God Uses Your Problems for Good

Zawgyi Font
ဘုရားရွင္က သင္၏ျပသနာေတြကို ေကာင္းဖို႔အတြက္အသုံးျပဳပါတယ္။

ရွင္ေပတ႐ုဩ၀ါဒစာ ပဌမေစာင္ ၁:၆-ရ“သင္တို႔သည္ ယခုခဏခံရ၍ ၀မ္းနည္းေသာ္လည္း ၊ အထက္ဆိုခဲ့ၿပီးေသာ ေက်းဇူးေတာ္ကို ေထာက္၍ ရႊင္လန္းေသာစိတ္ရွိၾက၏။

ဘ၀ဆိုတာ အလ်ဥ္းသင့္သလိုဇာတ္လမ္းမဟုတ္။ ႀကံဖန္တိုက္ဆိုင္မႈလည္းမဟုတ္ ၊ အစီအစဥ္မႀကိဳလုပ္ထားျခင္း လည္းမဟုတ္ပါ။ အဓိပၸါယ္မဲ့ေနတာလည္းမဟုတ္ပါ။ ဘာျဖစ္လာမည္ကို ဘုရားကသိၿပီးျဖစ္တယ္။

ဘုရားရွင္က သင့္အသက္တာ၏ ေရာင္စုံခ်ည္ထိုးပုံေဖာ္ေနပါတယ္။ ေဖ်ာ့ေသာ အမၽွင္ႏွင့္ ေမွာင္မည္းေသာအမၽွင္ပါ၀င္ ပါတယ္။ ေပ်ာ္ရႊင္မႈႏွင့္ ပူေဆြး၀မ္းနည္းမႈလည္းပါ၀င္တယ္။ လွပဆန္းၾကယ္မႈ ၊ မ်က္ႏွာျပင္ေခ်ာေမာမႈ ႏွင့္ေဆးေရာင္ စုံမ်ား ကိုထုတ္လုပ္ေစဖို႔ျဖစ္တယ္။ ဘုရား၏သားသၼီးျဖစ္လာဖို႔ ဘုရား၏ခြင့္ျပဳခ်က္မရဘဲ မျဖစ္လာနိုင္ပါ။ 

အသက္တာမွာျဖစ္ပ်က္လာတဲ့အရာမွန္သမၽွသည္ ဘုရား၏အလိုေတာ္လို႔ ကၽြန္ုပ္မဆိုလိုပါ။ မွန္လည္းမမွန္ကန္ပါ။ ဘုရားအလိုေတာ္မဟုတ္တဲ့ အေၾကာင္းအရာေတြအမ်ားႀကီးရွိပါတယ္။ သင္အျပစ္ျပဳမိျခင္းသည္လည္း ဘုရားအလို ေတာ္မဟုတ္ပါ။ တစ္စုံတစ္ေယာက္က သင့္ကို ဆန႔္က်င္ၿပီး အျပစ္ျပဳေနျခင္းသည္လည္း ဘုရား၏အလိုေတာ္ မဟုတ္ပါ။

ဒါေပမဲ့ ဘုရားက မ်က္ႏွာသာေပးထားပါတယ္။ လြတ္လပ္ခြင့္ေပးတဲ့ သေဘာထားရွိပါတယ္။ ကၽြန္ုပ္အျပင္ထြက္ၿပီး အမ်ားႀကီးစားပါလၽွင္ ေပးေခ်စရာအက်ိဳးဆက္ရွိပါမည္။ အျပင္ထြက္ၿပီး မိမိခႏၶာကို နစ္ျမဳပ္ေစလၽွင္ ေပးေခ်စရာ ေတြ၏အက်ိဳးဆက္ကိုရရွိပါမည္။ ဘုရားသခင္က မေကာင္းမႈႏွင့္ နာက်င္မႈေတြ ကို မျဖစ္ေပၚေစပါ။ ဒါေပမဲ့ အဲဒီအရာ ေတြကို ခြင့္ျပဳထားျခင္းက ရည္ရြယ္ခ်က္ရွိတဲ့အရာေတြမို႔ပါ။ အဲဒါကို ခြင့္ျပဳၿပီးေတာ့ အသုံးျပဳပါတယ္။

