Zawgyi Font
ေပးသနားေတာ္မူေသာေကာင္းခ်ီးမဂၤလာေတြျဖင့္ ဘာကိုလုပ္ေဆာင္မည္နည္း။
ေပးသနားေတာ္မူေသာေကာင္းခ်ီးမဂၤလာေတြျဖင့္ ဘာကိုလုပ္ေဆာင္မည္နည္း။
ရွင္ေပတ႐ုဩ၀ါဒစာပဌမေစာင္ ၄:၁၀ “သင္တို႔သည္ ဆုေက်းဇူးေတာ္ကို အသီးသီးခံရၾကသည္ႏွင့္အညီ ဘုရားသခင္ ၏ အထူးထူးအျပားျပားေသာ ေက်းဇူးေတာ္ဘ႑ာစိုးေကာင္းကဲ့သို႔ ၊ အခ်င္းခ်င္းေ၀ငွေပးကမ္း ၾကေလာ့။”
ဘာအတြက္ ဘုရားသခင္သင့္ကို ဖန္ဆင္းသလဲဆိုတာကို သင္သိပါသလား။ သင္၏ကံၾကမၼာကို သင္သိပါသလား။
သင္၏အသက္တာ ကံၾကမၼာကို ျဖည့္စြမ္းေနျခင္းတြင္ ဘုရား သင့္ကို ထူးျခားတဲ့နည္းလမ္းျဖင့္ ဖန္ဆင္းထားတဲ့ အေၾကာင္းကို မွတ္သားနိုင္ဖို႔ရန္လိုအပ္ပါတယ္။ သင္ထိန္းခ်ဳပ္လို႔မရတဲ့အရာေတြျဖစ္တဲ့ .. သင္၏မိဘေတြ ၊ သင္၏နိုင္ငံသား၊ သင္၏လူမ်ိဳး၊ သင္၏ဘာသာစကား ေတြပါ၀င္ပါတယ္။ သင္၏၀ိညာဥ္ေရးရာ လက္ေဆာင္ ၊ စိတ္ႏွလုံးသား ၊ စြမ္းရည္ ၊ ပုဂိၢဳလ္ေရးရာ ႏွင့္ အေတြ႕အၾကဳံသည္လည္း ပါ၀င္ပါသည္။ ဤအရာေတြအားလုံးသည္ သင့္ကိုတမူထူးျခားစြာျဖင့္ ျပဳလုပ္ထားပါတယ္။
ဘုရားသင့္ကို ေပးလိုက္ေသာလက္ေဆာင္သည္ သင္တစ္ဉီးတည္း၌သာ တာ၀န္ရွိပါတယ္။ သင္က အႏုပညာ အရည္အေသြးျပပါရမီ မပါဘူးဆိုလၽွင္ Rembrandt လိုပန္းခ်ီကား ဆြဲနိုင္တဲ့သူတစ္ေယာက္ျဖစ္ဖို႔ ေမၽွာ္လင့္စရာမရွိပါ။
သင္ေကာင္းကင္ဘုံေရာက္တဲ့ခါ ဘုရားက သင့္ကို မည္သူႏွင့္မၽွႏွိုင္းယွဥ္မည္မဟုတ္ပါ။ ဒါေပမဲ့ သင့္ကို သင္ႏွင့္ ျပန္ႏွိုင္းယွဥ္ပါမည္။ ေကာင္းခ်ီးေပးထားေသာအရာေတြျဖင့္ ဘာကိုလုပ္ေဆာင္ခဲ့ပါသလဲ။ ေရာမ ၁၄:၁၂ “သို႔ျဖစ္၍ ငါတို႔သည္ ဘုရားသခင္စစ္ေၾကာေတာ္မူျခင္းကို ခံရၾကမည္။”
ဓမၼေဟာင္းက်မ္းတြင္ ဧသတာသည္ သူမ၏ကံၾကမၼာအတြက္ျဖည့္စြမ္းဖို႔ရန္ ဘုရားေပးခဲ့တဲ့ (၃) မ်ိဳးေသာအဖိုးတန္ အရည္အခ်င္းကို အသုံးျပဳခဲ့ပါတယ္။ ဧသတာသည္ အသိညာဥ္ရွိေသာ၊ ေခ်ာေမာလွပေသာ ၊ ဆြဲေဆာင္နိုင္ေသာ သူျဖစ္တယ္။ ဤအရည္အခ်င္းေတြေၾကာင့္ - “အလွည့္သင့္၍ ရွင္ဘုရင္ထံ၀င္ရေသာအခါ နန္းေတာ္မိန္းမစိုး ၊ အပ်ိဳေတာ္အုပ္ ေဟဂဲစီရင္ေသာ အရာမွတစ္ပါး အဘယ္အရာကိုမၽွမေတာင္း ၊ သူမကို ေတြ႕ျမင္သမၽွေသာသူတို႔သည္ ခ်စ္တတ္ၾက၏။ ထိုသို႔ ရွင္ဘုရင္ အာေရႊ႐ုသည္ နန္းစံခုနစ္ႏွစ္၊ ေတဗက္အမည္ရွိေသာ ဒသမလတြင္ ၊ ဧသတာကို နန္းေတာ္၌ သိမ္းေတာ္မူၿပီးလၽွင္ တျခားေသာ သမီးကညာအေပါင္းတို႔ထက္ ဧသတာသည္ စိတ္ေတာ္ကို ႏူးညြတ္ေစ၍ ၊ အထံေတာ္၌ မ်က္ႏွာရသျဖင့္ ရွင္ဘုရင္သည္ တျခားေသာမိန္းမတကာတို႔ကို ခ်စ္သည္ထက္ ဧသတာကို သာ၍ခ်စ္ေသာေၾကာင့္ သူ႔ေခါင္းေပၚမွာ ရာဇသရဖူကိုတင္၍ မိဖုရား ၀ါရွတိအရာ၌ ခ်ီးေျမႇာက္ေတာ္မူ၏။” ဧသတာ၀တၱဳ ၂:၁၅, ၁၇)။
ဧသတာကို ဘုရားရွင္က ရည္ရြယ္ခ်က္ျဖင့္ေပးေတာ္မူေသာ အရည္အခ်င္းကဲ့သို႔ပင္ သင့္ကိုလည္း ဘုရားက ရည္ရြယ္ခ်က္ျဖင့္ အရည္အခ်င္းေတြေပးပါတယ္။ ဧသတာလိုဘဲ သင့္ကို ေပးသနားေတာ္မူေသာ အရည္အခ်င္းေတြကို ေကာင္းေသာဘ႑ာထိန္းအျဖစ္ တာ၀န္ယူဖို႔ရွိပါတယ္။ တစ္ကိုယ္ေကာင္းဆန္ဖို႔မဟုတ္ဘဲ တျခားသူေတြ ေကာင္းဖို႔ရာ ျဖစ္ပါတယ္။
အက်ိဳးရွိစြာေနထိုင္ဖို႔ရန္ ႏွင့္အသက္တာကို ျဖည့္စြမ္းဖို႔ရန္ လိုအပ္ေသာ ေသာ့ခ်က္ကား ဘုရားေပးထားေသာ သင္၏အရည္အခ်င္းေတြျဖင့္ တျခားသူေတြကို ၀န္ေဆာင္ျခင္းအားျဖင့္ ဘုရားအား၀န္ေဆာင္မႈေပးျခင္းပင္ျဖစ္သည္။
ဆင္ျခင္ရန္
-သင္၏ကံၾကမၼာကို သိဖို႔ရန္မွာခ်င္တာကေတာ့… သင္၏ပင္ကိုယ္စြမ္းရည္ ကိုသိရန္ႏွင့္ မည္ကဲ့သို႔အသုံးျပဳရမည္ကို ဆုံးျဖတ္တတ္ျခင္းေတြကို သိရွိရန္ျဖစ္ပါတယ္။ ဘုရားသင့္ကိုေပးထားေသာအရာေတြကို စာရင္းျပဳစုပါ။ သင္ထိန္းခ်ဳပ္ လို႔မရနိုင္တဲ့ အထက္ကေဖာ္ျပၿပီးတဲ့အရာေတြ အပါအ၀င္ေပါ့။ သင့္ကိုယ္သင္ျပန္ေမးပါ “ေကာင္းေသာအရာကိုျပဳဖို႔ မည္သို႔ေသာ ေကာင္းတဲ့အရာေတြကို ဘုရားက ကၽြန္ုပ္ကို ေပးထားသနည္း။”
-တျခားသူေတြက သူတို႔၏ရည္ရြယ္ခ်က္ကို ရွာေဖြေတြ႕ရွိနိုင္ဖို႔ရန္ သင္မည္ကဲ့သို႔ကူညီနိုင္မည္နည္း။
-ၿငီးေငြ႕စရာေကာင္းတဲ့ မိမိကိုယ္ကို သူတစ္ပါးႏွင့္ႏွိုင္းယွဥ္ျခင္းကေန ထြက္လာနိုင္ဖို႔အတြက္ တစ္ခ်ိဳ႕ေသာ လက္ေတြ႕ က်ေသာနည္းလမ္းေတြက ဘာေတြျဖစ္မည္နည္း။
---------------------------------------------------------------------------------
Unicode:
---------------------------------------------------------------------------------
Unicode:
ပေးသနားတော်မူသောကောင်းချီးမင်္ဂလာတွေဖြင့်
ဘာကိုလုပ်ဆောင်မည်နည်း။
ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၁၀ “သင်တို့သည် ဆုကျေးဇူးတော်ကို အသီးသီးခံရကြသည်နှင့်အညီ
ဘုရားသခင် ၏ အထူးထူးအပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့ ၊ အချင်းချင်း၀ငှပေးကမ်း
ကြလော့။”
ဘာအတွက်
ဘုရားသခင်သင့်ကို ဖန်ဆင်းသလဲဆိုတာကို သင်သိပါသလား။ သင်၏ကံကြမ္မာကို သင်သိပါသလား။
သင်၏အသက်တာ
ကံကြမ္မာကို ဖြည့်စွမ်းနေခြင်းတွင် ဘုရား သင့်ကို ထူးခြားတဲ့နည်းလမ်းဖြင့် ဖန်ဆင်းထားတဲ့
အကြောင်းကို မှတ်သားနိုင်ဖို့ရန်လိုအပ်ပါတယ်။ သင်ထိန်းချုပ်လို့မရတဲ့အရာတွေဖြစ်တဲ့
.. သင်၏မိဘတွေ ၊ သင်၏နိုင်ငံသား၊ သင်၏လူမျိုး၊ သင်၏ဘာသာစကား တွေပါ၀င်ပါတယ်။ သင်၏၀ိညာဉ်ရေးရာ
လက်ဆောင် ၊ စိတ်နှလုံးသား ၊ စွမ်းရည် ၊ ပုဂိ္ဂုလ်ရေးရာ နှင့် အတွေ့အကြုံသည်လည်း ပါ၀င်ပါသည်။
ဤအရာတွေအားလုံးသည် သင့်ကိုတမူထူးခြားစွာဖြင့် ပြုလုပ်ထားပါတယ်။
ဘုရားသင့်ကို
ပေးလိုက်သောလက်ဆောင်သည် သင်တစ်ဉီးတည်း၌သာ တာ၀န်ရှိပါတယ်။ သင်က အနုပညာ အရည်အသွေးပြပါရမီ
မပါဘူးဆိုလျှင် Rembrandt လိုပန်းချီကား ဆွဲနိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့
မျှော်လင့်စရာမရှိပါ။
သင်ကောင်းကင်ဘုံရောက်တဲ့ခါ
ဘုရားက သင့်ကို မည်သူနှင့်မျှနှိုင်းယှဉ်မည်မဟုတ်ပါ။ ဒါပေမဲ့ သင့်ကို သင်နှင့် ပြန်နှိုင်းယှဉ်ပါမည်။
ကောင်းချီးပေးထားသောအရာတွေဖြင့် ဘာကိုလုပ်ဆောင်ခဲ့ပါသလဲ။ ရောမ
၁၄:၁၂ “သို့ဖြစ်၍ ငါတို့သည် ဘုရားသခင်စစ်ကြောတော်မူခြင်းကို ခံရကြမည်။”
ဓမ္မဟောင်းကျမ်းတွင်
ဧသတာသည် သူမ၏ကံကြမ္မာအတွက်ဖြည့်စွမ်းဖို့ရန် ဘုရားပေးခဲ့တဲ့ (၃) မျိုးသောအဖိုးတန် အရည်အချင်းကို
အသုံးပြုခဲ့ပါတယ်။ ဧသတာသည် အသိညာဉ်ရှိသော၊ ချောမောလှပသော ၊ ဆွဲဆောင်နိုင်သော သူဖြစ်တယ်။
ဤအရည်အချင်းတွေကြောင့် - “အလှည့်သင့်၍ ရှင်ဘုရင်ထံ၀င်ရသောအခါ
