Zawgyi Font
ဆင်ခြင်ရန်
---------------------------------------------------------------------------------
Unicode:
---------------------------------------------------------------------------------
Unicode:
ခရစ်တော်၏
အသီးသီးသောအင်္ဂါဖြစ်ကြသည်အတိုင်း
ထူးခြားသော
သင်၏တန်ဖိုးကိုရှာဖွေပါ
ရောမ ၁၂:၄-၅ “ဥပမာကား အသီးသီးအင်္ဂါချင်းဖြစ်ကြ၏။ ထိုအင်္ဂါအများသည်
ဆောင်ရွက်စရာအမှု တစ်ခုတည်း မရှိသကဲ့သို့ ၊
ထိုအတူ အများဖြစ်သော ငါတို့သည် ခရစ်တော်၌ တစ်ကိုယ်တည်းဖြစ်၍ အသီးသီးအင်္ဂါချင်းဖြစ်
ကြ၏။”
သင်၏ထူခြားတဲ့တန်ဖိုးကို
သခင်ခရစ်တော်၏ခန္ဓာတွင်း၌သာ ရှာဖွေပါသလား။ သမ္မာကျမ်းစာကပြောထားသည်မှာ ကျွန်ုပ်တို့အားလုံး
ကွဲပြားခြားနားကြတယ်၊ ဒါပေမဲ့ မိမိအစွမ်းအစဖြင့် ဘယ်တော့မှ မလုပ်နိုင်တဲ့အရာကို အတူတကွပေါင်းစည်းလုပ်ပါလျှင်
ပြီးမြောက်အောင်မြင်နိုင်တယ်။
ကျွန်ုပ်တို့ကိုယ်က
ခရစ်တော်၏ အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့အခါမှာ ကျွန်ုပ်တို့၏ နေရာကောင်း၊ အခြေအနေကောင်း
တွေကို တွေ့ရှိပါလိမ့်မည်။ အသင်းတော်ကလွဲပြီး ကျန်တဲ့နေရာမှာ သင်တွေ့မည်မဟုတ်ပါ။ အလုပ်နေရာ
(သို့) အားကစားရုံ (သို့) ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းတွေမှာလည်း မတွေ့နိုင်ပါ။
ရောမ ၁၂း၄-၅ “ဥပမာကား အသီးသီးအင်္ဂါချင်းဖြစ်ကြ၏။ ထိုအင်္ဂါအများသည်
ဆောင်ရွက်စရာအမှု တစ်ခုတည်း မရှိသကဲ့သို့ ၊
ထိုအတူ အများဖြစ်သော ငါတို့သည် ခရစ်တော်၌ တစ်ကိုယ်တည်းဖြစ်၍ အသီးသီးအင်္ဂါချင်းဖြစ်
ကြ၏။”
ဤကျမ်းပိုဒ်က
ကျွန်ုပ်တို့ကို သခင်ခရစ်တော်၏အင်္ဂါချင်းတွေအသီးသီး ဘယ်လိုကွက်တိဖြစ်တယ်ဆိုတာကို သိစေမည့်နိုင်မည့် အကြောင်း (၄)မျိုးကို ပြောပြပါတယ်။
သခင်ခရစ်တော်၏ခန္ဓာသည် အစိတ်အပိုင်းပေါင်းများစွာဖြင့်ဖွဲ့စည်းထားသည်
ဘေးပတ်လည်ကိုကြည့်လိုက်ပါ။
ကျွန်ုပ်တို့တွေအားလုံး မတူညီ ခြားနားတယ်ဆိုတာကို သင်ပြောနိုင်ပါတယ်။ ဘယ်သူမှလည်း သင်နှင့်မတူပါ။
အသံလည်းမတူပါ။ ဘုရားသခင်က ဤနည်းဖြင့်ကျွန်ုပ်တို့ကို ဖန်ဆင်းထားခြင်းသည် အမျိုးမျိုးသော
၊ မူကွဲ မျိုးကွဲ စုံလင်မှုကို ချစ်သောကြောင့်ဖြစ်ပါတယ်။
ကျွန်ုပ်တို့အားလုံး သခင်ခရစ်တော်၏ကိုယ်ကို ပြည့်စုံအောင်
လုပ်ဆောင်ဖို့ လိုအပ်ကြတယ်
“ငါအရေးမပါဘူး”လို့ မည်သူကမျှ မပြောနိုင်ပါ။ အသင်းတော်က
ကျွန်ုပ်တို့အားလုံးကို လိုအပ်ပါတယ်။
ကျွန်ုပ်တို့အားလုံး
လုပ်ဆောင်ဖို့အလုပ်တွေရှိပါတယ်
ကျွန်ုပ်တို့မှာ
ခြားနားတဲ့အခန်းကဏ္ဍတွေနှင့် ဉီးဆောင်မှုပြုရန် ရှိကြပါတယ်။ ကျွန်ုပ်တို့၏ကာယပိုင်းဆိုင်ရာ
ခန္ဓာအစိတ်အပိုင်းတွေသာ တူညီတဲ့အလုပ်လုပ်တယ်ဆိုလျှင် ကျွန်ုပ်တို့ ကမောက်ကမအခြေအနေတွေဖြစ်ပါ
တော့မည်။ ထိုနည်း၄င်းပင် အသင်းတော်၌လည်းတူညီစွာပင်ဖြစ်သည်။
ကျွန်ုပ်တို့ တစ်ဉီးနှင့် တစ်ဉီးဆက်နွယ်နေကြတယ်
ဘုရားသခင်နှင့်သာမက
သခင်ခရစ်တော်၏ကိုယ်အားဖြင့်လည်း ကျွန်ုပ်တို့ တစ်ဉီးကိုတစ်ဉီးဖွဲ့စည်း ဆက်နွယ်နေ ကြပါတယ်။
အယောက်စီတိုင်းသည် ကျန်ရှိသမျှသောလူအားလုံးကို လိုအပ်ကြပါတယ်။
သခင်ခရစ်တော်၏ကိုယ်ခန္ဓာ
ပြင်ပနေရာတွေဆီကို သင်မရောက်နိုင်ပါ။ အသင်းတော်မှာ တက်ကြွသော အစိတ်အပိုင်းလေးများအဖြစ်
သင်ရှိဖို့လိုအပ်ခြင်းက ကမ္ဘာကြီးကို သင်၏ထူးခြားတဲ့ပေးကမ်းမှုကြီးအဖြစ် ပါဝင်စေဖို့
အတွက် သင့်ကိုယ်သင် စစ်မှန်စွာ အဆင်သင့်ရှိစေပါ။
ဆင်ခြင်ရန်
-ကျွန်ုပ်တို့တွေ
မကြာခဏဆိုသလို ဘာကြောင့်များ မိမိ၏ထူးခြားမှုကနေ ထွက်ပြေးနေကြသနည်း။
-သင်၏ထူးခြားမှုတန်ဖိုးကို အသင်းတော်မိသားစုတွင်းမှာ မည်ကဲ့သို့ရှာဖွေတွေ့ရှိခဲ့သနည်း။
-
မည်ကဲ့သို့သော ထူးခြားတဲ့အစွမ်းအစရှိတဲ့တစ်ချို့သော သူတွေကြောင့်အသင်းတော်တွင် ရှင်သန်ခြင်းတွေဖြစ်
ပေါ်စေတယ် ဆိုတာကို သင်တွေ့ရှိပါသနည်း။