Zawgyi Font
ဆင်ခြင်ရန်
----------------------------------------------------------------------------------------------------------------------
Unicode:
စိတ်ပျက်စရာဖြစ်ခြင်း၏ ရည်ရွယ်ချက်
သုတ္တံ ၁၂:၁၆ “မိုက်သောသူ၏အမျက်ဒေါသသည် ချက်ချင်းထင်ရှားတတ်၏။ ပညာသတိရှိသောသူမူကား
ရှက်စရာအမှုကို ဖုံးတတ်၏။”
စိတ်ပျက်စရာကောင်းတဲ့သူတွေကို
သင်မမျှော်လင့်ဘဲတွေ့ဆုံတဲ့အခါ “အဖဘုရား ၊ ဤသို့သောလူတွေအတွက် ကောင်းမြတ်ခြင်းကို ပိုမိုပြနိုင်ဖို့
ကျွန်ုပ်ကို ကူညီပါ” ဆိုပြီး သင်ဘုရားကို တောင်းလျှောက်ကောင်း တောင်းလျှောက်ပါမည်။
သူတို့တွေက မည်ကဲ့သို့သော လူတွေလဲ။
-အမြန်လမ်းပေါ်မှာ
ဖြည်းညှင်းစွာမောင်းနှင်နေတဲ့ ယာဉ်မောင်း
-တောင်းပန်ဖို့ငြင်းဆန်တဲ့
လုပ်ဖော်ကိုင်ဖက်
-
ကျက်သရေမရှိတဲ့ သူငယ်ချင်း
-မိုက်ရိုင်းပြီး
စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ အိမ်နီးချင်း
-မရမနေခိုင်းတတ်သော
၊ ဂုဏ်ငယ်စေသော ၊ သဘောမကျစရာ မိသားစု၀◌င်
လူတော်တော်များများကတော့
စိတ်ပျက်စရာတွေကို ဖောက်ပြန်သော ၊ ထိခိုက်စေသော တုံ့ပြန်မှုတွေဖြင့် ရှင်သန်ခဲ့ကြပါတယ်။
နားလည်ရခက်တဲ့သူတွေကို ရှောင်ရှားကြပေမဲ့ ပြသနာတွေကြန့်ကြာခြင်းတွေကို မကြိုက် ကြပါ။
ဖြေရှင်းနိုင်ခြင်းလည်းမရှိပါ။
ပျော်ရွင်အောင်
ကြိစားလုပ်ဆောင်ကြမှာပါ။ ဒါပေမဲ့ တစ်ချို့သူတွေကတော့ ဘယ်တော့မှ ပျော်ရွှင်နိုင်မှာ
မဟုတ် ပါ။ ဘာကိုဘဲ သူတို့လုပ်လုပ် ကျေနပ်စရာကောင်းတာ မဖြစ်လာပါ။
သခင်ခရစ်တော်လို
သင်တုံ့ပြန်နိုင်ပါသလား။
သင့်ကို
“ကောင်းကင်ဘုံဆိုင်ရာ ကော်ဖတ်ပြား (ကော်ဖတ်)” ဖြစ်ဖို့ အကြောင်းရင်းက - ဘုရားသခင်သည်
ဤလူတွေကို သင့်အသက်တာမှာ ပါ၀◌င်စေခဲ့တာကို ဆင်ခြင်ကြည့်ပါ။ သင်ဒေါသထွက်နေပေမဲ့လည်း
သင်၏လှိုင်းထန်နေတဲ့ မကျေမနပ်သံတွေကို ဖယ်ရှားနိုင်ဖို့ရန် ဤသူတွေကို ဘုရားအသုံးပြုခြင်းဖြစ်ပါတယ်။
သင်၏သက်တောင့်သက်သာ ဖြစ်နေမှုထက် သင်၏အကျင့်စရိုက်ကို ပိုပြီးစိတ်၀◌င်စားပါတယ်။
သူတို့၏အတိတ်က
အပြုအမူတွေကို ကြည့်ပြီးသူတို့၏နာကျင်မှုတွေကို မြင်နိုင်ဖို့လေ့လာပါ။ နာကျင်ခံစားရတဲ့
သူတွေသည် သူတစ်ပါးတို့ကိုလည်း အမြဲလိုလို နာကျင်စေပါလိမ့်မည်။ သူတို့မှာ ကြောက်စိတ်နှင့်
မလုံခြုံသော စိတ်တွေဖြင့် ပြည့်နေပါမည်။ သင်မသိတဲ့ ဖိအားတစ်ခုကို သူတို့ပခုံးပေါ်ထမ်းကောင်းထမ်း
နေမည်။
ဤသို့သော
စိတ်ပျက်စရာကောင်းနေတဲ့သူတွေကို ဘ၀မှာ မေ့ပျောက်မည့်အစား သူတို့ကို ဘုရားသင့်ကို ပေးလိုက်သောလက်ဆောင်(ခရစ်တော်နှင့်ပိုမိုတူစေဖို့)
အဖြစ်မြင်လိုက်ပါ။ စိတ်ပျက်စရာတွေက သင်၌တစ်စုံတစ်ခုကို ဖွင့်ပြပေးပါတယ် ၊ သင်၏စိတ်နှလုံး
ပြောင်းလဲခြင်းများအတွက် ဘုရားရှင်ကို ပြန်လည် ပေးအပ်နိုင်ပါမည်။
-အဖဘုရား
… ပိုပြီးသည်းခံနိုင်စွမ်းရှိဖို့အတွက် ကျွန်ုပ်ကို ကူညီပါ။
-
အဖဘုရား … တောင်းပန်ခြင်းအရာ၌ ပိုမိုကောင်းမွန်သောသူဖြစ်ဖို့ရန် ကျွန်ုပ်ကို ကူညီပါ။
-
အဖဘုရား …ကျေးဇူးတော်ပိုမို ချီးမွမ်းနိုင်ဖို့ရန် ကျွန်ုပ်ကို ကူညီပါ။
စိတ်ပျက်စရာတွေက
အမြဲတမ်းသင့်ကို အခွင့်အရေးအဖြစ် သူတစ်ပါးကို ကောင်းမြတ်ခြင်းတွေပြနိုင်ဖို့ရန် ဖြစ်စေပါတယ်။
ဘုရားသခင်သည် သင့်ကို ခွင့်လွှတ်ပေးခဲ့ပါတယ်။ ဒါကြောင့် သင်သည်လည်း သူတစ်ပါးကို ခွင့်လွှတ်ခြင်းများဖြင့်
တုံ့ပြန်နိုင်ဖို့ ဖြစ်တယ်။ သင်၌စိတ်ပျက်စရာမရှိပါလျှင် ဤကဲ့သို့ ခွင့်လွှတ်ခြင်းဆိုင်ရာ
တုံ့ပြန်မှုတွေ မဖြစ်လာနိုင်ပါ။
ဆင်ခြင်ရန်
-စိတ်ပျက်စရာကောင်းတဲ့သူတွေကို
သခင်ခရစ်တော်နည်းလမ်းအတိုင်း မည်ကဲ့သို့ ပိုမိုတုံ့ပြန်နိုင်မည်နည်း။
-
အကြောင်းရင်းတစ်ခုကို တစ်စုံတစ်ယောက်၏အကျင့်အားဖြင့် ကြည့်တဲ့အခါ သင်ဘာကိုရှာဖွေတွေ့မြင်နိုင်
ပါသနည်း။
- သင်၏နာကျင်မှုက သင်၏အကျင့်စရိုက်ကို မည်ကဲ့သို့သက်ရောက်မှုရှိစေသနည်း။