Zawgyi Font
ဆုံးရႈံးမႈရင္ဆိုင္ရတဲ့ကာလမွာ သင္၏ပူေဆြးေသာကေတြ ကိုေျဖလႊတ္လိုက္ပါ။
ဆုံးရႈံးမႈရင္ဆိုင္ရတဲ့ကာလမွာ သင္၏ပူေဆြးေသာကေတြ ကိုေျဖလႊတ္လိုက္ပါ။
ဆာလံ ၆၂:၈ “အိုလူမ်ားတို႔ ၊ ဘုရားသခင္၌ အစဥ္မျပတ္ခိုလႈံၾကေလာ့။ ေရွ႕ေတာ္၌ စိတ္ႏွလုံးကို ဖြင့္ျပၾကေလာ့။ ဘုရားသခင္သည္ ငါတို႔ခိုလႈံရာျဖစ္ေတာ္မူ၏။”
အျဖစ္ဆိုးေတြက ခိုင္မာတဲ့စိတ္ခံစားမႈေတြကို အျမဲတမ္း ျဖစ္ေပၚေစပါတယ္ - ေဒါသထြက္ျခင္း ၊ ေၾကာက္ရြံ့ျခင္း ၊ ပူပန္ျခင္း ၊ စိတ္ဓါတ္က်ျခင္း ၊ စိုးရိမ္ျခင္း ႏွင့္ တစ္ခါတစ္ရံ အျပစ္ရွိျခင္းေတြေပါ့။ ဤခံစားခ်က္ေတြက ကၽြန္ုပ္တို႔ကို ေခ်ာက္လွန႔္ေစနိုင္တယ္ ၊ အဲဒီအရာေတြနဲ႔ ဘာလုပ္ရမည္ကိုလည္း ကၽြန္ုပ္တို႔ မသိၾကပါ။ အေရးပါတဲ့ (သို႔) ႀကီးမားတဲ့ ဆုံးရႈံးမႈကို ရင္ဆိုင္ခဲ့ရလၽွင္ အဲဒီမ်ားစြာေသာ ခံစားခ်က္ေတြက ကၽြန္ုပ္တို႔အထဲမွာ ဗလုံစီပြက္ေလာ ရိုက္ခတ္ပါေတာ့တယ္။ ယခုအခ်ိန္မွာ အဲဒီခံစားခ်က္ေတြကို မတြန္းလွန္နိုင္ပါလၽွင္ နာလန္ထူနိုင္ဖို႔အတြက္ အလြန္ၾကာသြားပါလိမ့္မည္။
တခ်ိဳ႕လူေတြက အသက္တာရင္ဆိုင္ရတဲ့ေသာကေတြကို ကိုင္တြယ္ေျဖရွင္းျခင္းမ်ား ဘယ္ေတာ့မွအလ်င္အျမန္ တိတိက်က် မလုပ္ေဆာင္ၾကပါ။ သူတို႔အဲဒီအရာေတြကို သြတ္ထည့္ထားၾကတယ္။ မရွိခဲ့သလို ၊ မျဖစ္ခဲ့သလို ဟန္ေဆာင္ၾကတယ္။ ဒါေၾကာင့္ သူတို႔ေတြ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀ (သို႔) ၃၀ ကတည္းက ပါလာတဲ့ ဆုံးရႈံးျခင္း ကေန စိတ္ဖိစီးမႈခံစားခ်က္ေတြႏွင့္အတူ ဆက္လက္႐ုန္းကန္ေနၾကပါတယ္။
စိတ္ကူးယဥ္စြာ ေျပာၾကတဲ့စကားအရ သင့္မ်က္ႏွာမွာ အျမဲတမ္းအျပဳံးမ်ားျဖင့္ေလၽွာက္လန္းၿပီး “Praise the Lord” လို႔ေျပာေနျခင္းကို ဘုရားသခင္အလိုရွိတယ္တဲ့။ သမၼာက်မ္းစာက ဘယ္မွာမွ အဲဒီလိုမေျပာထားပါ။
တကယ္ေတာ့ သခင္ခရစ္ေတာ္က အဲဒါနဲ႔ဆန႔္က်င္ဘက္ တိက်တဲ့စကားကိုေျပာခဲ့ပါတယ္။ မႆဲ ၅:၄ “စိတ္မသာညည္းတြားေသာ သူတို႔သည္ မဂၤလာရွိၾက၏။ အေၾကာင္းမူကား ထိုသူတို႔သည္ ဘုရားသခင္ကို ျမင္ရၾကလိမ့္မည္။” ပူေဆြးေသာကျဖစ္တာ ရပါတယ္။ ယုံၾကည္သူခရစ္ယာန္ေတြက သူတို႔ေသလၽွင္ေကာင္းကင္ ဘုံေရာက္မည္ဆိုတာသိၾကတယ္။ ဒါေၾကာင့္ ဤကမၻာမွာ ပူေဆြးေသာက ေရာက္ဖို႔မလိုပါ။ ဆုံးရႈံးမႈေနာက္ ပိုင္းမွာရွိတဲ့ ပူေဆြးမႈေတြက ကြဲျပားျခားနားနိုင္ပါတယ္။ ကၽြန္ုပ္တို႔ ပူေဆြးေသာက ျဖစ္ရျခင္းက ဆုံးရႈံးသြားတဲ့ အရာေတြကို သတိရေနၾကလို႔ပါ။ ဒါေပမဲ့ ဆုံးရႈံးသြားတဲ့သူေတြသည္ ဘုရား၌ရွိတယ္ ဆိုတာသိတဲ့အတြက္ ၿငိမ္သက္ျခင္းမ်ားလည္း ရရွိနိုင္ပါတယ္။
သင္၏စိတ္ခံစားခ်က္ႏွင့္ပတ္သက္လို႔ ဘာကိုလုပ္ေဆာင္ပါသလဲ။ ခ်ဳပ္တည္းမႈမျပဳတာလား (သို႔) သင့္အထဲမွာ သိပ္ထည့္ထားတာလား။ ေျဖေလ်ာ့လိုက္ၿပီး ဘုရားထံေပးလိုက္တယ္ . . . ဘုရားထံေတာ္မွာ “ကၽြန္ုပ္နာက်င္ ၀◌မ္းနည္းရပါၿပီ”လို႔ ငိုေႂကြးလိုက္တယ္။ ထိရွၿပီးေကာင္းတဲ့အေၾကာင္းအရာတစ္ခုကို ဉပမာအေန ျဖင့္လိုခ်င္လၽွင္ ဆာလံက်မ္းကိုဖတ္ပါ။ အဲဒီမွာ ဒါ၀ိလ္မင္းႀကီးက သူ၏အျပစ္ေတြကို လၽွံထြက္ေစၿပီး “အဖဘုရား ၊ ယခုအခ်ိန္မွာ စိတ္ထိခိုက္ရပါၿပီ။ တကယ္ပင္ နာက်င္ေနပါၿပီ”လို႔ ဘုရားထံငိုေႂကြးသလို သင္ငိုေႂကြးလိုက္တယ္။
ဆုံးရႈံးမႈေတြႏွင့္သာျဖတ္သန္းေနရတဲ့အခါ နာလည္ေစခ်င္တာက … သင္၏ပူေဆြးမႈေတြကို မေျဖေလ်ာ့သေရြ႕ အဲဒီပူေဆြးမႈက ေနာက္ဆုံးတိုင္ လၽွံထြက္လာမည္ျဖစ္သည္။ စိတ္ခံစားမႈေတြက အစိုင္အခဲလိုျဖစ္တည္လာၿပီး ေနာက္ဆုံးမွာ ဆိုးရြားတဲ့အေျခအေနအတိုင္း ေပါက္ထြက္လာမည္ျဖစ္သည္။
သင္၏ပူေဆြးေသာကေတြကို အရင္ဆုံးေျဖေလ်ာ့ပါ။ ဒါမွ သင္၏စိတ္ႏွလုံးကို ဘုရားသခင္ ကုသေပးဖို႔ စတင္နိုင္ ပါမည္။
ဆင္ျခင္ရန္
-ကၽြန္ုပ္တို႔လူမႈ၀န္းက်င္တြင္ စိတ္ခံစားမႈကို ေျဖေလ်ာ့ေပးၿပီး သက္ေတာင့္သက္တာေနနိုင္ဖို႔အတြက္ မည္သို႔ ေသာနားလည္မႈလႊဲျခင္းေတြက ေ၀းကြာေစပါသနည္း။
-မည္သို႔ေသာ ပူေဆြးေသာကေတြ (သို႔) ဆုံးရႈံးမႈေတြကို သင့္အသက္တာမွာ တုံ႔ျပန္ဖို႔အတြက္ ရင္ဆိုင္ ႐ုန္းကန္ေနရသနည္း။ မည္ကဲ့သို႔ သင့္ကို ထိေရာက္မႈ/ အက်ိဳးသက္ေရာက္မႈ ျဖစ္ေစပါသနည္း။
-ပူေဆြးေသာကေ၀ဒနာခံစားေနရာသူတစ္ဉီးဉီးကို အသင္းေတာ္က နာက်င္ေစသလား (သို႔) ကူညီမႈျပဳပါ သလား။ ရိုးစင္းေသာအားေပးမႈမ်ားျဖင့္ သင္၏အဖြဲ႕ (သို႔) အသင္းေတာ္၌ မည္ကဲ့သို႔ ကူညီနိုင္ပါသနည္း။
---------------------------------------------------------------------------------
