Zawgyi Font
ဆင်ခြင်ရန်
---------------------------------------------------------------------------------
Unicode:
“အထူးလုပ်ငန်း/အလုပ်” ဆိုလိုက်တာနဲ့ လူတော်တော်များများက ပညာသည်ပီသတဲ့ သင်းအုပ်ဆရာ ၊ ကျောင်းဆရာ တို့၏တာ၀န် ၊ လူမှုထိန်းကျောင်းမှု၀တ္တရားနှင့်ပတ်သက်တဲ့အကြောင်းအရာတွေကိုဘဲထင်မြင်ကြတယ်။ ဒါပေမဲ့ ဘုရားသခင် ပြောထားတာက လူသားတစ်ဉီးချင်းစီတိုင်းသည် မိသားစု၀င်တွေ၏ အရေးပါသော စောင့်ရှောက်သူ (သို့) ၀န်ဆောင်သူ တွေပင်ဖြစ်ပါတယ်။ သမ္မာကျမ်းစာက ဖော်ပြထားတဲ့ “၀န်ထမ်း” နှင့် “၀န်ဆောင်” တွေသည် အကြောင်းတူ အသံကွဲ သဘောဖြစ်ကြပါတယ်။ သင်က ယုံကြည်သူခရစ်ယာန်ဆိုလျှင် ၊ သင်သည်၀န်ဆောင် သူဖြစ်မယ်။ သင်၏ ၀န်ဆောင်မှု ပေးနေခြင်းသည် ပြုစုပျိုးထောင်မှုပြုနေခြင်းပင်ဖြစ်ပါသည်။
---------------------------------------------------------------------------------
Unicode:
ဘုရား၌ သင်လုပ်ဆောင်ဖို့ရန်
ထူခြားသောအလုပ်ရှိတယ်။
ဧဖက် ၂:၁၀ “ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း ၊ ယေရှုခရစ်၌
ပြုပြင်၍ ဖန်ဆင်းတော် မူရာဖြစ်ကြ၏။ ထိုကောင်းသောအကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည်အကြောင်း
ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။
အရာရာ၌
သင်ထင်မြင်ယူဆနိုင်တာထက်ကို ကျောလွန်ပြီး လုပ်ဆောင်ဖို့ရန် ဘုရားသင့်ကို ခေါ်ဖိတ်ပါတယ်။
သင့်ကို ဤကမ္ဘာပေါ်မှာ ဖန်ဆင်းလိုက်ခြင်းသည် ထူးခြားမှုနှင့် အကူအညီ၊ အထောက်အပံ့တွေ
လုပ်ဆောင်ဖို့ဖြစ်ပါတယ်။
သင့်ကို ဖန်ဆင်းလိုက်ခြင်းက အရင်းအမြစ်တွေ အသုံးပြုခြင်းဆိုင်ရာ - စားဖို့
၊ အသက်ရှူဖို့ နှင့် ကွက်လပ်နေရာကို ယူဖို့မဟုတ်ပါ။ ကမ္ဘာပေါ်မှာ အသက်ရှင်ခြင်းဆိုင်ရာ
၊ ပေါင်းစည်းခြင်းဆိုင်ရာတွေကို ပြုဖို့ရန် သင့်ကို ဖန်ဆင်းခဲ့ခြင်းဖြစ်ပါတယ်။ သင်တစ်စုံတစ်ရာကို
ပြန်လည်ပေးအပ်ဖို့ရန် ဘုရားသခင်သည် အလိုရှိပါတယ်။
ဧဖက် ၂:၁၀ “ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း ၊ ယေရှုခရစ်၌
ပြုပြင်၍ ဖန်ဆင်းတော် မူရာဖြစ်ကြ၏။ ထိုကောင်းသောအကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည်အကြောင်း
ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။” ဤ “ကောင်းသောအကျင့်” ဆိုတာသည်
ကမ္ဘာကြီးအတွက် သင်၏၀န်ဆောင်မှုတွေကို ဆိုလိုသည်။ မည်သည့်နည်းမဆို သူတစ်ပါးကို အထောက်အမဖြစ်စေပါလျှင်
ဘုရားသခင်ကို ၀န်ဆောင်ခြင်းဖြစ်စေ ပါသည်။
(ကောလောသဲဩ၀ါဒစာ ၃:၂၃-၂၄ “လူ၏အမှုကိုသာဆောင်ရွက်သကဲ့သို့မဟုတ် ၊ သခင်ဘုရား၏အမှုတော်ကို
ဆောင်ရွက်သကဲ့သို့ ပြုလေသမျှတို့၌ စေတနာစိတ်နှင့်ပြုကြလော့။ သင်တို့သည် သခင်ခရစ်တော်၏အစေကို
ခံကြသည်ဖြစ်၍ အမွေတော်တည်းဟူသောအကျိုးကို ၊ ထိုသခင်ဘုရား၏ လက်တော်မှ ခံယူရလိမ့်မည်ဟု
သိမှတ် ကြလော့။”
မဿဲ ၂၅:၃၄-၃၅ “ထိုအခါ လကျ်တော်ဘက်၌ရှိသော သူတို့အား မင်းကြီးက ၊ ငါ့ခမည်းတော်ထံ