အဆိုးကေန အေကာင္းအျဖစ္ ယူေဆာင္လာဖို႔ ဘုရားကၽြမ္းက်င္ပါတယ္။ တမန္ေတာ္ရွင္ေပါလုကို ေထာင္ထဲကေန ကယ္ထုတ္လို႔ရတယ္။ အဲဒီအစား သူ႔ကို ေထာင္ထဲမွာေနေစၿပီး ေထာင္မႉးကို ယုံၾကည္သူျဖစ္လာေစတဲ့ ရလဒ္ကိုျဖစ္ေပၚေစပါတယ္။ သခင္ေယရႈကိုလည္း ကားတိုင္ထက္ ကေန ကယ္နိုင္ေပမဲ့ အမႈၿပီးဖို႔ ျဖစ္ေစခဲ့တယ္။ သူ၏တစ္ပါးတည္းေသာ သားေတာ္ကို နာက်င္မႈခံစားၿပီးေသေစခဲ့တယ္။ ဘုရားက အဲဒီအရာကေန ေကာင္းမႈတစ္ ခုခုကို ယူေဆာင္ေနသလား။ ဟုတ္တယ္။ သူယူေဆာင္ေပးတယ္။

ကားတိုင္ထက္အဆုံးစီရင္ျခင္းကေန ျပန္လည္ထေျမာက္ေစျခင္းကို ျဖစ္လာေစဖို႔ ဘုရားအလိုေတာ္ရွိတယ္။ သင့္ကို အလိုေတာ္ရွိေသာ ယုံၾကည္သူတစ္ဉီးျဖစ္လာေစဖို႔ သင့္အသက္ကေန ဖယ္ရွားလိုက္တဲ့ သင္ဆႏၵအရွိဆုံးေသာအရာ ေတြကို မၾကာခဏဆိုသလို အသုံးျပဳၿပီး သင့္ကိုပုံေဖာ္ေနျခင္းျဖစ္ပါတယ္။ သင္၏နာက်င္မႈထက္ ပိုအေရးႀကီးတဲ့ တစ္စုံတစ္ရာရွိပါတယ္ ။  နာက်င္မႈကေန ရလိုက္တဲ့သင္ယူမႈေပါ့။ ဘုရားက ထိန္းခ်ဳပ္မႈမွာ ရွိပါတယ္။

ဒါေၾကာင့္ စိတ္မခ်မ္းေျမ့စရာေတြ (သို႔) ခက္ခဲမႈ အေျခအေနေတြကို မည္ကဲ့သို႔တုံ႔ျပန္နိုင္မည္နည္း။ တမန္ေတာ္ရွင္ ေပါလုက -ေကာရိႏၲဳဒုတိယေစာင္ ၄:၁၆-၁၇ တြင္ “ထို႔ေၾကာင့္ငါတို႔သည္ အားေလ်ာ့စိတ္ပ်က္ျခင္းႏွင့္ ကင္းလြတ္ၾက၏။ ငါတို႔၏ျပင္ပလူသည္ ေဖာက္ျပန္ပ်က္စီးျခင္းသို႔ ေရာက္ေသာ္လည္း အတြင္းလူမူကား တစ္ေန႔ထက္ တစ္ေန႔ ျပဳျပင္ျခင္းကို ခံရ၏။ အေၾကာင္းမူကား မ်က္ေမွာက္၌ထင္ရွားေသာအရာတို႔သည္ ခဏတာသာ တည္၍ မထင္ရွားေသာအရာတို႔သည္ အစဥ္အျမဲတည္ေၾကာင္းကို ငါတို႔သည္ေထာက္လၽွက္ ၊ ထင္ရွားေသာအရာတို႔ကို မၾကည့္မမွတ္ဘဲ မထင္ရွားေသာအရာတို႔ကို ၾကည့္မွတ္စဥ္အခါ ယခုခဏခံရ၍ေပါ့ပါးေသာ ဆင္းရဲျခင္းဒုကၡသည္ အတိုးထက္ အလြန္းႀကီးျမတ္ေလးလံေသာ နိစၥထာ၀ရဘုန္းအသေရကို ငါတို႔အဖို႔ ျဖစ္ေစတတ္၏။

