A Prideful Heart Opposes God

Zawgyi Font
မာနေထာင္လႊားေသာ စိတ္ႏွလုံးသည္ ဘုရားသခင္ႏွင့္ဆန႔္က်င္၏။
ရွင္ယာကုပ္ ၄း၆-၇ “ထို၀ိညာဥ္ေတာ္သည္ သာ၍မ်ားေသာေက်းဇူးကို ျပဳေတာ္မူ၏။ ထိုသို႔ႏွင့္အညီ က်မ္းစာလာ သည္ကား ေထာင္လႊားေစာ္ကားေသာသူတို႔ကို ဘုရားသခင္ဆီးတားေတာ္မူ၏။ စိတ္ႏွိမ့္ခ်ေသာ သူတို႔အား ေက်းဇူးျပဳ ေတာ္မူ၏ဟုလာသတည္း။ ထို႔ေၾကာင့္ ဘုရားသခင္၏အလိုေတာ္သို႔ လိုက္ၾကေလာ့။ မာရ္နတ္ကို ဆီးတားေလာ့။ သို႔ျပဳလၽွင္ သူသည္ သင္တို႔ထံက ေျပးသြားလိမ့္မည္။”

ဘုရားႏွင့္တိုင္ပင္ျခင္းေတြမျပဳၾကဘဲ ကၽြန္ုပ္တို႔ေတြအျမဲလိုလို မိမိအႀကံအစည္ျဖင့္လုပ္ေဆာင္ၾကပါတယ္။ အဲဒီ ေနာက္ ဘုရားထံဆုေတာင္းၿပီး မိမိအႀကံအစည္ေတြကို ဘုရားရွင္အား ပါ၀င္ဖို႔ရန္မေတာင္းဆိုဘဲ ေကာင္းခ်ီးေပးဖို႔ အတြက္ ေတာင္းေလၽွာက္ၾကတယ္။ ၿပီးေတာ့ ဘုရား၏အလိုေတာ္ေၾကာင့္ဆိုၿပီး ယူဆလိုက္ ၾကပါတယ္။ ေနာက္ပိုင္း လိုခ်င္တဲ့အခ်ိန္မွာ အႀကံအစည္မထေျမာက္ပါလၽွင္ ဘုရားကို ေဒါသထြက္ေတာ့တာပါဘဲ။ ဤအရာကို မာနလို႔ေခၚ ပါတယ္။ ဘုရားကလည္း မာနေထာင္လႊားျခင္းကို မႏွစ္သက္ပါဘူး။

ျဖစ္နိုင္ေခ်ကေတာ့ လူေတာ္ေတာ္မ်ားမ်ားႏွင့္ ဆန႔္က်င္ဘက္ကို သင္အလိုမရွိပါ။ ဒါေပမဲ့ ဘုရားႏွင့္ေတာ့ တကယ္ပင္ သင္ မဆန႔္က်င္ခ်င္ပါ။ သင္မာနေထာင္လႊားတဲ့အခ်ိန္မွာ သမၼာက်မ္းစာက ဘာေျပာထားလဲဆိုရင္ အဲဒီအခိုက္အ တန႔္မွာ သင္ ဘုရားႏွင့္ဆန႔္က်င္ဘက္ အေနအထားမွာရွိေနပါတယ္။ တကယ္ေတာ့ မာနေတြအျပည့္ထည့္ထား ျခင္းသည္ သင္ ဘုရား၏ရန္သူအျဖစ္ ရပ္တည္ဖို႔အတြက္ျဖစ္ေနပါတယ္။ ဘယ္ေလာက္ေတာင္ ျပင္းထန္ေနပါသလဲ။ ဒါေၾကာင့္ ဘုရားသခင္ထံႏွိမ့္ခ်ေသာစိတ္ျဖင့္ သင္ကိုယ္သင္ႏွင့္ သင္၏အႀကံအစည္ေတြကို ေပးအပ္ဖို႔အဓိပၸါယ္က မည္သို႔နည္း။

