To Resolve Conflict, Start with What’s Your Fault

Zawgyi Font
ပဋိပကၡကို ေျဖရွင္းဖို႔ရန္ “မိမိ၌ရွိေသာအျပစ္”ကေနစတင္လိုက္ပါ။
မႆဲ ၇:၃-၅ “ကိုယ္မ်က္စိ၍ရွိေသာ တံက်င္ကို မေအာက္ေမ့ဘဲ ညီအစ္ကိုမ်က္စိ၍ရွိေသာေျငာင့္ငယ္ကို အဘယ္ ေၾကာင့္ၾကည့္ရႈသနည္း။ ကိုယ္မ်က္စိ၍တံက်င္ရွိလ်က္ပင္ ညီအစ္ကိုအား သင္၏မ်က္စိ၍ရွိေသာ ေျငာင့္ငယ္ကိုထုတ္ပါရေစဟု အဘယ္သို႔ဆိုသနည္း။ လၽွို႔ွက္ေသာသူ ၊ ကိုယ္မ်က္စိ၍ရွိေသာတံက်င္ကို ေရွး ဉီးစြာထုတ္ပစ္ေလာ့။ ေနာက္မွ ညီအစ္ကိုမ်က္စိ၌ရွိေသာ ေျငာင့္ငယ္ကို ထုတ္ပစ္ျခင္းငွါ ရွင္းလင္းစြာျမင္လိမ့္မည္။”

ဘ၀မွာအေရးအႀကီးဆုံးကၽြမ္းက်င္မႈတစ္ခု သင္ယူဖို႔ဆိုလၽွင္ “ပဋိပကၡ ေျဖရွင္းနည္းကို” ေလ့လာဖို႔ရန္ျဖစ္တယ္။ မေလ့လာဘူးဆိုလၽွင္ သင့္အသက္တာကို သင္ဆိုးရြားစြာ ၊ စိတ္ပ်က္စရာေကာင္းစြာ ကုန္ဆုံးသြားဖို႔ဘဲရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ုပ္တို႔လူသားေတြသည္ မစုံလင္၊ မျပည့္၀ၾကပါဘူး။ ေန႔စဥ္အသက္တာမွာလည္း ဒုကၡေတြကို အျမဲလိုလိုေတြ႕ၾကဳံၾကရပါတယ္။

ဒုကၡေတြ၊ ပဋိပကၡေတြကို ေျဖရွင္းခ်င္တယ္ဆိုလၽွင္ ပထမဉီးဆုံးလုပ္ေဆာင္မႈစတင္ရပါမည္။ အဓိပၸါယ္က ဘုရားသခင္ထံမွ အကူအညီေတာင္းရန္ျဖစ္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင့္ႏွင့္ပဋိပကၡျဖစ္ေသာ တစ္စုံတစ္ ေယာက္ကို ခ်ဥ္းကပ္ဖို႔ရန္ ရဲရင့္ျခင္း ၊ သတၱိေတြျဖစ္ေစလို႔ပါဘဲ။ သင္ႏွင့္ပဋိပကၡျဖစ္ေသာသူကိုေျပာလိုက္ပါ “ကၽြန္ုပ္တို႔ထိုင္ၿပီး ေျဖရွင္းၾကရေအာင္”။ ၿပီးေနာက္ သူ၏မွားယြင္းျခင္းမ်ားႏွင့္ မစတင္ပါနဲ႔ ၊ အျပဳံလိုက္အျပစ္တင္ျခင္း (သို႔) သင္နာက်င္ခဲ့ရတဲ့ပုံစံ ေတြနဲ႔လည္း မစတင္ပါနဲ႔၊ သင္၏မွားယြင္းျခင္းကေနစတင္လိုက္ပါ။

ပဋိပကၡ၏ ၉၉ ရာႏႈန္းသည္ သူ႔မွာရွိေနပါမည္။ ဒါေပမဲ့ တစ္စုံတစ္ခုကို ၀န္ခံဖို႔ အျမဲတမ္းသင္ရွာေဖြနိုင္ပါတယ္။ သင္၏အားနည္းေလ်ာ့ရဲတဲ့တုံ႔ျပန္မႈျဖစ္ေနနိုင္သည္၊ ခုခံကာကြယ္ျခင္းအသြင္ရွိသည့္တိုင္ေပါ့။ သင္၏သေဘာထား ။ သင္၏လမ္းေလၽွာက္သြားပုံေၾကာင့္လည္း ျဖစ္နိုင္သည္ေပါ့။

သင္ကိုယ္တိုင္ဘယ္ေတာ့မွ မျမင္နိုင္တဲ့ အားနည္းခ်က္ကို တျခားသူေတြက ရွင္းလင္းစြာျမင္ၾကပါတယ္။ ဤအရာေတြ သည္ သင္၏အျမင္ကြယ္ေစေသာ ၊မျမင္နိုင္ေသာက႑ေတြျဖစ္တယ္။ သင္မသိေသာအရာအတြက္ သင့္မွာအား နည္းခ်က္ရွိေနေပမည္။ ဒါေၾကာင့္ ပဋိပကၡေတြကို ေျဖရွင္းဖို႔ရန္ ႏွိမ့္ခ် ေသာစိတ္ျဖင့္ သင္၏အျပစ္ကေနစတင္ၿပီး လုပ္ေဆာင္ဖို႔လိုအပ္ျခင္းျဖစ္ပါတယ္။

