Zawgyi Font
ဆင်ခြင်ရန်
----------------------------------------------------------------------------
Unicode:
----------------------------------------------------------------------------
Unicode:
“ဆိတ်ငြိမ်ချိန်ယူခြင်း” အတွက် မှန်ကန်သောသဘောထား
ဓမ္မရာဇ၀င် ပဌမစောင် ၁၆:၇ “ထာ၀ရဘုရားက သူ၏မျက်နှာ ၊ သူ၏အရပ်ကို မကြည့်မရှုနှင့်။
သူ့ကို ငါပယ်ပြီ။ ထာ၀ရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဍာန်ကို
ကြည့်ရှုတတ်၏။ ထာ၀ရဘုရားမူကား နှလုံးကို ကြည့်ရှုတတ်သည်ဟု ရှမွေလအား မိန့်တော်မူ၏။”
နေစဉ်
“ဆိတ်ငြိမ်ချိန်ယူခြင်း” က ၀ိညာဉ်ရေးကကြီးထွားဖို့အတွက်ဖြစ်တယ်ဆိုတာကို သင် နားလည်ကောင်းနား
လည်ပါမည်။ လုပ်ဆောင်ဖို့ရန်အတွက် စိတ်ဓါတ်လှုံ့ဆော်မှုကို ဖြစ်စေပါ။ ဒါပေမဲ့ အကျင့်တစ်ခုဖြင့်
မည်ကဲ့သို့ သင်သွားနေသနည်း။ သင်နှင့်ကိုက်ညီသော စိတ်သဘောထားဖြင့် စတင်သင့်ပါတယ်။ ဘုရား၏အမြင်မှာတော့
သင်ယခုလုပ်ဆောင်နေသောတစ်စုံတစ်ရာသည် သင်ပြုရမည်ပိုမိုအရေးကြီးနေသောအရာနှင့် ဝေးကွာနေစေပါ
တယ်။
တစ်ခါသော
အခိုက်သမယမှာ ဘုရားသခင်သည် ပရောဖက်ရှာမွေလ ကိုပြောခဲ့ပါတယ်။ “ထာ၀ရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဍာန်ကို
ကြည့်ရှုတတ်၏။ ထာ၀ရဘုရားမူကား စိတ်နှလုံးကို ကြည့်ရှုတတ်သည်ဟု ရှမွေလအား မိန့်တော်မူ၏။”
မှန်ကန်သောအရာကို လုပ်ဆောင်ဖို့ အဟုတ်ကို ဖြစ်နိုင်ပေမဲ့လည်း မှားယွင်းနေတဲ့စိတ်သဘောထား
ဖြစ်နေတတ်ကြတယ်။
သင်
ဘုရားနှင့်တွေ့တဲ့အချိန်မှာ မျှော်လင့်စောင့်စားခြင်း နှင့် စိတ်အားထက်သန်ခြင်းစသော
စိတ်များဖြင့် တွေ့ချင် တယ်။ ဘုရားနှင့် ရင်းနှီးစွာကောင်းသောအချိန်များနှင့်အတူမိတ်သဟာရဖွဲ့မှုကို
တောင်းတရင်း ကောင်းချီးမင်္ဂလာ တွေကို အတူတကွလက်ခံချင်တယ်။ ဤအတိုင်းပင် ဒါဝိလ်မင်းကြီးလည်းမျှော်လင့်ခဲ့ပါတယ်။
ဆာလံ ၆၃:၁ “အကျွန်ုပ်၏ ကိုယ်ခန္ဓာသည်လည်း ကိုယ်တော်ကို
လွမ်းဆွတ်ပါ၏။”
ဘုရား၌ရှိနေခြင်းကို
အပူတပြင်းမဖြစ်စေဘဲ ၊ လောကအတွေးတွေကို ဖယ်ရှင်းစေဖို့ ဆိတ်ငြိမ်ခြင်း ၊ ငြိမ်သက်ခြင်းကို
ခွင့်ပြုထားခြင်းအားဖြင့် သင်၏စိတ်နှလုံးကို ဘုရားရှေ့ရောက်ရှိဖို့ရန် ပြင်ဆင်ပါ။ ဟဗက္ကုတ်အနာဂတ္တိကျမ်း ၂:၂၀ “ထာ၀ရဘုရားမူကား သန့်ရှင်းသောဗိမာန်တော်၌ရှိတော်မူ၏။
မြေကြီးသားအပေါင်းတို့ ရှေ့တော်၌ ငြိမ်၀ပ်စွာနေကြ လော့။”
ဆာလံ ၈၉:၇ “ထာ၀ရဘုရားသည် သန့်ရှင်းသူတို့၏ ပရိသတ်တွင် အလွန်ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။
အထံတော် ၌ပတ်လည် နေသောသူအပေါင်းတို့ထက် ရိုသေဖွယ်ဖြစ်တော်မူ၏။”
ဖန်ဆင်းရှင်
၊ ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းသောအရှင်သခင် ၊လူသားတို့ကို ကယ်တင်သောအရှင်ကို တွေ့ဆုံဖို့ရန်
သင်၏ဆိတ်ငြိမ်ချိန်မတိုင်မီအချိန်မှာ ဘုရားအလိုတော်ရှိသောအရာ ဘာကိုဘဲဖြစ်ဖြစ် ၊ အရာအားလုံးဘဲဖြစ်ဖြစ်
လုပ်ဆောင်ပါမည်ဟု ဆုံးဖြတ်လိုက်ပါ။ ရှင်ယောဟန်ခရစ်၀င်
၇:၁၇ “ထိုသူ၏အလိုတော်သို့ လိုက်ချင်သောသူ မည်သည်ကား ဤဒေသနာသည် ဘုရားသခင်၏ဒေသနာတော်
ဖြစ်သလော ၊ ငါသည် ကိုယ်အလိုအလျှောက် ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။”
ဆင်ခြင်ရန်
-ဘုရားနှင့်အတူ
ဆိတ်ငြိမ်ချိန်ယူခြင်းနှင့်ပတ်သက်ပြီး မည်ကဲ့သို့သောတစ်ချို့အရာတွေကို ပြောင်းလဲဖို့ရန်
သင်၌လိုအပ်နေသနည်း။
-ဘုရားရှေ့မှောက်တွင်
တရိုတသေဖြစ်ဖို့နှင့် နိုးနိုးကြားကြားရှိဖို့ရန် မည်ကဲ့သို့သောအချိန်နှင့်နေရာသည်
အကောင်း ဆုံးဖြစ်မည်နည်း။
-
ဘုရားရှင်၏အလိုတော် နှင့် သင့်ကိုလုပ်ဆောင်စေချင်သောအရာတို့ကို သင်မည်ကဲ့သို့တွေ့ရှိပါသနည်း။