Zawgyi Font
ဆင်ခြင်ရန်
---------------------------------------------------------------------------------
Unicode:
---------------------------------------------------------------------------------
Unicode:
အသက်တာ၌ပြုခဲ့သောအမှားတွေကြောင့် သင့်အပေါ်ဘုရားခေါ်တော်မူခြင်းကို
မရပ်တန့်စေပါ။
ရောမ ၈:၂၈ “ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း
ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို
ငါတို့သိကြ၏။”
သင်ညစ်ပတ်ရှုပ်ပွေခဲ့ပြီ ။ အပြစ်ပြုခဲ့ပြီ ။ ဆိုးရွားတဲ့ဆုံးဖြတ်ချက်တွေချခဲ့ပြီ
။ ကျွန်ုပ်လည်းဒီအတိုင်းပါဘဲ…။
ဒါပေမဲ့
ဘာကိုခန့်မှန်းကြည့်ကြမလဲ။
အထက်ပါအားနည်းချက်တွေက
ဘုရား၏သင့်ကို ခေါ်တော်မူခြင်းအရာကို နည်းနည်းမျှမပြောင်းလဲစေပါ။ သင်မွေးစက ပင် ဘုရား၏ခေါ်တော်မူခြင်း
၊ သင့်ကိုအပြစ်မှ ကယ်တင်ခဲ့တဲ့အချိန်မှာထပ်လောင်းပြောထားပါသေးတယ်။ ဒါသည် ထာ၀ရအတွက်ခေါ်ခြင်းဖြစ်ပြီး
အမြဲတမ်းအတွက် မပြောင်းလဲခြင်းဖြစ်ပါတယ်။
တမန်တော်ရှင်ပေါလုကို
ကြည့်ပါ။ ယုံကြည်သူတစ်ယောက်ဖြစ်မလာခင်မှာ လူတွေကို အိမ်ကနေလမ်းပေါ်ထိဆွဲခေါ်ပြီး ထောင်ထဲ၀င်စေခဲ့တယ်။
သူရေးခဲ့တဲ့ တိမောသေဩဝါဒစာ ပဌမစောင် ၁:၁၂-၁၃ “ထိုတရားကို ငါ၌အပ်ပေးတော်မူသည်ဖြစ်၍
ငါ့ကိုခွန်အားနှင့်ပြည့်စုံတော်မူသော ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်ကို ငါချီးမွမ်း၏။
ငါသည်ကဲ့ရဲ့သောသူ ၊ ညဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူဖြစ်သော်လည်း သစ္စာရှိသောသူဟု ထိုသခင်သည်
မှတ်၍ ဓမ္မဆရာအရာ၌ ခန့်ထားတော်မူ၏။ ထိုသို့ငါပြုသောအခါ ယုံခြင်းမရှိ၊ အမှန်မသိဘဲ ပြုသောကြောင့်
ဂရုဏာတော်ကို ငါခံရပြီ။”
ဒါပေမဲ့
“ရှင်ပေါလု”အပေါ် ဘုရား၏ခေါ်တော်မူခြင်းသည်ဘာမှ မပြောင်းလဲခဲ့ပါ။ ထိုနည်း၄င်းပင် သင့်၌လည်း
ဘုရား၏ခေါ်တော်မူခြင်းသည် မပြောင်းလဲပါ။
တကယ်တော့
၊ ယနေ့နှင့် အနာဂတ်ကာလတွင် သူ၏ဘုန်းတော်အတွက် သင့်အတိတ်ကနာကျင်မှုတွေကို ဘုရားက အသုံးပြုချင်ပါတယ်။
အဲဒီနာကျင်မှုကို ဘုရားက အလဟဿမဖြစ်စေပါ။ သူ၏အကြံအစည်တွေအတိုင်း ကွက်တိဖြစ် သွားစေသည်။
သင်၏အမှား
၊ ပြုသောအပြစ် နှင့် သင့်ကိုနာကျင်စေသော သူတစ်ပါး၏အပြစ်တွေအားလုံးကို ဘုရားက သူ၏အကြံအ
စည်ဖြစ်တဲ့ ပြန်လည်ရွေးနုတ်ခြင်း ၊ အဖတ်ဆယ်ခြင်းတွေမှာ
အသုံးပြုနိုင်တယ်။ ရောမ ၈:၂၈ “ဘုရားသခင်ကို ချစ်သောသူတည်းဟူသော
ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာ တို့သည် တညီတညွတ်တည်း
ပြုစုကြသည်ကို ငါတို့သိကြ၏။”
ဆင်ခြင်ရန်
-မည်ကဲ့သို့သော
အတိတ်ကမှားယွင်းမှုအတွက် ဘုရားအသုံးမပြုနိုင်မှာကို သင်အကြောက်ဆုံးဖြစ်နေပါသလဲ။
-တခြားသူတွေ
သူတို့၏အားနည်းချက်တွေကနေ ကျော်လွန်နိုင်ခဲ့ပြီး ဘုရား၏ခေါ်တော်မူခြင်းကို စွဲကိုင်လိုက်နိုင်တဲ့သူ
ကို သင်မည်ကဲ့သို့မြင်ပါသနည်း။
-သင့်အသက်တာ၏
နာကျင်မှုတွေကို ဘုရားက အလဟဿ မဖြစ်စေဘူး - စတဲ့အမှန်တရားက သင့်ကို မည်ကဲ့သို့ အားပေးမှု
ဖြစ်စေပါသနည်း။