Zawgyi Font
သင္၏ကံၾကမၼာအတြက္ ဘုရားကို ယုံၾကည္နိုင္ပါသလား။
သင္၏ကံၾကမၼာအတြက္ ဘုရားကို ယုံၾကည္နိုင္ပါသလား။
လုကာ ၁:၄၆-၄၇ “မာရိက ငါ့စိတ္ႏွလုံးသည္ ထာ၀ရဘုရားကို ခ်ီးမြမ္း၏။ ငါ့ကို ကယ္တင္ေတာ္မူေသာ အရွင္ဘုရား သခင္ကို အမွီျပဳ၍ ငါ့၀ိညာဥ္သည္ရြင္လန္းျခင္းရွိ၏။”
စီစဥ္စရာေတြ ေရာက္ရွိလာပါလၽွင္ ခရစ္ယာန္ေတာ္ေတာ္မ်ားမ်ားက ဘုရားမဲ့၀ါဒီေတြလို ျပဳမူၾကတယ္။ သခင္ခရစ္ ေတာ္က သူတို႔ကို ကယ္တင္တယ္ဆိုတာကို သူတို႔နားလည္ၾကေပမဲ့ စစ္မွန္စြာ မယုံၾကည္ၾကပါဘူး။ လိုခ်င္တဲ့ ပုံစံ ၊ နည္းလမ္းေတြ အတိုင္း သူတို႔ဘ၀ေတြကိုသူတို႔ဖန္တီးစီစဥ္နိုင္တယ္လို႔ ယူဆၾကပါတယ္။ ဒါေပမဲ့ အစစ္အမွန္က လူသားတိုင္းကို ဘုရားသခင္ဖန္ဆင္းခဲ့ၿပီး တစ္ဉီးစီတိုင္းကို ထူးျခားတဲ့ရည္ရြယ္ခ်က္ေတြအတြက္ ျပဳလုပ္ထားပါတယ္။ ဘုရား၌ အေယာက္စီတိုင္းအတြက္ တိက်တဲ့ ကံၾကမၼာကိုယ္စီရွိပါတယ္။
ေမရီအတြက္ ဘုရားသခင္၏အႀကံအစည္ရွိခဲ့တယ္။ သူမကို ေရြးခ်ယ္ၿပီး ဘုရားသားေတာ္၏ မိခင္တစ္ဦးျဖစ္လာဖို႔ရန္ သူမကိုဖန္ဆင္းခဲ့ပါတယ္။ ေမရီ၏တုံ႔ျပန္ခ်က္ကေရာဘယ္လိုလဲ ။ “ကၽြန္မဘ၀အတြက္ ကိုယ္ပိုင္အစီအစဥ္ရွိၿပီးသားပါ။ အလုပ္မ်ားပါတယ္။ ကၽြန္မအတြက္ ဘယ္အရာက အေကာင္းဆုံးျဖစ္မည္ကိုလုပ္ရအုံးမည္” လို႔သူမ မေျပာခဲ့ပါ။ သူမဘ၀အတြက္ ဘုရားသခင္ အႀကံအစည္ရွိၿပီးသားကို နားလည္သေဘာေပါက္ၿပီး မည္ကဲ့သို႔ေသာအလိုေတာ္ျဖစ္ျဖစ္ သူမ လုပ္ေဆာင္ဖို႔ဆႏၵရွိခဲ့ပါတယ္။
သူမ၏ တုံ႔ျပန္မႈက ခ်ီးမြမ္းျခင္း၏သီခ်င္းျဖစ္တဲ့ လုကာ ၁:၄၆-၄၇ “မာရိက ငါ့စိတ္ႏွလုံးသည္ ထာ၀ရဘုရားကို ခ်ီးမြမ္း၏။ ငါ့ကို ကယ္တင္ေတာ္မူေသာ အရွင္ဘုရား သခင္ကို အမွီျပဳ၍ ငါ့၀ိညာဥ္သည္ရြင္လန္းျခင္းရွိ၏။” ဘုရားသခင္သည္ ဘုရားျဖစ္ျခင္း ႏွင့္ကယ္တင္ရွင္ျဖစ္ျခင္းကို သူမ လက္ခံအသိအမွတ္ျပဳၿပီး ဘုရား ၏အလိုေတာ္အတိုင္း သူမ လိုက္ေလၽွာက္ဖို႔ ဆႏၵရွိခဲ့ပါတယ္။ ေကာင္းကင္တမန္ေျပာသမၽွေတြကို မည္သူမၽွယုံၾကည္မွွာ မဟုတ္ဘူးဆိုတာကို သူမ သိေပမဲ့လည္း သူမ ဘ၀ႏွင့္အတူ ဘုရားကို ယုံၾကည္ခဲ့ပါတယ္။
သင့္ကို ဘုရားသခင္က တိက်တဲ့ကံၾကမၼာႏွင့္အတူ ဖန္ဆင္းထားတယ္ဆိုတာကို သင္ယုံၾကည္ပါသလား။ သမၼာက်မ္း စာေျပာထားတာက- ဆာလံ ၁၀၀:၃ “ထာ၀ရဘုရားသည္ ဘုရားသခင္ျဖစ္ေတာ္မူသည္ဟု သိမွတ္ၾကေလာ့။ ထာ၀ရဘုရားသည္ ငါတို႔ကို ဖန္ဆင္းေတာ္မူ၍ ၊ ငါတို႔၏အရွင္ျဖစ္ေတာ္မူ၏။ ငါတို႔သည္လည္း ထာ၀ရဘုရား၏လူျဖစ္ၾက၏။ အထံေတာ္၍ က်က္စားေသာ သိုးစုလည္း ျဖစ္ၾက၏။”