နန်းတော်မိန်းမစိုး ၊ အပျိုတော်အုပ် ဟေဂဲစီရင်သော အရာမှတစ်ပါး အဘယ်အရာကိုမျှမတောင်း
၊ သူမကို တွေ့မြင်သမျှသောသူတို့သည် ချစ်တတ်ကြ၏။ ထိုသို့ ရှင်ဘုရင် အာရွှေရုသည် နန်းစံခုနစ်နှစ်၊ တေဗက်အမည်ရှိသော ဒသမလတွင်
၊ ဧသတာကို နန်းတော်၌ သိမ်းတော်မူပြီးလျှင် တခြားသော သမီးကညာအပေါင်းတို့ထက် ဧသတာသည်
စိတ်တော်ကို နူးညွတ်စေ၍ ၊ အထံတော်၌ မျက်နှာရသဖြင့် ရှင်ဘုရင်သည် တခြားသောမိန်းမတကာတို့ကို
ချစ်သည်ထက် ဧသတာကို သာ၍ချစ်သောကြောင့် သူ့ခေါင်းပေါ်မှာ ရာဇသရဖူကိုတင်၍ မိဖုရား ဝါရှတိအရာ၌
ချီးမြှောက်တော်မူ၏။” ဧသတာ၀တ္တု ၂:၁၅, ၁၇)။
ဧသတာကို
ဘုရားရှင်က ရည်ရွယ်ချက်ဖြင့်ပေးတော်မူသော အရည်အချင်းကဲ့သို့ပင် သင့်ကိုလည်း ဘုရားက
ရည်ရွယ်ချက်ဖြင့် အရည်အချင်းတွေပေးပါတယ်။ ဧသတာလိုဘဲ သင့်ကို ပေးသနားတော်မူသော အရည်အချင်းတွေကို
ကောင်းသောဘဏ္ဍာထိန်းအဖြစ် တာ၀န်ယူဖို့ရှိပါတယ်။ တစ်ကိုယ်ကောင်းဆန်ဖို့မဟုတ်ဘဲ တခြားသူတွေ
ကောင်းဖို့ရာ ဖြစ်ပါတယ်။
အကျိုးရှိစွာနေထိုင်ဖို့ရန်
နှင့်အသက်တာကို ဖြည့်စွမ်းဖို့ရန် လိုအပ်သော သော့ချက်ကား ဘုရားပေးထားသော သင်၏အရည်အချင်းတွေဖြင့်
တခြားသူတွေကို ၀န်ဆောင်ခြင်းအားဖြင့် ဘုရားအား၀န်ဆောင်မှုပေးခြင်းပင်ဖြစ်သည်။
ဆင်ခြင်ရန်
-သင်၏ကံကြမ္မာကို
သိဖို့ရန်မှာချင်တာကတော့… သင်၏ပင်ကိုယ်စွမ်းရည် ကိုသိရန်နှင့် မည်ကဲ့သို့အသုံးပြုရမည်ကို
ဆုံးဖြတ်တတ်ခြင်းတွေကို သိရှိရန်ဖြစ်ပါတယ်။ ဘုရားသင့်ကိုပေးထားသောအရာတွေကို စာရင်းပြုစုပါ။
သင်ထိန်းချုပ် လို့မရနိုင်တဲ့ အထက်ကဖော်ပြပြီးတဲ့အရာတွေ အပါအ၀င်ပေါ့။ သင့်ကိုယ်သင်ပြန်မေးပါ
“ကောင်းသောအရာကိုပြုဖို့ မည်သို့သော ကောင်းတဲ့အရာတွေကို ဘုရားက ကျွန်ုပ်ကို ပေးထားသနည်း။”
-တခြားသူတွေက
သူတို့၏ရည်ရွယ်ချက်ကို ရှာဖွေတွေ့ရှိနိုင်ဖို့ရန် သင်မည်ကဲ့သို့ကူညီနိုင်မည်နည်း။
-ငြီးငွေ့စရာကောင်းတဲ့
မိမိကိုယ်ကို သူတစ်ပါးနှင့်နှိုင်းယှဉ်ခြင်းကနေ ထွက်လာနိုင်ဖို့အတွက် တစ်ချို့သော လက်တွေ့
ကျသောနည်းလမ်းတွေက ဘာတွေဖြစ်မည်နည်း။