God, Why Is This Happening to Me?

Zawgyi Font
အဖဘုရား . . .  ဘာေၾကာင့္မ်ား ကၽြန္ုပ္ကိုမွ ဤအရာ လာျဖစ္ရသနည္း။
ေကာရိႏၲဳဩ၀ါဒစာ ပဌမေစာင္ ၁၃:၉, ၁၂ “ယခုမူကား ငါတို႔သည္ မစုံမလင္ သိတတ္ၾက၏။ ပေရာဖက္ ဉာဏ္ႏွင့္မစုံမလင္ ေဟာတတ္ၾက၏။ စုံလင္ျခင္းသို႔ ေရာက္ေသာအခါမူကား၊ မစုံမလင္တို႔သည္ ကြယ္ေပ်ာက္ၾက လိမ့္မည္။ …..ယခုတြင္ ငါတို႔သည္ မွန္အားျဖင့္ရိပ္မိလ်က္သာေနၾက၏။ ထိုအခါမူကား မ်က္ေမွာက္ထင္ထင္ ျမင္ရၾက လိမ့္မည္။ ယခုအခါ ငါအသိအျမင္ မစုံလင္ျဖစ္၏။ ထိုအခါမူကား ၊ သူတစ္ပါးသည္ ငါ့ကို သိသကဲ့သို႔ ငါသိ ရလိမ့္မည္။”

တစ္ခါတစ္ရံမွာ ဘုရားသခင္သည္ သူ၏မ်က္ႏွာေတာ္ကို ကၽြန္ုပ္တို႔ဆီကေန တမင္ရည္ရြယ္ၿပီး ပုန္းကြယ္ပါတယ္။ ဘာေၾကာင့္လဲ ။ ဘာေၾကာင့္လဲဆိုေတာ့ မိမိစိတ္ခံစားခ်က္ထက္ ဘုရားသခင္ကို ယုံၾကည္ၿပီး သစၥာတရားျဖင့္ အသက္ရွင္ေနထိုင္ဖို႔ရန္ ကၽြန္ုပ္တို႔ ေလ့လာျခင္းျပဳေစလိုတဲ့ အတြက္ေၾကာင့္ျဖစ္ပါတယ္။

ျဖစ္ရပ္တစ္ခုအေနျဖင့္ ..ေယာဘ၀တၱဳ ၃:၂၀ “ဒုကၡဆင္းရဲခံရေသာသူအား အဘယ္ေၾကာင့္အလင္းကိုေပးသနည္း။ စိတ္ႏွလုံးခါးေသာသူအား အဘယ္ေၾကာင့္ အသက္ကိုေပးသနည္း။” လို႔  နာက်င္မႈ‌ေ၀ဒနာမ်ားခံစားခဲ့ရခ်ိန္ႏွင့္ ေမၽွာ္လင့္ခ်က္  ကုန္ဆုံးမႈေတြ ရင္ဆိုင္ရတဲ့ခ်ိန္မွာ ေယာဘက သဘာ၀က်တဲ့ေမးခြန္းေတြကို ေမးခဲ့ပါတယ္။

အထက္ပါ “ဘာေၾကာင့္လဲ” ဆိုတဲ့ေမးခြန္းေတြက လူသားေတြရဲ့သဘာ၀က်တဲ့ေမးခြန္ေတြျဖစ္ပါတယ္။ ကၽြန္ုပ္တို႔လည္းေမးၾကပါတယ္။ နာက်င္မႈေနာက္ခံက အေၾကာင္းရင္းကို သိရွိမယ္ဆိုလၽွင္ ခံစားရတဲ့နာ က်င္မႈကို ေလ်ာ့ပါးေစတယ္ ၊ သက္သာေစတယ္ (သို႔) အနည္းဆုံးေတာ့ ႀကံ့ႀကံ့ခံနိုင္/သည္းခံနိုင္ဖို႔အတြက္ လြယ္ကူေစတယ္ ဆိုၿပီး ကၽြန္ုပ္တို႔ နားလည္မႈ လြဲေနၾကပါတယ္။

ဒါေပမဲ့ သုတၱံ ၂၅:၂ “အမႈအေရးကို ၀ွက္ထားျခင္းသည္ ဘုရားသခင္၏ ဘုန္းေတာ္ႏွင့္သင့္၏။” ဘုရားသခင္ ႏွင့္ပတ္သက္ၿပီး သင္သိထားသမၽွ၏ တစ္ခုတည္းေသာအေၾကာင္းရင္းက ဘုရားသခင္သည္ သင့္ကိုေရြးခ်ယ္ၿပီး သူ႔ကိုယ္သူ ဖြင့္ျပတဲ့အတြက္ေၾကာင့္သာ ျဖစ္ပါတယ္။ အမွန္တရားက .. သင္ေကာင္းကင္ဘုံ မေရာက္မခ်င္း သင္ ဘယ္ေတာ့မွ နားလည္မွာမဟုတ္တဲ့ တစ္ခ်ိဳ႕ေသာအရာေတြ ရွိတယ္ဆိုတာ ကိုပါ။