ဆင္ျခင္ရန္
-သူေတာ္ေကာင္းေတြဆီ အဆိုးေတြျဖစ္ပ်က္ေနမႈကို ဘုရားကဘာေၾကာင့္ခြင့္ျပဳထားသနည္းလို႔ တစ္စုံတစ္ေယာက္က ေမးလာပါလၽွင္ သင္မည္ကဲ့သို႔ ေျဖပါမည္နည္း။
-သင္၏နာက်င္မႈၾကဳံေတြ႕ခ်ိန္မွာ ဆုေတာင္းမႈျပဳဖို႔ ဘုရားက ဘာေၾကာင့္အလိုရွိပါသနည္း။
- ေကာရိႏၲဳဒုတိယေစာင္တြင္ေဖာ္ျပထားေသာ “အတြင္းလူမူကား တစ္ေန႔ထက္ တစ္ေန႔ ျပဳျပင္ျခင္းကို ခံရ၏။” ဆိုေသာ စကားလုံးက မည္သို႔ေသာအဓိပၸါယ္ကိုဆိုလိုပါသနည္း။

--------------------------------------------------------------------------------
Unicode:
ဘုရားရှင်က သင်၏ပြသနာတွေကို ကောင်းဖို့အတွက်အသုံးပြုပါတယ်။

ရှင်ပေတရုဩ၀ါဒစာ ပဌမစောင် ၁:၆-ရ“သင်တို့သည် ယခုခဏခံရ၍ ၀မ်းနည်းသော်လည်း ၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကို ထောက်၍ ရွှင်လန်းသောစိတ်ရှိကြ၏။”

ဘ၀ဆိုတာ အလျဉ်းသင့်သလိုဇာတ်လမ်းမဟုတ်။ ကြံဖန်တိုက်ဆိုင်မှုလည်းမဟုတ် ၊ အစီအစဉ်မကြိုလုပ်ထားခြင်း လည်းမဟုတ်ပါ။ အဓိပ္ပါယ်မဲ့နေတာလည်းမဟုတ်ပါ။ ဘာဖြစ်လာမည်ကို ဘုရားကသိပြီးဖြစ်တယ်။

ဘုရားရှင်က သင့်အသက်တာ၏ ရောင်စုံချည်ထိုးပုံဖော်နေပါတယ်။ ဖျော့သော အမျှင်နှင့် မှောင်မည်းသောအမျှင်ပါ၀င် ပါတယ်။ ပျော်ရွှင်မှုနှင့် ပူဆွေး၀မ်းနည်းမှုလည်းပါ၀င်တယ်။ လှပဆန်းကြယ်မှု ၊ မျက်နှာပြင်ချောမောမှု နှင့်ဆေးရောင် စုံများ ကိုထုတ်လုပ်စေဖို့ဖြစ်တယ်။ ဘုရား၏သားသ္မီးဖြစ်လာဖို့ ဘုရား၏ခွင့်ပြုချက်မရဘဲ မဖြစ်လာနိုင်ပါ။

အသက်တာမှာဖြစ်ပျက်လာတဲ့အရာမှန်သမျှသည် ဘုရား၏အလိုတော်လို့ ကျွန်ုပ်မဆိုလိုပါ။ မှန်လည်းမမှန်ကန်ပါ။ ဘုရားအလိုတော်မဟုတ်တဲ့ အကြောင်းအရာတွေအများကြီးရှိပါတယ်။ သင်အပြစ်ပြုမိခြင်းသည်လည်း ဘုရားအလို တော်မဟုတ်ပါ။ တစ်စုံတစ်ယောက်က သင့်ကို ဆန့်ကျင်ပြီး အပြစ်ပြုနေခြင်းသည်လည်း ဘုရား၏အလိုတော် မဟုတ်ပါ။

ဒါပေမဲ့ ဘုရားက မျက်နှာသာပေးထားပါတယ်။ လွတ်လပ်ခွင့်ပေးတဲ့ သဘောထားရှိပါတယ်။ ကျွန်ုပ်အပြင်ထွက်ပြီး အများကြီးစားပါလျှင် ပေးချေစရာအကျိုးဆက်ရှိပါမည်။ အပြင်ထွက်ပြီး မိမိခန္ဓာကို နစ်မြုပ်စေလျှင် ပေးချေစရာ တွေ၏အကျိုးဆက်ကိုရရှိပါမည်။ ဘုရားသခင်က မကောင်းမှုနှင့် နာကျင်မှုတွေ ကို မဖြစ်ပေါ်စေပါ။ ဒါပေမဲ့ အဲဒီအရာ တွေကို ခွင့်ပြုထားခြင်းက ရည်ရွယ်ချက်ရှိတဲ့အရာတွေမို့ပါ။ အဲဒါကို ခွင့်ပြုပြီးတော့ အသုံးပြုပါတယ်။

