာက … “အဖဘုရားအား အကျွန်ုပ်ဉီးထိပ် ထားချင်သည်။ ကျွန်ုပ်ကိုလုပ်ဆောင်စေလိုသောအရာများကိုလည်း လုပ်ဆောင်ချင်ပါသည်။”

“အလိုတော်သည် ပြည့်စုံပါစေသော”လို့ မတူညီတဲ့နည်းလမ်း (၃) မျိုးဖြင့်ဆုတောင်းနိုင်ပါတယ်။ သင်၏စိတ်မကျေမနပ်ဖြင့် “အလိုတော်ပြည့်စုံပါစေသော ၊ ဒါပေမဲ့ ကျွန်ုပ်မကြိုက်ပါ
သင်၏စိတ်နုတ်ထွက်ခြင်းဖြင့် “အလိုတော်ပြည့်စုံပါစေသော ၊ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်မကူညီနိုင်ပါ။”
သင်၏စိတ် မျှော်လင့်စောင့်စားချက်ဖြင့် “အလိုတော်ပြည့်စုံပါစေသော၊ ဘာကြောင့်လဲဆိုတော့ အကောင်းဆုံးဖြစ်မယ် ဆိုတာကို ကျွန်ုပ်သိပါ၏၊ ယနေ့အသက်တာတွင် လိုချင်သောအရာပင်ဖြစ်ပါသည်။”

ဘယ်အရာက အကောင်းဆုံးဖြစ်မည်ကို သင်၏လောကအဖေက အမြဲတမ်းမသိနိုင်ပါ။ ဒါပေမဲ့ ကောင်းကင်ဘုံရှိ အဖလုပ်ဆောင်သမျှကို သင်ယုံကြည်နိုင်ပါတယ်။ ဒါသည် “အလိုတော်သည် ပြည့်စုံပါစေသော” ဆိုတဲ့ အဓိပ္ပါယ်ကို ဆိုလိုတာဖြစ်ပါတယ်။

ဆုတောင်းလိုက်ပါ . . . “အဖဘုရား ၊ ကျွန်ုပ်တို့ အိမ်မက် မက်နိုင်တာထက်ကို ပိုမိုကောင်းမွန်တဲ့ သခင့်၏အလိုတော်ကို သိပါ၏။ ကျွန်ုပ်၏အသက်တာကို အပ်နှံချင်ပါသည်။ အလိုတော်သည် အကျွန်ုပ်၏အသက်တာတွင် ပြည့်စုံပါစေသော။”

ဆင်ခြင်ရန်
- မျှော်လင့်စောင့်စားခြင်း အားဖြင့်ဆုတောင်းမှုပြုဖို့ရန်ဆိုသည်မှာ မည်ကဲ့သို့သောအဓိပ္ပါယ်နည်း။
- ဘုရား၏အလိုတော်က ဘာလဲဆိုတာကို မည်သို့သင်သိနိုင်ပါသနည်း။

- သင်၏အိမ်မက်နှင့် လိုအင်တွေကို ဘုရားရှင် ဂရုစိုက်တယ်ဆိုတာကို သင်ယုံကြည်ပါသလား။ ဘာကြောင့်လဲ (သို့) ဘာကြောင့်မဟုတ်သလဲ။