To Be Productive, You Must Be Connected
Zawgyi Font
ဆင်ခြင်ရန်
-------------------------------------------------------------------------------
Unicode:
သင်ကြီးထွားဖွံ့ဖြိုးဖို့ရန် ဆက်သွယ်မှုရှိနေရမည်
ရှင်ယောဟန်ခရစ်ဝင် ၁၅း၄-၅ “ငါ၌တည်နေကြလော့။ ငါသည်လည်းသင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင် ကိုယ်အလိုအလျောက်အသီးမသီးနိုင်သကဲ့သို့ ၊ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီး နိုင်ကြ။”
သမ္မာကျမ်းစာတွင် စပျစ်နွယ်ပင်သည် အသင်းတော်ကိုပုံဆောင်ပါတယ်။ အသင်းတော်မိသားစု၏ကူညီပေးမှု တွေသည် သင့်ကို သစ်ပင်ထက်ကအသီး (သို့) စပျစ်ခြံထဲက စပျစ်သီးတွေလို ကြီးထွားစေဖို့ ဥပမာပေး ဖော်ပြထား တာဖြစ်ပါတယ်။
သမ္မာကျမ်းတွင်ပါဝင်သော အသီးအပွင့်လှိုင်လှိုင်ဖြစ်ခြင်းတွေက ကြီးထွားနိုင်ခြင်း ထုတ်လုပ်နိုင်ခြင်းကြောင့်ဖြစ် ပါတယ်။ ဘယ်သူကမှ အသီးမသီးတဲ့အသက်တာမျိုး နှင့် ကုန်ဆုံးခြင်းအသက်တာမျိုး မလိုချင်ကြပါ။ ကျွန်ုပ်တို့အားလုံး ရေတွက်နေရတဲ့အသက်တာဘဲ လိုချင်ကြတာပေါ့။ အသက်တာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် သင်ဆက်နွယ်မှုတော့ရှိရပါမည်။
ဘုရား၏ဥယျာဉ်ခြံထဲရှိ စပျစ်နွယ်ပင်ကိုကျွန်ုပ်တို့ဆက်သွယ်မှုပြုလိုက်တာနဲ့ ကြီးထွားဖို့ဖြစ်လာမည်။ သင့်အသက် တာတလျှောက်လုံး သင့်ကို သယ်ဆောင်လိုစေသောအသီးပေါင်းများစွာ ဘုရား၌ရှိပါတယ်။ ဒါပေမဲ့ အသင်းတော် -ဘုရား၏မိသားစုတွေ နှင့်မချိတ်ဆက်သရွေ့ သင်၏ခေါ်တော်မူခြင်းသည် ဖြစ်လာမည်မဟုတ်ပါ။
ဘုရားရှင် သင့်ကိုဖန်ဆင်းပြီးအသက်ရှင်စေလိုသည့်အသက်တာအတိုင်း သင်တကယ်ဘဲဆန္ဒရှိတယ်ဆိုလျှင် ဆက်လက်ရှင်သန်ဖို့ရန် စွမ်းအားတွေလိုမယ်၊ အတူအသက်ရှင်ဖို့လူတွေ လိုအပ်မယ်၊ သတ်မှတ်တဲ့စည်းမျဉ်းတွေ ၊ အစီအစဉ်တွေ နှင့် ရည်ရွယ်ချက်တွေလိုအပ်ပါမည်။ အဲဒီလို လိုအပ်ချက်တွေကို အဆင်ပြေစေဖို့ရန် ဘုရားရှင်က အသင်းတော်ကို ဖန်ဆင်းခဲ့ပါတယ်။ ဒါကြောင့် ဒါတွေကို အသင်းတော်ပြင်ပမှာ သင်မတွေ့နိုင်ပါ။
ရှင်ယောဟန်ခရစ်ဝင် ၁၅း၄-၅ “ငါ၌တည်နေကြလော့။ ငါသည်လည်းသင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင် ကိုယ်အလိုအလျောက်အသီးမသီးနိုင်သကဲ့သို့ ၊ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီး နိုင်ကြ။”
တစ်ခါတစ်ရံ ဆက်သွယ်မှုရယူခြင်း၏အဓိပ္ပါယ်ကား ခြေလှမ်းတစ်လှမ်း (သို့) နှစ်လှမ်းကို သစ္စာရှိစွာဖြင့် လျှောက်လှမ်းခြင်း နှင့် ပထမဉီးစွာ အဆင်မပြေမှုတွေပေါ့။ လုပ်ဆောင်မည့်အရာတွေက အမြဲတမ်းတော့ အလွယ်ဆုံးအရာတွေ မဟုတ်တတ်ကြပါဘူး။ ဒါပေမဲ့ သင့်အသက်တာအတွက် လုပ်ဆောင်ဖို့အရေး ကြီးတဲ့အရာ ကား ဆက်သွယ်မှုရယူရန် ဖြစ်ပါတယ်။
ဆက်သွယ်ရန်စတင်ဖို့အချိန်ရောက်ပါပြီ။ ယနေ့ပင် ခြေလှမ်းကိုစတင်လိုက်ပါ။
ဆင်ခြင်ရန်
-အသီးသီးဖို့ရန်နှင့် ကြီးထွားဖွံ့ဖြိုးဖို့ရန်က သင့်အတွက် မည်ကဲ့သို့သောအဓိပ္ပါယ်ရှိပါသနည်း။
-အသင်းတော်တွင် တစ်စိတ်တစ်ဒေသပါဝင်ခြင်းသည် ဘုရား၏သင့်ကိုခေါ်ခြင်းအတွက် မည်ကဲ့သို့ ပိုပြီး အသီးသီး ခြင်းကို ဖြစ်ပေါ်စေသနည်း။
- မည်သည့်အရာကသင့်ကို အသင်းတော်မိသားစုနှင့် ချိတ်ဆက်ရန်ကောင်းခြင်းများမှ ကင်းဝေးစေပါသနည်း။