အဆိုးကနေ အကောင်းအဖြစ် ယူဆောင်လာဖို့ ဘုရားကျွမ်းကျင်ပါတယ်။ တမန်တော်ရှင်ပေါလုကို ထောင်ထဲကနေ ကယ်ထုတ်လို့ရတယ်။ အဲဒီအစား သူ့ကို ထောင်ထဲမှာနေစေပြီး ထောင်မှူးကို ယုံကြည်သူဖြစ်လာစေတဲ့ ရလဒ်ကိုဖြစ်ပေါ်စေပါတယ်။ သခင်ယေရှုကိုလည်း ကားတိုင်ထက် ကနေ ကယ်နိုင်ပေမဲ့ အမှုပြီးဖို့ ဖြစ်စေခဲ့တယ်။ သူ၏တစ်ပါးတည်းသော သားတော်ကို နာကျင်မှုခံစားပြီးသေစေခဲ့တယ်။ ဘုရားက အဲဒီအရာကနေ ကောင်းမှုတစ် ခုခုကို ယူဆောင်နေသလား။ ဟုတ်တယ်။ သူယူဆောင်ပေးတယ်။

ကားတိုင်ထက်အဆုံးစီရင်ခြင်းကနေ ပြန်လည်ထမြောက်စေခြင်းကို ဖြစ်လာစေဖို့ ဘုရားအလိုတော်ရှိတယ်။ သင့်ကို အလိုတော်ရှိသော ယုံကြည်သူတစ်ဉီးဖြစ်လာစေဖို့ သင့်အသက်ကနေ ဖယ်ရှားလိုက်တဲ့ သင်ဆန္ဒအရှိဆုံးသောအရာ တွေကို မကြာခဏဆိုသလို အသုံးပြုပြီး သင့်ကိုပုံဖော်နေခြင်းဖြစ်ပါတယ်။ သင်၏နာကျင်မှုထက် ပိုအရေးကြီးတဲ့ တစ်စုံတစ်ရာရှိပါတယ် ။  နာကျင်မှုကနေ ရလိုက်တဲ့သင်ယူမှုပေါ့။ ဘုရားက ထိန်းချုပ်မှုမှာ ရှိပါတယ်။

ဒါကြောင့် စိတ်မချမ်းမြေ့စရာတွေ (သို့) ခက်ခဲမှု အခြေအနေတွေကို မည်ကဲ့သို့တုံ့ပြန်နိုင်မည်နည်း။ တမန်တော်ရှင် ပေါလုက -ကောရိန္တုဒုတိယစောင် ၄:၁၆-၁၇ တွင် “ထို့ကြောင့်ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို့၏ပြင်ပလူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်သော်လည်း အတွင်းလူမူကား တစ်နေ့ထက် တစ်နေ့ ပြုပြင်ခြင်းကို ခံရ၏။ အကြောင်းမူကား မျက်မှောက်၌ထင်ရှားသောအရာတို့သည် ခဏတာသာ        တည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည်ထောက်လျှက်ထင်ရှားသောအရာတို့ကို မကြည့်မမှတ်ဘဲ ၊ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ ယခုခဏခံရ၍ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုးထက် အလွန်းကြီးမြတ်လေးလံသော နိစ္စထာ၀ရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။

ဆင်ခြင်ရန်
-သူတော်ကောင်းတွေဆီ အဆိုးတွေဖြစ်ပျက်နေမှုကို ဘုရားကဘာကြောင့်ခွင့်ပြုထားသနည်းလို့ တစ်စုံတစ်ယောက်က မေးလာပါလျှင် သင်မည်ကဲ့သို့ ဖြေပါမည်နည်း။
-သင်၏နာကျင်မှုကြုံတွေ့ချိန်မှာ ဆုတောင်းမှုပြုဖို့ ဘုရားက ဘာကြောင့်အလိုရှိပါသနည်း။
- ကောရိန္တုဒုတိယစောင်တွင်ဖော်ပြထားသော “အတွင်းလူမူကား တစ်နေ့ထက် တစ်နေ့ ပြုပြင်ခြင်းကို ခံရ၏။” ဆိုသော စကားလုံးက မည်သို့သောအဓိပ္ပါယ်ကိုဆိုလိုပါသနည်း။