Zawgyi Font
ဆင်ခြင်ရန်
-----------------------------------------------------------------------------
Unicode:
-----------------------------------------------------------------------------
Unicode:
မစိုးရိမ်ပါနဲ့ . . . ဝတ်ပြုဆုတောင်းပါ။
မဿဲ ၆:၃၁-၃၄ “ထိုကြောင့်အဘယ်သို့ စားသောက်ရအံ့နည်း။ အဘယ်သို့ ဝတ်ရအံ့နည်းဟူ၍
မစိုးရိမ်ကြနှင့်။ ထိုအရာများကိုသာ သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည်
အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။ ဘုရားသခင်၏နိုင်ငံတော်နှင့်
ဖြောင့်မတ်ခြင်း တရားတော်ကို ရှေးဉီးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတံ့။
ထို့ကြောင့် နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဘို့စိုးရိမ်လိမ့်မည်။
ယနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယနေအဘို့ လောက်ပေ၏။”
သင်၌
ဘုရား၏ချစ်ခြင်းမေတ္တာ တွေ့ကြုံရခြင်းများ မရှိဘူးလို့ မည်ကဲ့သို့သိရှိပါသနည်း။
သင်စိုးရိမ်ပူပန်ခဲ့တယ်။
စိုးရိမ်သောကများနေခြင်းတစ်ပြိုင်နက်တည်းမှာ
ဘုရားကို ကိုးကွယ်လို့ မရပါဘူး။ အချိန်တိုင်းမှာ သင်စိုးရိမ်နေတယ်။ ဘုရားသင့်ကို မည်မျှလောက်ချစ်တယ်ဆိုတာကို
သင်မေ့နေတယ်။ စိုးရိမ်နေခြင်းက တကယ်ကို ဘုရားမရှိဘူးလို့ ပြုမူနေသလိုဖြစ်စေပါတယ်။ ဘုရား၏သားသမီးဖြစ်ခြင်းအရာထက်
သင့်ကိုယ်သင် မိဘမဲ့လိုမျိုး ယောင်ဆောင် နေပါတယ်။
ဘာစားရမှာလဲ
၊ ဘာသောက်ရမှာလဲ၊ ဘာ၀တ်ရမှာလဲ ဆိုတဲ့မေးခွန်းတွေက မယုံကြည်သူတွေ၏ အတွေးတွေမှာ ထင်ရှားကြပါတယ်။
ဒါပေမဲ့ အဖဘုရားရှင်က သင်၏လိုအပ်ချက်အားလုံးကို သိတော်မူပါတယ်။
မဿဲ ၆:၃၁-၃၄ “ထိုကြောင့်အဘယ်သို့ စားသောက်ရအံ့နည်း။ အဘယ်သို့ ဝတ်ရအံ့နည်းဟူ၍
မစိုးရိမ်ကြနှင့်။ ထိုအရာများကိုသာ သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည်
အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။ ဘုရားသခင်၏နိုင်ငံတော်နှင့်
ဖြောင့်မတ်ခြင်းတရား တော်ကို ရှေးဉီးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတံ့။
ထို့ကြောင့် နက်ဖြန်အဖို့မစိုးရိမ် ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဘို့စိုးရိမ်လိမ့်မည်။
ယနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယနေအဘို့ လောက်ပေ၏။”
သင်စိုးရိမ်သောကရောက်နေတဲ့
အကြောင်းအရာတွေထက် ပိုမိုအရေးကြီးတဲ့အမှန်တရားအကြောင်းကို သခင်ခရစ် တော် ပြောခဲ့ပါတယ်။
ကျွန်ုပ်တို့ကို ဖန်ဆင်းတဲ့အဖေ၊ မေတ္တာတွေပေးနေတယ်၊ ကျွန်ုပ်တို့ကို ကြည့်ရှုတော်မူပြီး
ဘယ်အရာက ကျွန်ုပ်တို့အတွက် အကောင်းဆုံးဖြစ်မယ်ဆိုတာကို ပြုတော်မူပါသည်။ ကျွန်ုပ်တို့ကောင်းဖို့အတွက်
သူလုပ်ဆောင်နေတယ်။ သူ၏ ကတိတော်နှင့်ဆိုင်သော သစ္စာစကားတွေကိုလည်း အကြိမ်ပေါင်း တစ်ရာ
ပေးခဲ့ပြီ ဖြစ်တယ်။
စိုးရိမ်ခြင်းတွေက
“သင်အထက်က ဖော်ပြခဲ့တဲ့အရာတွေကို မသိပါဘူးလို့” ဟန်ဆောင်နေခြင်းပင်ဖြစ်ပါတယ်။
ဆူပူအုံကြွတဲ့နေရာတွေပေါ် ကျွန်ုပ်၏သား “Josh” ဝေဟင်ထက်ပျံသန်းစီးမသွားချင်ပါ။
လွန်ခဲ့တဲ့နှစ်အနည်းငယ်က အတောမသတ်နိုင်ဖြစ်နေတဲ့ အုံကြွမှုအရပ်တွေကနေ အတွေ့အကြုံရဖို့ရန်
လေယာဉ်ပေါ်မှာ သူရှိနေခဲ့ပါတယ်။ နောက်ပိုင်းသူပြောခဲ့တာက “စိုးရိမ်ရမလား (သို့) ဆုတောင်းနေရမလား
လို့ရွေးချယ်ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် စိုးရိမ်သောက ရောက်နေမည့်အစား နားကျပ်တတ်ပြီး
ဘုရားသီးချင်းအတွဲလိုက်ကြီးကို ဆိုလိုက်ပါတယ်။”
သင်သည်လည်း ကျန်ရှိသောအသက်တာမှာ စိုးရိမ်နေမည်လား (သို့) ဝတ်ပြုဆုတောင်းနေမည်လား။
သင် ကြောက်စိတ်မွန်ခြင်း (သို့) စိုးရိမ်ခြင်းတွေ ဖြစ်နေလိမ့်မည်။ သင်၏ပြသနာကို ကြည့်တာဖြစ်မယ်
(သို့) ဘုရားရှင်ကို မျှော်ကြည့်တာလည်းဖြစ်မယ်။
သင်၏ရွေးချယ်ခြင်းက ဘာဖြစ်မလဲ။
ဆင်ခြင်ရန်
-အသက်တာစိုးရိမ်နေရခြင်းအရာ၌
သင်အများစု တွေ့ကြုံနေရတဲ့အစပျိုးမှု ၊ တွန်းအားပေးမှု တွေက ဘာတွေလဲ။
-သင့်အသက်တာမှာ
မည်သို့သောသက်ရောက်မှုကြောင့် စိုးရိမ်ခြင်းကိုဖြစ်ပေါ်စေပါသနည်း။ အဲဒီအရာက “ဘုရားကို
အပြည့်အဝယုံကြည်ဖို့ရန်နှင့်လိုက်လျှောက်အသက်ရှင်မှုပြုနိုင်ဖို့ရန်” သင့်ကို မည်ကဲ့သို့
တားဆီးမှုဖြစ်စေပါသလဲ။
- စိုးရိမ်ပူပန်ခြင်းထက် ဝတ်ပြုဆုတောင်းမှုကို ရွေးချယ်ဖို့
မိမိကိုယ်ကိုအသိပေးရန်အတွက် မည်ကဲ့သို့သင် ပြုနိုင်မည်နည်း။