သင္လုပ္ေဆာင္မည့္ အစီအစဥ္ေတြထက္ ဘုရားသခင္ျပဳထားေသာ သင့္ဘ၀အတြက္ ကံၾကမၼာကပိုၿပီး ေကာင္း ပါတယ္။ သင့္အသက္တာအတြက္ တစ္စုံတစ္ေယာက္ကို ယုံၾကည္ဖို႔ဆိုလၽွင္ သင့္ကို ရည္ရြယ္ခ်က္အတြက္ ဖန္ဆင္း တဲ့သူ -သင့္၏သခင္ ထက္ တျခားမည္သူ႔ကို ယုံၾကည္ဖို႔ ပိုေကာင္းပါသနည္း။
ဆင္ျခင္ရန္
-သင့္အတြက္ သင္မည္သို႔ေသာ အစီအစဥ္ေတြ ၊ အႀကံအစည္ေတြကို ျပဳလုပ္ဖူးပါသနည္း။ ဤအရာေတြက သင္၏ဘုရားႏွင့္ သူ၏အလိုေတာ္ကို ယုံၾကည္မႈ၌ မည္ကဲ့သို႔သက္ေရာက္ေစပါသနည္း။
-သင္၏ကံၾကမၼာအတြက္ ဘုရားအား စစ္မွန္စြာယုံၾကည္ေနျခင္းက - သင္၏ဆုေတာင္းျခင္းအသက္တာ ၊ တျခားသူ ေတြႏွင့္ ေပါင္းသင္းဆက္ဆံေရး ႏွင့္ ေလာကအျဖစ္အပ်က္ရႈေဒါင့္ေတြအေပၚ မည္ကဲ့သို သက္ေရာက္မႈျဖစ္ေစသနည္း။
-သင့္ဘ၀အတြက္ ဘုရား၏ရည္ရြယ္ခ်က္ျပည့္မွီဖို႔ရန္ ႏွင့္ အလိုေတာ္အတိုင္းလုပ္ေဆာင္ျခင္းဆႏၵေတြအေပၚ သက္ေရာက္မႈရွိေစဖို႔ရန္ ဘုရားအတြက္ ခ်ီးမြမ္းျခင္းစကားလုံးတစ္ခ်ိဳ႕ကို အခ်ိန္ခဏေလးယူလ်က္ ေရးခ်လိုက္ပါ။
-------------------------------------------------------------------------------
Unicode:
-------------------------------------------------------------------------------
Unicode:
သင်၏ကံကြမ္မာအတွက် ဘုရားကို ယုံကြည်နိုင်ပါသလား။
လုကာ ၁:၄၆-၄၇ “မာရိက ငါ့စိတ်နှလုံးသည် ထာ၀ရဘုရားကို ချီးမွမ်း၏။ ငါ့ကို
ကယ်တင်တော်မူသော အရှင်ဘုရား သခင်ကို အမှီပြု၍ ငါ့ဝိညာဉ်သည်ရွင်လန်းခြင်းရှိ၏။”
စီစဉ်စရာတွေ ရောက်ရှိလာပါလျှင် ခရစ်ယာန်တော်တော်များများက ဘုရားမဲ့၀ါဒီတွေလို
ပြုမူကြတယ်။ သခင်ခရစ် တော်က သူတို့ကို ကယ်တင်တယ်ဆိုတာကို သူတို့နားလည်ကြပေမဲ့ စစ်မှန်စွာ
မယုံကြည်ကြပါဘူး။ လိုချင်တဲ့ ပုံစံ ၊ နည်းလမ်းတွေ
အတိုင်း သူတို့ဘ၀တွေကိုသူတို့ဖန်တီးစီစဉ်နိုင်တယ်လို့ ယူဆကြပါတယ်။ ဒါပေမဲ့ အစစ်အမှန်က
လူသားတိုင်းကို ဘုရားသခင်ဖန်ဆင်းခဲ့ပြီး တစ်ဉီးစီတိုင်းကို ထူးခြားတဲ့ရည်ရွယ်ချက်တွေအတွက်
ပြုလုပ်ထားပါတယ်။ ဘုရား၌ အယောက်စီတိုင်းအတွက် တိကျတဲ့ ကံကြမ္မာကိုယ်စီရှိပါတယ်။
မေရီအတွက်
ဘုရားသခင်၏အကြံအစည်ရှိခဲ့တယ်။ သူမကို ရွေးချယ်ပြီး ဘုရားသားတော်၏ မိခင်တစ်ဦးဖြစ်လာဖို့ရန်
သူမကိုဖန်ဆင်းခဲ့ပါတယ်။ မေရီ၏တုံ့ပြန်ချက်ကရောဘယ်လိုလဲ ။ “ကျွန်မဘ၀အတွက် ကိုယ်ပိုင်အစီအစဉ်ရှိြပီးသားပါ။