---------------------------------------------------------------------------------
ဆုံးရှုံးမှုရင်ဆိုင်ရတဲ့ကာလမှာ သင်၏ပူဆွေးသောကတွေ ကိုဖြေလွှတ်လိုက်ပါ။
ဆာလံ ၆၂:၈ “အိုလူများတို့ ၊ ဘုရားသခင်၌ အစဉ်မပြတ်ခိုလှုံကြလော့။ ရှေ့တော်၌
စိတ်နှလုံးကို ဖွင့်ပြကြလော့။ ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်တော်မူ၏။”
အဖြစ်ဆိုးတွေက
ခိုင်မာတဲ့စိတ်ခံစားမှုတွေကို အမြဲတမ်း ဖြစ်ပေါ်စေပါတယ် - ဒေါသထွက်ခြင်း ၊ ကြောက်ရွံ့ခြင်း
၊ ပူပန်ခြင်း ၊ စိတ်ဓါတ်ကျခြင်း ၊ စိုးရိမ်ခြင်း နှင့် တစ်ခါတစ်ရံ အပြစ်ရှိခြင်းတွေပေါ့။
ဤခံစားချက်တွေက ကျွန်ုပ်တို့ကို ချောက်လှန့်စေနိုင်တယ် ၊ အဲဒီအရာတွေနဲ့ ဘာလုပ်ရမည်ကိုလည်း
ကျွန်ုပ်တို့ မသိကြပါ။ အရေးပါတဲ့ (သို့) ကြီးမားတဲ့ ဆုံးရှုံးမှုကို ရင်ဆိုင်ခဲ့ရလျှင်
အဲဒီများစွာသော ခံစားချက်တွေက ကျွန်ုပ်တို့အထဲမှာ ဗလုံစီပွက်လော ရိုက်ခတ်ပါတော့တယ်။
ယခုအချိန်မှာ အဲဒီခံစားချက်တွေကို မတွန်းလှန်နိုင်ပါလျှင် နာလန်ထူနိုင်ဖို့အတွက် အလွန်ကြာသွားပါလိမ့်မည်။
တချို့လူတွေက
အသက်တာရင်ဆိုင်ရတဲ့သောကတွေကို ကိုင်တွယ်ဖြေရှင်းခြင်းများ ဘယ်တော့မှအလျင်အမြန် တိတိကျကျ
မလုပ်ဆောင်ကြပါ။ သူတို့အဲဒီအရာတွေကို သွတ်ထည့်ထားကြတယ်။ မရှိခဲ့သလို ၊ မဖြစ်ခဲ့သလို
ဟန်ဆောင်ကြတယ်။ ဒါကြောင့် သူတို့တွေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ (သို့) ၃၀ ကတည်းက ပါလာတဲ့
ဆုံးရှုံးခြင်း ကနေ စိတ်ဖိစီးမှုခံစားချက်တွေနှင့်အတူ ဆက်လက်ရုန်းကန်နေကြပါတယ်။
စိတ်ကူးယဉ်စွာ
ပြောကြတဲ့စကားအရ သင့်မျက်နှာမှာ အမြဲတမ်းအပြုံးများဖြင့်လျှောက်လန်းပြီး “Praise the Lord”
လို့ပြောနေခြင်းကို ဘုရားသခင်အလိုရှိတယ်တဲ့။ သမ္မာကျမ်းစာက ဘယ်မှာမှ အဲဒီလိုမပြောထားပါ။
တကယ်တော့
သခင်ခရစ်တော်က အဲဒါနဲ့ဆန့်ကျင်ဘက် တိကျတဲ့စကားကိုပြောခဲ့ပါတယ်။ မဿဲ ၅:၄ “စိတ်မသာညည်းတွားသော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား
ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလိမ့်မည်။” ပူဆွေးသောကဖြစ်တာ ရပါတယ်။ ယုံကြည်သူခရစ်ယာန်တွေက