ဘုရားသခင္၌လည္း သင့္ကို ဘယ္အရာကိုမဆို ရွင္းျပစရာအေၾကာင္းလည္းမရွိဘူး။ ဘုရားက တစ္စုံတစ္ခုကို ျပဳဖို႔ သင္ႏွင့္လည္း တိုင္ပင္စရာမလို။ အသက္တာအတြက္ အရာရာျဖစ္တည္ဖို႔ သင္၏ခြင့္ျပဳခ်က္ရယူဖို႔ရန္မလို။ ဘုရားသည္ ဘုရားျဖစ္၏။ “ဘာေၾကာင့္တစ္ခ်ိဳ႕အေၾကာင္းအရာျဖစ္ရသနည္း” ဆိုတာကိုေတာ့ ကြ်န္ုပ္တို႔အျမဲတမ္းနားလည္နိုင္မွာ မဟုတ္ပါ။

တစ္ေန႔မွာ အရာအားလုံး ရွင္းလင္းသြားမည္ျဖစ္သည္။ နားလည္တတ္ျခင္းေတြ ရရွိလာမည္။ သင္သည္လည္း “ဪ..ဒါေၾကာင့္ဘုရားက ဤအရာကို အသက္တာမွာ ခြင့္ျပဳထားခဲ့ပါတယ္” လို႔ေျပာလာနိုင္ပါမည္။ အဲဒီကာလ မတိုင္မွီအထိ သူ႔ကိုသာယုံၾကည္ဖို႔ရန္ ဘုရားအလိုေတာ္ရွိပါတယ္။

ဆင္ျခင္ရန္
-မည္သို႔ေသာေမးခြန္းေတြကို သင္၏ဖိုင္ျဖစ္ေသာ “ေကာင္းကင္ဘုံေရာက္လၽွင္ဘုရားအားေမးရန္” တြင္ျဖည့္ဖို႔ရွိပါ သနည္း။
-“ဘာေၾကာင့္”ဆိုတဲ့ေမးခြန္းကို မည္ကဲ့သို႔စြန႔္လႊတ္ဖို႔အတြက္ သင္၏ယုံၾကည္ျခင္းကို တိုးပြားေစမည္နည္း။
-“ဘာေၾကာင့္”ဆိုတဲ့ ေမးခြန္းေတြေမးေနတဲ့ လူတစ္ေယာက္ကို ယေန႔တြင္ သင္မည္ကဲ့သို႔အားေပးနိုင္မည္နည္း။

-------------------------------------------------------------------------------
Unicode:
အဖဘုရား . . .  ဘာကြောင့်များ ကျွန်ုပ်ကိုမှ ဤအရာ လာဖြစ်ရသနည်း။
ကောရိန္တုဩဝါဒစာ ပဌမစောင် ၁၃:၉, ၁၂ “ယခုမူကား ငါတို့သည် မစုံမလင် သိတတ်ကြ၏။ ပရောဖက် ဉာဏ်နှင့်မစုံမလင် ဟောတတ်ကြ၏။ စုံလင်ခြင်းသို့ ရောက်သောအခါမူကား၊ မစုံမလင်တို့သည် ကွယ်ပျောက်ကြ လိမ့်မည်။ …..ယခုတွင် ငါတို့သည် မှန်အားဖြင့်ရိပ်မိလျက်သာနေကြ၏။ ထိုအခါမူကား မျက်မှောက်ထင်ထင် မြင်ရကြ လိမ့်မည်။ ယခုအခါ ငါအသိအမြင် မစုံလင်ဖြစ်၏။ ထိုအခါမူကား ၊ သူတစ်ပါးသည် ငါ့ကို သိသကဲ့သို့ ငါသိ ရလိမ့်မည်။”

