Zawgyi Font
မဿဲ ၂၀:၂၈ “ လူသားသည် သူတစ်ပါးကို စေစားခြင်းငှါမလာ၊ သူတစ်ပါး အစေကို ခံခြင်းငှါ၎င်း ၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသည်ဖြစ်၍ ၊ ထိုနည်းတူ သင်တို့တွင် အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံ ဖြစ်စေ ၊ သင်တို့တွင် အထွဋ်အမြတ်လုပ်ချင်သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။”
ဆင်ခြင်ရန်
---------------------------------------------------------------------------------
Unicode:
---------------------------------------------------------------------------------
Unicode:
ဝိညာရေးရာဆိုင်ရာ အရွယ်ရောက်ခြင်း/ရင့်ကျက်ခြင်းတွေသည် ပြီးဆုံးခြင်း သက်သက် ဘယ်တော့မှ မဖြစ်ပါ။
မဿဲ ၂၀:၂၈ “ လူသားသည် သူတစ်ပါးကို စေစားခြင်းငှါမလာ၊ သူတစ်ပါး အစေကို
ခံခြင်းငှါ၄င်း ၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၄င်း၊ ကြွလာသည်ဖြစ်၍ ၊ ထိုနည်းတူ
သင်တို့တွင် အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံ ဖြစ်စေ ၊ သင်တို့တွင် အထွဋ်အမြတ်လုပ်ချင်သောသူကိုလည်း
သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။”
၀န်ဆောင်မှုဆိုတာသည်
သင်၏အပိုချိန်တွေကို ဖြည့်ဆည်းပေးဖို့အတွက် အချိန်ဇယားကနေ တစ်ခုခုကို လမ်းကြောင်း လွဲစေလိုက်တဲ့သဘော
မဟုတ်ပါဘူး။ ဒါသည် ယုံကြည်သူခရစ်ယာန်အသက်တာ၏ စိတ်နှလုံးသားဆိုင်ရာဖြစ်ပါတယ်။ သခင်ခရစ်တော်က
၀န်ဆောင်မှုနှင့် ပေးကမ်းမှုပြုဖို့ လောကသို့ကြွဆင်းလာခဲ့တယ်။ အဲဒီစကားလုံး နှစ်ရပ်အားဖြင့်
သင့်အသက်တာကိုလည်း ဤကမ္ဘာပေါ်တွင် ပုံဖော်သင့်ပါတယ်။
သခင်ခရစ်တော်ပြောခဲ့တာက ... စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုသည် ဘယ်တော့မှသက်သက်ကြီး
မပြီးဆုံးပါ။ ရင့်ကျက်မှုဖြစ်ခြင်းသည် သာသာနာအတွက်ဖြစ်ရမည်။ ၀ိညာဉ်ရေးရာ ကြီးထွားသည်အတိုင်း
သူတစ်ပါးကိုလည်း မျှဝေနိုင်ပါသည်။ သင်ယူလေ့လာမှုတွေ များစွာ… များစွာအားဖြင့် မလုံလောက်ပါ။
သင်သိထားသမျှတွေအတိုင်း သင်ပြုမူဖို့ သင့်ပါတယ်။ သင်တောင်းဆိုသည်အတိုင်း ယုံကြည်မှုရဖို့ရန်
လေ့ကျင့်ယူရပါမည်။ သမ္မာကျမ်းစာ လေ့လာခြင်းတွင် လုပ်ဆောင်မှု/ထမ်းဆောင်မှု ၊ အသုံးတော်ခံမှု
မပါလျှင် ဝိညာဉ်ရေးရာ ဆိတ်သုန်းခြင်းတွေဆီ ဉီးတည်သွားမည် ဖြစ်သည်။
ဂါလိလဲနှင့် ပင်လယ်သေတို့ ကြားကနှိုင်းယှဉ်မှုတွေသည် မှန်ကန်နေဆဲဖြစ်တယ်။
ဂါလိလဲသည် ရှင်သန်နေခြင်း များဖြင့်ပြည့်ဝနေသောအိုင်ဖြစ်ခြင်းက ရေစီး၀င်မှု / ရေစီးထွက်မှု
အမြဲတမ်းရှိလို့ဖြစ်တယ်။ ဆန့်ကျင်ဘက်တစ်ခုဖြစ်တဲ့ ပင်လယ်သေ မှာတော့ စီးဆင်းမှုမရှိတဲ့အတွက်
ရှင်သန်ခြင်းမရှိတဲ့ ရေသေဖြစ်ပါတယ်။
အမှန်တရားတခုက…
သခင်ခရစ်တော်နောက်ကို တခဏတာ လိုက်ခဲ့ဖူးပါလျှင် လေ့ကျင့်သင်ယူမှုပြုဖို့ထက် သမ္မာကျမ်းစာကို
ပိုပြီးသိကောင်းသိနိုင်ပါမည်။ သင်လိုအပ်နေတာက နည်းလမ်းတစ်စုံတစ်ခုဖြင့် အသင်းတော်တွင်
ပါ၀င်ကူညီဆပ်ကပ်ခြင်း အတွေ့အကြုံ ဖြစ်ကောင်းဖြစ်မည်။ ဤနည်းဖြင့်
သင်၏ ဝိညာဉ်ရေးရာဆိုင်ရာ ကြွက်သား တွေကို လေ့ကျင့်ပျိုးထောင်နိုင်ပါမည်။
ခရစ်တော်၌ သင် ရင့်ကျက်ခြင်းဖြင့် အသက်တာ ၀န်ဆောင်မှုပေးခြင်းများဖြင့်
အသက်ရှင်သွားဖို့အတွက် ပိုမိုပြီးအာရုံစိုက်နိုင်ပါတော့မည်။ သခင်ခရစ်တော်သည် ဝန်ဆောင်မှုပေးဖို့
လောကကို ကြွလာခဲ့တယ်။ သင့်ကိုလည်း ၀န်ဆောင်မှုပေးနိုင်သူ တစ်ယောက်ဖြစ်လာဖို့အတွက်လည်း
ကူညီပေးပါလိမ့်မည်။
ဆင်ခြင်ရန်
-
ဘုရား၏
သင့်ကိုနောက်ဆုံးသွန်သင်ခဲ့ဖူးခြင်းက မည်သို့နည်း။ သမ္မာကျမ်းစာ၏အမှန်တရားကို သာသနာ
အတွက် မည်ကဲ့သို့ သင်အသုံးပြုခဲ့ပါသနည်း။
-
၀န်ဆောင်မှုပြုခြင်းတွေက
ယုံကြည်သူတွေကို ကမ္ဘာပေါ်မှာ မည်ကဲ့သို့ ထင်ရှားစေပါသနည်း။
ယခု “အသက်တာ ဝန်ဆောင်မှုပေးခြင်းမျိုး”ကို မည်ကဲ့သို့သောပုဂိ္ဂုလ်က
သက်သေသာဓက ဖြစ်စေပါ သနည်း။ သူ၏အသက်တာ နေထိုင်မှုပုံစံကနေ သင်ဘာကို လေ့လာသင်ယူနိုင်ပါသနည်း။