ကောင်းကြီးမင်္ဂလာကို ခံသောသူတို့ သင်တို့အဘို့ ပြင်ဆင်သောနိုင်ငံကို လာ၍အမွေခံကြလော့။
အကြောင်းမူကား ငါသည်မွတ်သိပ်သောအခါ သင်တို့သည် ကျွေးကြ၏။ ငါသည်ရေငတ်သောအခါ သင်တို့သည်
သောက်ဘို့ပေးကြ၏။ ငါသည် ဧည့်သည်ဖြစ်သော အခါ သင်တို့သည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည်
ဧည့်သည်၀တ်ကိုပြုကြ၏။”
ဧဖက် ၆:၇ “လူ၏အစေကိုသာ ခံသကဲ့သို့မဟုတ် ၊ သခင်ဘုရား၏အစေကို ခံသကဲ့သို့ကြည်ညိုသော သဘောနှင့် အစေကို ခံကြလော့။”
ပရောဖက် ယေရမိကို ဘုရားပြောခဲ့တဲ့အတိုင်း သင့်အတွက်လည်းမှန်ကန်စေပါတယ်
။ ယေရမိအနာဂ္ဂိကျမ်း ၁:၅ “သင့်ကို အမိ၀မ်းထဲ၌ I ငါမဖန်ဆင်းမှီသင့်ကို ငါသိပြီ။ မဘွားမှီကပင်
သင့်ကို ငါသန့်ရှင်းစေ၍ လူအမျိုးမျိုးတို့အဘို့၊ ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မူ၏။”
“အထူးလုပ်ငန်း/အလုပ်” ဆိုလိုက်တာနဲ့ လူတော်တော်များများက ပညာသည်ပီသတဲ့ သင်းအုပ်ဆရာ ၊ ကျောင်းဆရာ တို့၏တာ၀န် ၊ လူမှုထိန်းကျောင်းမှု၀တ္တရားနှင့်ပတ်သက်တဲ့အကြောင်းအရာတွေကိုဘဲထင်မြင်ကြတယ်။ ဒါပေမဲ့ ဘုရားသခင် ပြောထားတာက လူသားတစ်ဉီးချင်းစီတိုင်းသည် မိသားစု၀င်တွေ၏ အရေးပါသော စောင့်ရှောက်သူ (သို့) ၀န်ဆောင်သူ တွေပင်ဖြစ်ပါတယ်။ သမ္မာကျမ်းစာက ဖော်ပြထားတဲ့ “၀န်ထမ်း” နှင့် “၀န်ဆောင်” တွေသည် အကြောင်းတူ အသံကွဲ သဘောဖြစ်ကြပါတယ်။ သင်က ယုံကြည်သူခရစ်ယာန်ဆိုလျှင် ၊ သင်သည်၀န်ဆောင် သူဖြစ်မယ်။ သင်၏ ၀န်ဆောင်မှု ပေးနေခြင်းသည် ပြုစုပျိုးထောင်မှုပြုနေခြင်းပင်ဖြစ်ပါသည်။
ဘုရား၏ကောင်းမြတ်ခြင်းတွေကို
လက်ခံလိုက်တဲ့အခါသမယမှာ ဘာကြောင့်များ ဘုရားသခင်က ကျွန်ုပ်တို့ကို ကောင်းကင်ဘုံသို့ချက်ချင်းမခေါ်ပါသလဲလို့
သိချင်ခဲ့ဘူးပါသလား။ ကျွန်ုပ်တို့ကို ဤကမ္ဘာပေါ်မှာ ချန်ထားတာက သူ၏ ကျွန်ုပ်တို့အပေါ်မှာ
ထားရှိတဲ့ရည်ရွယ်ချက်ကို ပြည့်စေချင်လို့ဖြစ်ပါတယ်။ သင်က ကယ်တင်ခံရပြီဆိုလျှင် ဘုရားသခင်
က သူ၏ပန်းတိုင်အတွက် သင့်ကိုသုံးဖို့ဖြစ်လာပါမည်။ ဘုရားသခင်၌ သင့်အတွက် သူ၏အသင်းတော်မှာ
လုပ်ဆောင် စရာတွေနှင့် ကမ္ဘာကြီးတွင် သာသနာပြုခြင်းအလုပ်တွေရှိပါတယ်။
ဆင်ခြင်ရန်
-ဘုရားသခင်က
၀န်ဆောင်စရာပြုနိုင်ဖို့ရန် သင့်ကိုခေါ်ခြင်းကို သင်လက်ခံဖို့ရန် တစ်စုံတစ်ရာက သင့်ကိုနောက်ကနေ ဆွဲကိုင်ထားပါသလား။
-သခင်ယေရှုခရစ်တော်နောက်လိုက်သော ယုံကြည်သူတွေကို ဘာကြောင့်
ကျွမ်းကျင်သော ခရစ်ယာန်ဘုန်း တော်ကြီးတွေလို့ မခေါ်ဘဲ ၀န်ဆောင်သူတွေလို့ခေါ်နေခြင်းအတွက်
တစ်ချို့သောသူတွေက အဲဒီထင်မြင်ချက်အပေါ် ဘာကြောင်များ စကားစစ်ထိုးနေရပါသနည်း။
-
ဘုရားသခင်၌ သင့်အတွက် သူ၏အသင်းတော်မှာ လုပ်ဆောင်စရာတွေနှင့် ကမ္ဘာကြီးတွင် သာသနာပြုခြင်းအလုပ်
တွေရှိပါတယ်။ သင်ရှိနေတဲ့နေရာမှာ ယနေ့ပင် ဘာကိုလုပ်ဆောင်ဖို့ သင့်ကိုခေါ်ပါသနည်း။ ရှိတဲ့နေရာပေါ့
. . . အိမ် (သို့) အိမ်နီးချင်အိမ် (သို့) အဖွဲ့အစည်း တွေမှာ -ဘယ်လိုဘဲကျဉ်းမြောင်းတဲ့နေရာဖြစ်ပါစေ
- သင်မည်ကဲ့သို့ တုံ့ပြန်ပါမည်နည်း။