တစ်ခါတစ်ရံမှာ ဘုရားသခင်သည် သူ၏မျက်နှာတော်ကို ကျွန်ုပ်တို့ဆီကနေ တမင်ရည်ရွယ်ပြီး ပုန်းကွယ်ပါတယ်။ ဘာကြောင့်လဲ ။ ဘာကြောင့်လဲဆိုတော့ မိမိစိတ်ခံစားချက်ထက် ဘုရားသခင်ကို ယုံကြည်ပြီး သစ္စာတရားဖြင့် အသက်ရှင်နေထိုင်ဖို့ရန် ကျွန်ုပ်တို့ လေ့လာခြင်းပြုစေလိုတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။
ဖြစ်ရပ်တစ်ခုအနေဖြင့် ..ယောဘ၀တ္တု ၃:၂၀ “ဒုက္ခဆင်းရဲခံရသောသူအား အဘယ်ကြောင့်အလင်းကိုပေးသနည်း။ စိတ်နှလုံးခါးသောသူအား အဘယ်ကြောင့် အသက်ကိုပေးသနည်း။” လို့  နာကျင်မှု‌‌‌ေ၀ဒနာများခံစားခဲ့ရချိန်နှင့် မျှော်လင့်ချက်  ကုန်ဆုံးမှုတွေ ရင်ဆိုင်ရတဲ့ချိန်မှာ ယောဘက သဘာ၀ကျတဲ့မေးခွန်းတွေကို မေးခဲ့ပါတယ်။
အထက်ပါ “ဘာကြောင့်လဲ” ဆိုတဲ့မေးခွန်းတွေက လူသားတွေရဲ့သဘာ၀ကျတဲ့မေးခွန်တွေဖြစ်ပါတယ်။ ကျွန်ုပ်တို့လည်းမေးကြပါတယ်။ နာကျင်မှုနောက်ခံက အကြောင်းရင်းကို သိရှိမယ်ဆိုလျှင် ခံစားရတဲ့နာ ကျင်မှုကို လျော့ပါးစေတယ် ၊ သက်သာစေတယ် (သို့) အနည်းဆုံးတော့ ကြံ့ကြံ့ခံနိုင်/သည်းခံနိုင်ဖို့အတွက် လွယ်ကူစေတယ် ဆိုပြီး ကျွန်ုပ်တို့ နားလည်မှု လွဲနေကြပါတယ်။
ဒါပေမဲ့ သုတ္တံ ၂၅:၂ “အမှုအရေးကို ၀ှက်ထားခြင်းသည် ဘုရားသခင်၏ ဘုန်းတော်နှင့်သင့်၏။” ဘုရားသခင် နှင့်ပတ်သက်ပြီး သင်သိထားသမျှ၏ တစ်ခုတည်းသောအကြောင်းရင်းက ဘုရားသခင်သည် သင့်ကိုရွေးချယ်ပြီး သူ့ကိုယ်သူ ဖွင့်ပြတဲ့အတွက်ကြောင့်သာ ဖြစ်ပါတယ်။ အမှန်တရားက .. သင်ကောင်းကင်ဘုံ မရောက်မချင်း သင် ဘယ်တော့မှ နားလည်မှာမဟုတ်တဲ့ တစ်ချို့သောအရာတွေ ရှိတယ်ဆိုတာ ကိုပါ။
ဘုရားသခင်၌လည်း သင့်ကို ဘယ်အရာကိုမဆို ရှင်းပြစရာအကြောင်းလည်းမရှိဘူး။ ဘုရားက တစ်စုံတစ်ခုကို ပြုဖို့ သင်နှင့်လည်း တိုင်ပင်စရာမလို။ အသက်တာအတွက် အရာရာဖြစ်တည်ဖို့ သင်၏ခွင့်ပြုချက်ရယူဖို့ရန်မလို။ ဘုရားသည် ဘုရားဖြစ်၏။ “ဘာကြောင့်တစ်ချို့အကြောင်းအရာဖြစ်ရသနည်း” ဆိုတာကိုတော့ ကျွန်ုပ်တို့အမြဲတမ်းနားလည်နိုင်မှာ မဟုတ်ပါ။

တစ်နေ့မှာ အရာအားလုံး ရှင်းလင်းသွားမည်ဖြစ်သည်။ နားလည်တတ်ခြင်းတွေ ရရှိလာမည်။ သင်သည်လည်း “‌ဪ..ဒါကြောင့်ဘုရားက ဤအရာကို အသက်တာမှာ ခွင့်ပြုထားခဲ့ပါတယ်” လို့ပြောလာနိုင်ပါမည်။ အဲဒီကာလ မတိုင်မှီအထိ သူ့ကိုသာယုံကြည်ဖို့ရန် ဘုရားအလိုတော်ရှိပါတယ်။

ဆင်ခြင်ရန်
-မည်သို့သောမေးခွန်းတွေကို သင်၏ဖိုင်ဖြစ်သော “ကောင်းကင်ဘုံရောက်လျှင်ဘုရားအားမေးရန်” တွင်ဖြည့်ဖို့ရှိပါ သနည်း။
-“ဘာကြောင့်”ဆိုတဲ့မေးခွန်းကို မည်ကဲ့သို့စွန့်လွှတ်ဖို့အတွက် သင်၏ယုံကြည်ခြင်းကို တိုးပွားစေမည်နည်း။

-“ဘာကြောင့်”ဆိုတဲ့ မေးခွန်းတွေမေးနေတဲ့ လူတစ်ယောက်ကို ယနေ့တွင် သင်မည်ကဲ့သို့အားပေးနိုင်မည်နည်း။