Zawgyi Font
ဟေဗြဲဩဝါဒစာ ၁၂:၁ “ထို့ကြောင့်ဤမျှလောက်များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝန်းရံလျက်ရှိကြ သည်ဖြစ်၍ ၊ ငါတို့သည် ခပ်သိမ်းသောဝန်တို့ကို၎င်း၊ နှောင့်ယှက်တတ်သောဒုစရိုက်ကို၎င်း ပယ်ရှား၍ ငါတို့မျက်မှောက် ၌ ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှါ အားမလျော့ဘဲ ပြေးကြကုန်အံ့။”
ဟေဗြဲဩဝါဒစာ ၁၂:၁ “ထို့ကြောင့်ဤမျှလောက်များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝန်းရံလျက်ရှိကြ သည်ဖြစ်၍ ၊ ငါတို့သည် ခပ်သိမ်းသောဝန်တို့ကို၎င်း၊ နှောင့်ယှက်တတ်သောဒုစရိုက်ကို၎င်း ပယ်ရှား၍ ငါတို့မျက်မှောက်၌ ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှါ အားမလျော့ဘဲ ပြေးကြကုန်အံ့။”
ဆင်ခြင်ရန်
---------------------------------------------------------------------------------
Unicode:
---------------------------------------------------------------------------------
Unicode:
သင့်အား အတားအဆီးဖြစ်စေမည့်အရာတွေကို လက်လွတ်လိုက်ပါ။
ဟေဗြဲဩဝါဒစာ ၁၂:၁ “ထို့ကြောင့်ဤမျှလောက်များစွာသော
သက်သေအပေါင်းတို့သည် ငါတို့ကို ဝန်းရံလျက်ရှိကြ သည်ဖြစ်၍ ၊ ငါတို့သည် ခပ်သိမ်းသောဝန်တို့ကို၄င်း၊
နှောင့်ယှက်တတ်သောဒုစရိုက်ကို၄င်း ပယ်ရှား၍ ငါတို့မျက်မှောက် ၌ ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှါ
အားမလျော့ဘဲ ပြေးကြကုန်အံ့။”
အပြေးပြိုင်ပွဲတစ်ခုကို သင်ဝင်ပြိုင်ဖို့ဆုံးဖြတ်တယ်ဆိုလျှင်
မလိုအပ်တဲ့လေးလံမှုတွေနှင့်အတူဖြစ်နေပါက အောင်မြင် စွာလုပ်ဆောင်နိုင်မည်မဟုတ်ပါ။ အဝတ်အစားကိုလည်း
ကိုးထပ်လောက်သင်မဝတ်နိုင်ပါ။ အဲဒီအရာတွေက ဒုက္ခရောက်စေပါတယ်။ အပြေးပြိုင်တဲ့သူတွေ လိုအပ်တဲ့အရာတွေက
-အားကစားဝတ်စုံတစ်စုံ၊ ၊ ရှပ်အင်္ကျီ နှင့် ပေါ့ပါးတဲ့ ဖိနပ်တစ်ရံ သာဖြစ်တယ်။ မလိုအပ်သောအရာတွေကို
သူတို့လုံးဝမသယ်ချင်ကြပါ။
သင်သည်လည်း ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တယ်။
ခရစ်ယာန်အသက်တာအကြောင်းကို သမ္မာကျမ်းစာကဖော်ပြနေ ပါတယ်။ ခရစ်တော်နှင့်ပိုပြီးတူလာစေတဲ့
လမ်းခရီးဖြစ်တယ်။
ဟေဗြဲဩဝါဒစာ ၁၂:၁ “ထို့ကြောင့်ဤမျှလောက်များစွာသော
