Zawgyi Font
-------------------------------------------------------------------------------
Unicode:
-------------------------------------------------------------------------------
Unicode:
သူတစ်ပါးဆီက ဘုရားသခင်၏ကောင်းမြတ်ခြင်းတွေ၌ မည်ကဲ့သို့၀မ်းမြောက်ခြင်းဖြစ်စေမည်နည်း။
ရောမ ၁၂:၁၅ “၀မ်းမြောက်သောသူတို့နှင့်အတူ ၀မ်းမြောက်ခြင်းကိုလည်းကောင်း
၊ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကိုလည်းကောင်း ပြုကြလော့။”
သူတစ်ပါးအပေါ်
ဘုရားကောင်းကြီးပေးမှုတွေကို မြင်ရတဲ့အခါ ၀မ်းမြောက်ခြင်း (သို့) မကျေမချမ်းဖြစ်ခြင်းများဖြင့်
ရွေးချယ်တုံ့ပြန်တတ်ကြပါတယ်။ တစ်ချို့နည်းလမ်းတွေမှာ ယနေ့ပေးထားသောကျမ်းပိုဒ်၏ ဒုတိယပိုင်းက
ပထမပိုင်း ထက်ပိုပြီးလွယ်ကူပါတယ်။ ငိုကြွေးသူများနှင့်အတူ ငိုကြွေးတာက ပိုပြီးလွယ်ကူပါတယ်။
ဒါပေမဲ့ သူတစ်ပါးအောင်မြင်မှုတွေ တွေ့ကြုံရချိန်တွေမှာ
၀မ်းသာဖို့ပိုပြီးခက်ခဲနေကြတယ်။ တကယ်တော့ အဲဒါတွေက ကျွန်ုပ်တို့ကို ခြိမ်းခြောက်တယ်လို့
တစ်ခါတစ်ရံ ခံစားရပါပြီး မကျေမချမ်းတွေ ဖြစ်တော့တာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်ုပ်တို့ထင်ရတာက
ကမ္ဘာကြီးသည် ဖုတ်ထားတဲ့ကြီးမားတဲ့မုန့်လို အပိုင်းပိုင်းလှီးခံရတယ်ပေါ့။ တစ်စုံတစ်ယောက်၏
မုန့်ချပ်လေးက ကျွန်ုပ်မုန့်ချပ်ထက်အနည်းငယ်ကြီးနေပါလျှင် ကျွန်ုပ်၏မုန့်ချပ်သည် တော်တော်လေးကို
သေးဖို့ဘဲကျန်တယ်လို့ အဓိပ္ပါယ်ရောက်သွားပါတယ်။ အဲဒီလိုအတွေးက မှားယွင်းပါတယ်။ မုန့်ချပ်တိုင်းကို
ဘုရားပိုင်ဆိုင်ထားပါတယ်။ ကောင်းကြီးမင်္ဂလာတွေ ၊ ကောင်းမြတ်ခြင်းတွေကို မပြတ်လပ်စေဘူး။
လူတိုင်းအတွက် ဒီထက်မကသောအရာတွေလာဖို့ရှိပါတယ် ။ ဘုရားက တစ်ဉီးတစ်ယောက်ကို ကောင်းချီးပေးလိုက်လို့
သင့်အတွက်မကျန်မှာလည်း မဟုတ်ပါ။ သင့်ကိုလည်း ကောင်းချီးပေးချင်တာပေါ့။ ဒါပေမဲ့ များစွာသော
မတူညီတဲ့ နည်းလမ်းကနေ ကောင်းချီးပေးပါတယ်။
မနာလိုခြင်းတွေက
သူတစ်ပါးပျော်ရွှင်ခြင်းတွေမှာ ၀င်ရောက်ပတ်သက်ဖို့ကို သင့်ကိုေးကွာစေမှာပါ။ အဖြေရလဒ်က
တော့ လောကကြီးမှာ ရှင်သန်ရတာကို သင်သိပ်ပြီးမပျော်ရွှင်တော့ပါ။ သူတစ်ပါးကို မနာလိုခြင်းတွေက
သင့်အတွက် စိတ်မသက်မသာရာ လူသားအဖြစ်သို့ ဖြစ်လာစေပါမည်။
မဿဲ၂၀
မှာပုံဆောင်ထားတဲ့ စပျစ်ခြံလုပ်သားတွေ ဖြစ်ပျက်မှုနည်းအတိုင်းဖြစ်ပါတယ်။ စပျစ်ပိုင်ရှင်သည်
အလုပ်အတွက် လူတစ်ချို့ကို အစအဉီးပိုင်းအချိန်တွေမှာ ငှားရမ်းလုပ်ကိုင်စေခဲ့တယ်။ နောက်ထပ်လူတွေကိုလည်း
နောက်ပိုင်းအချိန်တွေမှာ လုပ်ကိုင်စေခဲ့ပြီး လုပ်အားခ တူညီစွာပေးခဲ့ပါတယ်။ အစအဉီးပိုင်းမှာ
လုပ်ဆောင်ခဲ့တဲ့ လုပ်သားတွေက သူတို့ လိမ်လည်ခံရတယ်လို့ထင်ကြပါတယ်။ သူတို့ရရှိတဲ့အခကြေးငွေအတွက်
၀မ်းသာရမည့်အစား သူတို့တွေ မကျေမချမ်းဖြစ်ခဲ့ကြပါတယ်။
ဒါပေမဲ့
သူတစ်ပါးဆီက ဘုရားသခင်၏ကောင်းမြတ်ခြင်းတွေအတွက် ၀မ်းမြောက်ဖို့ကို သင်ရွေးချယ်မည်ဆိုလျှင်
သင်အချိန်တိုင်းပျော်ရွှင်ရမှာပါ - ဘာကြောင့်လဲဆိုတော့ တစ်စုံတစ်ရာသောကောင်းမြတ်ခြင်းက
တစ်စုံတစ်ယောက် ပေါ်မှာ အမြဲတမ်းဖြစ်စေပါတယ်။