ေရာမ ၆း၁၃ “သင္တို႔၏ကိုယ္အဂၤါမ်ားကို ဒုစရိုက္လက္နက္ျဖစ္ေစ၍ အျပစ္တရားအားမဆက္ၾကႏွင့္။ ေသျခင္းမွ ထေျမာက္၍ အသက္ရွင္ေသာသူကဲ့သို႔ ဘုရားသခင္အား ကိုယ္ကိုကိုယ္ဆက္ၾကေလာ့။” မိမိကိုယ္ကို အပ္ႏွံျခင္းဆို သည္မွာ “အဖဘုရား၏အလိုအတိုင္း ၊ အႀကံအစည္အတိုင္းသြားမည္။ ငါ့အႀကံအစည္ႏွင့္မဟုတ္။  ကၽြန္ုပ္မွာ အႀကံအစည္ရွိၿပီးသား ၊ ပန္းတိုင္ရွိတယ္၊ ရည္မွန္းခ်က္ရွိတယ္ ၊ ဒါေပမဲ့ဘုရားကၽြန္ုပ္ကို ဤကမၻာႀကီးေပၚမွာ ထားတာရည္ရြယ္ခ်က္ရွိတယ္ဆိုတာကိုလည္းသိပါတယ္။ ကၽြန္ုပ္၏ အႀကံအစည္မဟုတ္ဘဲ ဘုရား၏အႀကံအစည္ လမ္းကိုသာ အသက္တာအတြက္ေရြးခ်ယ္မႈကို ျပဳသြားပါမည္။

ဘုရားထံ အပ္ႏွံျခင္းက ေအာင္ျမင္ဖို႔ရန္ အေကာင္းဆုံးေသာလမ္းျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင့္အႀကံ အစည္ျဖင့္သြားေနေပမဲ့ လည္း ဘုရားကေတာ့ သူ၏အႀကံအစည္အတိုင္း သင့္ကိုျပဳေတာ္မူပါလိမ့္မည္။

ဆင္ျခင္ရန္
-သင့္ဘ၀၏မည္သို႔ေသာအစိတ္အပိုင္းကို ဘုရားထံအပ္ႏွံဖို႔လိုအပ္ေနပါသနည္း။
- သင္၏မာနကို လွစ္ဟျပနိုင္မည့္ ေသခ်ာေသာအစိတ္အပိုင္းကို မည္ကဲ့သို႔ထိန္းခ်ဳပ္ဖို႔ရွိပါသနည္း။
-မာန္မာနကို ဘုရားကဘာလို႔ မႏွစ္သက္တာလဲ။

--------------------------------------------------------------------------------
Unicode:
မာနထောင်လွှားသော စိတ်နှလုံးသည် ဘုရားသခင်နှင့်ဆန့်ကျင်၏။
ရှင်ယာကုပ် ၄:၆-၇ “ထိုဝိညာဉ်တော်သည် သာ၍များသောကျေးဇူးကို ပြုတော်မူ၏။ ထိုသို့နှင့်အညီ ကျမ်းစာလာ သည်ကား ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြု တော်မူ၏ဟုလာသတည်း။ ထို့ကြောင့် ဘုရားသခင်၏အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားလော့။ သို့ပြုလျှင် သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။”

ဘုရားနှင့်တိုင်ပင်ခြင်းတွေမပြုကြဘဲ ကျွန်ုပ်တို့တွေအမြဲလိုလို မိမိအကြံအစည်ဖြင့်လုပ်ဆောင်ကြပါတယ်။ အဲဒီ နောက် ဘုရားထံဆုတောင်းပြီး မိမိအကြံအစည်တွေကို ဘုရားရှင်အား ပါ၀င်ဖို့ရန်မတောင်းဆိုဘဲ ကောင်းချီးပေးဖို့ အတွက် တောင်းလျှောက်ကြတယ်။ ပြီးတော့ ဘုရား၏အလိုတော်ကြောင့်ဆိုပြီး ယူဆလိုက် ကြပါတယ်။ နောက်ပိုင်း လိုချင်တဲ့အချိန်မှာ အကြံအစည်မထမြောက်ပါလျှင် ဘုရားကို ဒေါသထွက်တော့တာပါဘဲ။ ဤအရာကို မာနလို့ခေါ် ပါတယ်။ ဘုရားကလည်း မာနထောင်လွှားခြင်းကို မနှစ်သက်ပါဘူး။