သက်သေအပေါင်းတို့သည် ငါတို့ကို ဝန်းရံလျက်ရှိကြ သည်ဖြစ်၍ ၊ ငါတို့သည် ခပ်သိမ်းသောဝန်တို့ကို၄င်း၊
နှောင့်ယှက်တတ်သောဒုစရိုက်ကို၄င်း ပယ်ရှား၍ ငါတို့မျက်မှောက်၌ ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှါ
အားမလျော့ဘဲ ပြေးကြကုန်အံ့။”
အပြေးပြိုင်ပွဲဝင်တွေ လမ်းခရီးမှာတခြားအပို
လေးလံတဲ့အရာတွေကို မသယ်ဆောင်ကြသကဲ့သို့ သင်သည်လည်း ထိုနည်း၄င်းပင်ဖြစ်ပါတယ်။ ဘုရားအလိုတော်ရှိသောသူတစ်ယောက်ဖြစ်လာဖို့ရန်
လျှောက်လှမ်းသော အသက်တာခရီး လမ်းမှာ တစ်ချို့သောအကြောင်းအရာ ၊ ကိစ္စ တွေကို ထားခဲ့ရပါမည်။
ဟေဗြဲ ၁၂:၁ မှာဖော်ပြထားတဲ့အတိုင်း သင်ပြေးနေရသော
ခရီးလမ်းမှာလည်း သေချာစေဖို့စတင်လုပ်ဆောင်ပါ။ ဘုရားပေးထားတဲ့အသက်တာခရီးကို မပြေးခင်မှာ
တခြားသူတွေ၏အကြံအစည် ၊ အစီအစဉ်တွေကို သင့်အသက်တာ အတွက် မလိုသောအချိန်မှာ လက်လွှတ်ရပါမည်။
သင်၏အသက်တာခရီးကို သင်သာလျှင်ပြေးနိုင်မည်။ သင်၏မိဘတွေပြေးလို့မရသလို
၊ သင့်၏ချစ်သူ လည်းမပြေး နိုင်ပါ။ သင်သည်လည်း သူတစ်ပါးအတွက် မပြေးနိုင်ပါ။ သင့်လမ်းကို
သင်သာပိုင်ဆိုင်ပါသည်။
ပြေးဖို့ သင်ဆုံးဖြတ်ပြီဆိုလျှင် အတားအဆီးဖြစ်စေတဲ့အရာမှန်သမျှတွေကို
ရှင်းထုတ်ရပါမည်။ ကပ်ငြိနေတဲ့အပြစ် တွေကိုလည်း ဖယ်ထုတ်ရပါမည်။ သင်၏မျှော်လင့်ချက် နှင့်
သူတစ်ပါးဆီက သင်မျှော်လင့်ထားတာတွေကို ဖယ်ရှင်းရပါမည်။ သင်၏အစီအစဉ်တွေကို စွန့်လွှတ်ဖို့နှင့်ဘုရားအလိုတော်ရှိတော်မူသည်အတိုင်း
အပ်နှံရန်ဖြစ် ပါတယ်။
သင်ဤကဲ့သို့လုပ်ဆောင်ပြီးပါလျှင်
ဘုရားထံသို့ ဤစကားကို သင်ပြောနိုင်ပါပြီ “အဖဘုရား . . . အလိုတော်ရှိသော သူအဖြစ် ခေါ်တော်မူသည်အတိုင်း
အသင့်ဖြစ်ပါပြီ။ ပြိုင်ပွဲအတွက် အဆင်သင့်ပါ။”
ဒါသည် ကောင်းမြတ်တဲ့အပြေးပြိုင်မှုတစ်ခုကို
စတင်ဖို့ရန် ပထမဆုံးသောခြေလှမ်းဖြစ်ပါတယ်။
ဆင်ခြင်ရန်
-ဘုရားရှင်ခေါ်တော်မူသောအသက်တာလမ်းကြောင်းတိုင်း
လိုက်လျှောက်ရင်း သူတစ်ပါးဆီမှ မည်ကဲ့သို့သော မျှော်လင့်ချက်တစ်ချို့ကို မေ့နေခဲ့ပါသနည်း။
-တခြားသူတစ်ယောက်၏အပြေးလမ်းတွင်
သင့်ကိုကြိုးစားယူဖို့ပြောနေတဲ့သူတွေကို မည်ကဲ့သို့တုံ့ပြန်မည်နည်း။
- ဘုရား၏ခေါ်တော်မူခြင်းအတွက် မည်ကဲ့သို့သော
အပြစ်ဖြစ်စေသောပုံစံတွေက သင့်ကို နှောင့်ယှက်နေပါသနည်း။