Zawgyi Font
မဿဲ ၁၁း၂၅ “ထိုအခါ ယေရှုက ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသောအဘ ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အား ဖော်ပြတော်မူသည်ဖြစ်၍ ၊ ကျေးဇူး တော်ကို အကျွန်ုပ်ချီးမွမ်းပါမည်။”
ဆင်ခြင်ရန်
---------------------------------------------------------------------------------Unicode:
---------------------------------------------------------------------------------Unicode:
သင်
က သင်ပေးလို့ရတဲ့သူလား (သို့) သင်ပေးလို့မရတဲ့သူလား။
မဿဲ ၁၁:၂၅ “ထိုအခါ ယေရှုက ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသောအဘ
၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာကို ထိမ်၀ှက်ကွယ်ထားလျက်
သူငယ်တို့အား ဖော်ပြတော်မူသည်ဖြစ်၍ ၊ ကျေးဇူး တော်ကို အကျွန်ုပ်ချီးမွမ်းပါမည်။”
ဘုရား၏အကြံအစည်ကို
နားလည်အောင်နှင့် အသက်တာမှာ ရင့်ကျက်စေလိုခြင်းအကြောင်းကြောင့် သခင်ယေရှုက ကျွန်ုပ်တို့ကို
သင်ကြားပေးလို့ရသောကလေးသူငယ်နည်းတူ ဖြစ်စေချင်သည်။ ကလေးသူငယ်တွေက သင်ယူလို စိတ်အားကြီးကြပါတယ်။
သူတို့သင်ယူဖို့ မငြင်းဆန်ကြဘူး။ “လမ်းလျှောက်ဖို့မသင်ယူချင်ပါဘူး
/ စကားပြောတတ် ဖို့မလိုဘူး / စာဖတ်တတ်ဖို့သင်စရာမလိုဘူး”ဆိုပြီး ကလေးတွေက မပြောကြပါဘူး။
သူတို့လေးတွေ ဘာမကိုမှ မသိ ကြောင်းကို သိမှတ်ပြီး အရာရာကို သင်ယူလိုစိတ်ရှိကြပါတယ်။
ယခုလည်းဘဲ
သခင်ယေရှုက ကျွန်ုပ်တို့ကို နားဆင်ဖို့ရန် ၊ သင်ယူဖို့ရန် ၊ သူတစ်ပါး၏ အကြံဉာဏ်ပေးမှုနှင့်
အမှန်ပြုပြင်ပေးမှုတွေကို စိတ်နှလုံးဖွင့်ထားဖို့ရန် သင့်ကိုအလိုရှိနေပါတယ်။ အကြောင်းအရာမှန်သမျှနှင့်ပတ်သက်ပြီး
အရာအားလုံးကို လူတိုင်းနားလည်ဖို့ ၊ သိဖို့ မဖြစ်နိုင်ဘူးဆိုတာကို သင်ယူလေ့လာလိုတဲ့စိတ်ရှိကြသူတွေက
နားလည်ကြတယ်။ ပုဂ္ဂိုလ်ရေးရာအတွေ့အကြုံကနေ အရာအားလုံးကို
သင်ယူဖို့ သင့်အသက်တာမှာ အချိန်မရပါ။ သူတစ်ပါး၏ အတွေ့အကြုံကနေ ဉာဏ်အမြောင်အမြင်ရှိစွာ
လေ့လာသင်ယူဖို့ဖြစ်ပါတယ်။
သုတ္တံ ၁၅:၁၂ “မထီမဲ့မြင်ပြုသောသူသည် အပြစ်ပြသောသူကို မချစ်တတ်၊ ပညာရှိထံသို့
မချဥ်းကပ်တတ်။” မာနထောင်လွားခြင်း၏အရင်းအမြစ်သည်
လုံခြုံမှုမရှိပါ။ ဘာကြောင့်လဲဆိုတော့ လူတွေက သူတို့ကိုယ်ကို သူတို့ နားလည်သိတတ်သလို
ပြုမူကြတာချည်းပါ။ ဤစကားက သင်နှင့်ကော ရင်းနှီးပါသလား။
တစ်စုံတစ်ခုကို
လုပ်ဆောင်ဖို့ (သို့) မေးခွန်းကို မည်သို့ဖြေရမည်ကို သင်မသိဘူး ဆိုတာကို ဖော်ပြမိမှာကို
ကြောက်တတ်ခြင်းလက္ခဏာတွေ ၊ တစ်စုံတစ်ယောက်က သင့်ကို အမှန်ပြင်ပေးတာကို ငြင်းဆိုလိုက်ခြင်းစသော
လက္ခဏာတွေက သင်သည် သင်ပေးလို့မရသောသူဖြစ်နိုင်ပါတယ်။
သင်မှာ
ရွေးချယ်မှု ရှိပါတယ်။ သင်ယူဖို့အတွက် သင့်ကိုယ်သင် နှိမ့်ချသောစိတ်ဖြင့် စိတ်နှလုံးကိုဖွင့်ထားမည်လား
(သို့) မာန်မာနဖြင့်ငြင်းဆန်မှုနှင့်သာ ရှင်သန်နေမည်လား။ သင်ပေးလို့ရသောသူ (သို့) မရသောသူအဖြစ်ရှိနေမည်လား။
ဘုရားသခင်က သင့်အတွက်ပါ။ အသစ်သောအရာတွေ လေ့လာပါလျှင် ကူညီထောက်ပံ့ပေးနေပါမည်။ ကလေးတစ်
ယောက် ရင့်ကျက်ဖို့ရန် ကြီးထွားလာသလို့ပေါ့။ လေ့လာသင်ယူမှုကို သင်ထိန်းပေးနိုင်မည်လား။
ဒါသည် သင့်အသက် တာအတွက် ဘုရားရှင်အလိုဆန္ဒရှိသောအရာ ဖြစ်ပါတယ်။
ဆင်ခြင်ရန်
-တစ်စုံတစ်ယောက်က
သင့်ကို ပြုပြင်ဖို့အတွက် ကြိုးစာပါလျှင် အများအားဖြင့် သင်မည်ကဲ့သို့တုံ့ပြန်သနည်း။
အဲဒီ တုံ့ပြန်မှုကရော သင့်၏နှိမ့်ချခြင်း (သို့) စိတ်ကြီး၀င်နေမှုတွေကို လှစ်ဟ ပြလိုက်သလား။
-တစ်စုံတစ်ယောက်နှင့်
စကားများထားခဲ့တာတွေကို ပြန်လညစဉ်းစားကြည့်လိုက်ပါ။ နှိမ့်ချခြင်းသက်သေသာဓက များကို
မည်ကဲ့သို့နှစ်ဉီးလုံးဖြစ်စေခဲ့ကြပါသလဲ။ မည်ကဲ့သို့ခြားနားစွာလုပ်ဆောင်ခဲ့ပါသလဲ။
-သင်ယူလေ့လာမှုကိုဆက်လက်လုပ်ဆောင်ဖို့
ဘာကြောင့်များအရေးကြီးပါသနည်း။