သူတို့သေလျှင်ကောင်းကင် ဘုံရောက်မည်ဆိုတာသိကြတယ်။ ဒါကြောင့် ဤကမ္ဘာမှာ ပူဆွေးသောက ရောက်ဖို့မလိုပါ။
ဆုံးရှုံးမှုနောက် ပိုင်းမှာရှိတဲ့ ပူဆွေးမှုတွေက ကွဲပြားခြားနားနိုင်ပါတယ်။ ကျွန်ုပ်တို့
ပူဆွေးသောက ဖြစ်ရခြင်းက ဆုံးရှုံးသွားတဲ့ အရာတွေကို သတိရနေကြလို့ပါ။ ဒါပေမဲ့ ဆုံးရှုံးသွားတဲ့သူတွေသည်
ဘုရား၌ရှိတယ် ဆိုတာသိတဲ့အတွက် ငြိမ်သက်ခြင်းများလည်း ရရှိနိုင်ပါတယ်။
သင်၏စိတ်ခံစားချက်နှင့်ပတ်သက်လို့
ဘာကိုလုပ်ဆောင်ပါသလဲ။ ချုပ်တည်းမှုမပြုတာလား (သို့) သင့်အထဲမှာ သိပ်ထည့်ထားတာလား။ ဖြေလျော့လိုက်ပြီး
ဘုရားထံပေးလိုက်တယ် . . . ဘုရားထံတော်မှာ “ကျွန်ုပ်နာကျင် ဝမ်းနည်းရပါပြီ”လို့ ငိုကြွေးလိုက်တယ်။ ထိရှပြီးကောင်းတဲ့အကြောင်းအရာတစ်ခုကို ဉပမာအနေ
ဖြင့်လိုချင်လျှင် ဆာလံကျမ်းကိုဖတ်ပါ။ အဲဒီမှာ ဒါဝိလ်မင်းကြီးက သူ၏အပြစ်တွေကို လျှံထွက်စေပြီး
“အဖဘုရား ၊ ယခုအချိန်မှာ စိတ်ထိခိုက်ရပါပြီ။ တကယ်ပင် နာကျင်နေပါပြီ”လို့ ဘုရားထံငိုကြွေးသလို
သင်ငိုကြွေးလိုက်တယ်။
ဆုံးရှုံးမှုတွေနှင့်သာဖြတ်သန်းနေရတဲ့အခါ
နာလည်စေချင်တာက … သင်၏ပူဆွေးမှုတွေကို မဖြေလျော့သရွေ့ အဲဒီပူဆွေးမှုက နောက်ဆုံးတိုင်
လျှံထွက်လာမည်ဖြစ်သည်။ စိတ်ခံစားမှုတွေက အစိုင်အခဲလိုဖြစ်တည်လာပြီး နောက်ဆုံးမှာ ဆိုးရွားတဲ့အခြေအနေအတိုင်း
ပေါက်ထွက်လာမည်ဖြစ်သည်။
သင်၏ပူဆွေးသောကတွေကို
အရင်ဆုံးဖြေလျော့ပါ။ ဒါမှ သင်၏စိတ်နှလုံးကို ဘုရားသခင် ကုသပေးဖို့ စတင်နိုင် ပါမည်။
ဆင်ခြင်ရန်
-ကျွန်ုပ်တို့လူမှု၀န်းကျင်တွင်
စိတ်ခံစားမှုကို ဖြေလျော့ပေးပြီး သက်တောင့်သက်တာနေနိုင်ဖို့အတွက် မည်သို့ သောနားလည်မှုလွှဲခြင်းတွေက
ဝေးကွာစေပါသနည်း။
-မည်သို့သော
ပူဆွေးသောကတွေ (သို့) ဆုံးရှုံးမှုတွေကို သင့်အသက်တာမှာ တုံ့ပြန်ဖို့အတွက် ရင်ဆိုင်
ရုန်းကန်နေရသနည်း။ မည်ကဲ့သို့ သင့်ကို ထိရောက်မှု/ အကျိုးသက်ရောက်မှု ဖြစ်စေပါသနည်း။
-ပူဆွေးသောကေ၀ဒနာခံစားနေရာသူတစ်ဉီးဉီးကို
အသင်းတော်က နာကျင်စေသလား (သို့) ကူညီမှုပြုပါ သလား။ ရိုးစင်းသောအားပေးမှုများဖြင့်
သင်၏အဖွဲ့ (သို့) အသင်းတော်၌ မည်ကဲ့သို့ ကူညီနိုင်ပါသနည်း။