ဖြစ်နိုင်ချေကတော့ လူတော်တော်များများနှင့် ဆန့်ကျင်ဘက်ကို သင်အလိုမရှိပါ။ ဒါပေမဲ့ ဘုရားနှင့်တော့ တကယ်ပင် သင် မဆန့်ကျင်ချင်ပါ။ သင်မာနထောင်လွှားတဲ့အချိန်မှာ သမ္မာကျမ်းစာက ဘာပြောထားလဲဆိုရင် အဲဒီအခိုက်အ တန့်မှာ သင် ဘုရားနှင့်ဆန့်ကျင်ဘက် အနေအထားမှာရှိနေပါတယ်။ တကယ်တော့ မာနတွေအပြည့်ထည့်ထား ခြင်းသည် သင် ဘုရား၏ရန်သူအဖြစ် ရပ်တည်ဖို့အတွက်ဖြစ်နေပါတယ်။ ဘယ်လောက်တောင် ပြင်းထန်နေပါသလဲ။ ဒါကြောင့် ဘုရားသခင်ထံနှိမ့်ချသောစိတ်ဖြင့် သင်ကိုယ်သင်နှင့် သင်၏အကြံအစည်တွေကို ပေးအပ်ဖို့အဓိပ္ပါယ်က မည်သို့နည်း။

ရောမ ၆:၁၃ “သင်တို့၏ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက်ဖြစ်စေ၍ အပြစ်တရားအားမဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍ အသက်ရှင်သောသူကဲ့သို့ ဘုရားသခင်အား ကိုယ်ကိုကိုယ်ဆက်ကြလော့။” မိမိကိုယ်ကို အပ်နှံခြင်းဆို သည်မှာ “အဖဘုရား၏အလိုအတိုင်း ၊ အကြံအစည်အတိုင်းသွားမည်။ ငါ့အကြံအစည်နှင့်မဟုတ်။  ကျွန်ုပ်မှာ အကြံအစည်ရှိပြီးသား ၊ ပန်းတိုင်ရှိတယ်၊ ရည်မှန်းချက်ရှိတယ် ၊ ဒါပေမဲ့ဘုရားကျွန်ုပ်ကို ဤကမ္ဘာကြီးပေါ်မှာ ထားတာရည်ရွယ်ချက်ရှိတယ်ဆိုတာကိုလည်းသိပါတယ်။ ကျွန်ုပ်၏ အကြံအစည်မဟုတ်ဘဲ ဘုရား၏အကြံအစည် လမ်းကိုသာ အသက်တာအတွက်ရွေးချယ်မှုကို ပြုသွားပါမည်။

ဘုရားထံ အပ်နှံခြင်းက အောင်မြင်ဖို့ရန် အကောင်းဆုံးသောလမ်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်အကြံ အစည်ဖြင့်သွားနေပေမဲ့ လည်း ဘုရားကတော့ သူ၏အကြံအစည်အတိုင်း သင့်ကိုပြုတော်မူပါလိမ့်မည်။

ဆင်ခြင်ရန်
-သင့်ဘ၀၏မည်သို့သောအစိတ်အပိုင်းကို ဘုရားထံအပ်နှံဖို့လိုအပ်နေပါသနည်း။
- သင်၏မာနကို လှစ်ဟပြနိုင်မည့် သေချာသောအစိတ်အပိုင်းကို မည်ကဲ့သို့ထိန်းချုပ်ဖို့ရှိပါသနည်း။

-မာန်မာနကို ဘုရားကဘာလို့ မနှစ်သက်တာလဲ။