အလုပ်များပါတယ်။ ကျွန်မအတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မည်ကိုလုပ်ရအုံးမည်” လို့သူမ မပြောခဲ့ပါ။
သူမဘ၀အတွက် ဘုရားသခင် အကြံအစည်ရှိပြီးသားကို နားလည်သဘောပေါက်ပြီး မည်ကဲ့သို့သောအလိုတော်ဖြစ်ဖြစ်
သူမ လုပ်ဆောင်ဖို့ဆန္ဒရှိခဲ့ပါတယ်။
သူမ၏
တုံ့ပြန်မှုက ချီးမွမ်းခြင်း၏သီချင်းဖြစ်တဲ့ လုကာ ၁:၄၆-၄၇
“မာရိက ငါ့စိတ်နှလုံးသည် ထာ၀ရဘုရားကို ချီးမွမ်း၏။ ငါ့ကို ကယ်တင်တော်မူသော အရှင်ဘုရား
သခင်ကို အမှီပြု၍ ငါ့ဝိညာဉ်သည်ရွင်လန်းခြင်းရှိ၏။” ဘုရားသခင်သည် ဘုရားဖြစ်ခြင်း
နှင့်ကယ်တင်ရှင်ဖြစ်ခြင်းကို သူမ လက်ခံအသိအမှတ်ပြုပြီး ဘုရား ၏အလိုတော်အတိုင်း သူမ
လိုက်လျှောက်ဖို့ ဆန္ဒရှိခဲ့ပါတယ်။ ကောင်းကင်တမန်ပြောသမျှတွေကို မည်သူမျှယုံကြည်မှှာ
မဟုတ်ဘူးဆိုတာကို သူမ သိပေမဲ့လည်း သူမ ဘ၀နှင့်အတူ ဘုရားကို ယုံကြည်ခဲ့ပါတယ်။
သင့်ကို
ဘုရားသခင်က တိကျတဲ့ကံကြမ္မာနှင့်အတူ ဖန်ဆင်းထားတယ်ဆိုတာကို သင်ယုံကြည်ပါသလား။ သမ္မာကျမ်း
စာပြောထားတာက- ဆာလံ ၁၀၀:၃ “ထာ၀ရဘုရားသည် ဘုရားသခင်ဖြစ်တော်မူသည်ဟု
သိမှတ်ကြလော့။ ထာ၀ရဘုရားသည် ငါတို့ကို ဖန်ဆင်းတော်မူ၍ ၊ ငါတို့၏အရှင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း
ထာ၀ရဘုရား၏လူဖြစ်ကြ၏။ အထံတော်၍ ကျက်စားသော သိုးစုလည်း ဖြစ်ကြ၏။”
သင်လုပ်ဆောင်မည့် အစီအစဉ်တွေထက် ဘုရားသခင်ပြုထားသော သင့်ဘ၀အတွက် ကံကြမ္မာကပိုပြီး
ကောင်း ပါတယ်။ သင့်အသက်တာအတွက် တစ်စုံတစ်ယောက်ကို ယုံကြည်ဖို့ဆိုလျှင် သင့်ကို ရည်ရွယ်ချက်အတွက်
ဖန်ဆင်း တဲ့သူ -သင့်၏သခင် ထက် တခြားမည်သူ့ကို ယုံကြည်ဖို့ ပိုကောင်းပါသနည်း။
ဆင်ခြင်ရန်
-သင့်အတွက်
သင်မည်သို့သော အစီအစဉ်တွေ ၊ အကြံအစည်တွေကို ပြုလုပ်ဖူးပါသနည်း။ ဤအရာတွေက သင်၏ဘုရားနှင့်
သူ၏အလိုတော်ကို ယုံကြည်မှု၌ မည်ကဲ့သို့သက်ရောက်စေပါသနည်း။
-သင်၏ကံကြမ္မာအတွက်
ဘုရားအား စစ်မှန်စွာယုံကြည်နေခြင်းက - သင်၏ဆုတောင်းခြင်းအသက်တာ ၊ တခြားသူ တွေနှင့်
ပေါင်းသင်းဆက်ဆံရေး နှင့် လောကအဖြစ်အပျက်ရှုဒေါင့်တွေအပေါ် မည်ကဲ့သို သက်ရောက်မှုဖြစ်စေသနည်း။
-သင့်ဘ၀အတွက် ဘုရား၏ရည်ရွယ်ချက်ပြည့်မှီဖို့ရန် နှင့်
အလိုတော်အတိုင်းလုပ်ဆောင်ခြင်းဆန္ဒတွေအပေါ် သက်ရောက်မှုရှိစေဖို့ရန် ဘုရားအတွက် ချီးမွမ်းခြင်းစကားလုံးတစ်ချို့ကို
အချိန်ခဏလေးယူလျက် ရေးချလိုက်ပါ။