မႆဲ ၇:၃-၅ “ကိုယ္မ်က္စိ၍ရွိေသာ တံက်င္ကို မေအာက္ေမ့ဘဲ ညီအစ္ကိုမ်က္စိ၍ရွိေသာေျငာင့္ငယ္ကို အဘယ္ေၾကာင့္ၾကည့္ရႈသနည္း။ ကိုယ္မ်က္စိ၍တံက်င္ရွိလ်က္ပင္ ညီအစ္ကိုအား သင္၏မ်က္စိ၍ရွိေသာ ေျငာင့္ငယ္ကိုထုတ္ပါရေစဟု အဘယ္သို႔ဆိုသနည္း။ လၽွို႔ွက္ေသာသူ ၊ ကိုယ္မ်က္စိ၍ရွိေသာတံက်င္ကို ေရွး ဉီးစြာထုတ္ပစ္ေလာ့။ ေနာက္မွ ညီအစ္ကိုမ်က္စိ၌ရွိေသာ ေျငာင့္ငယ္ကို ထုတ္ပစ္ျခင္းငွါ ရွင္းလင္းစြာျမင္လိမ့္မည္။”

သခင္ခရစ္ေတာ္ေျပာထားတာက သင္၏ပဋိပကၡကို အရင္ဆုံး၀န္ခံဖို႔လိုအပ္တယ္။ အေျခအေနကို ရွင္းလင္းစြာျမင္ရဖို႔ သင္၏မ်က္စိကို ကြယ္ေစတာမည္ကဲ့သို႔ေသာ ေျငာင့္ဖစ္ပါသနည္း။ သင္၏၀န္ခံစရာအျဖစ္ကို မစတင္သေရြ႕ သူတစ္ပါးသင့္အေပၚနာက်င္ေစခဲ့တဲ့ပုံစံေတြ ျဖင့္မစတင္ပါႏွင့္။ 

ပဋိပကၡက သင္၏ စာနာစိတ္ကင္းမဲ့မႈေၾကာင့္လား၊ (သို႔) သင္၏ အစြန္းေရာက္ဆတ္ဆတ္ထိမခံနိုင္ျခင္းေၾကာင့္လား၊ နာက်င္ခံစားရသူေတြေပၚသင္က စာနာစိတ္မျပခဲ့ဘူးလား။ သင္၏အစြန္းေရာက္မညႇာမတာမႈေၾကာင့္လား။ သင္၏အျမင္ကြယ္ေနေသာအစိတ္အပိုင္းက မည္သို႔နည္း။ သင္အဲဒါေတြကိုသိျမင္ၿပီး ၀န္ခံလိုက္မွသာ ျပသနာေျဖရွင္း ဖို႔အတြက္ ေနာက္ထပ္ေျခလွမ္းကို စတင္နိုင္မည္ျဖစ္သည္။ 

ဆင္ျခင္ရန္
-မိမိအျပစ္ကို ရွင္းလင္းစြာမျမင္နိုင္ေစတာ မည္ကဲ့သို႔ေသာအရာျဖစ္မည္နည္း။
-အျပဳံလိုက္အျပစ္ေတြေျပာျခင္းထက္ မိမိအျပစ္ကို၀န္ခံလိုက္တဲ့အခါ တပါးသူကို မည္ကဲ့သို႔သက္ေရာက္မႈျဖစ္ေစ တယ္လို႔ သင္ေတြးထင္ပါသနည္း။
-သင့္အသက္တာတြင္ ပဋိပကၡေတြကို ေျဖရွင္းဖို႔မည္ကဲ့သို႔လုပ္ေဆာင္မည္နည္း။ မည္ကဲ့သို႔ေသာပထမဆုံးေျခလွမ္းကို စတင္မည္နည္း။

---------------------------------------------------------------------------------
Unicode:
ပဋိပက္ခကို ဖြေရှင်းဖို့ရန် “မိမိ၌ရှိသောအပြစ်”ကနေစတင်လိုက်ပါ။
မဿဲ ၇:၃-၅ “ကိုယ်မျက်စိ၍ရှိသော တံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၍ရှိသောငြောင့်ငယ်ကို အဘယ် ကြောင့်ကြည့်ရှုသနည်း။ ကိုယ်မျက်စိ၍တံကျင်ရှိလျက်ပင် ညီအစ်ကိုအား သင်၏မျက်စိ၍ရှိသော ငြောင့်ငယ်ကိုထုတ်ပါရစေဟု အဘယ်သို့ဆိုသနည်း။ လျှို့ှက်သောသူ ၊ ကိုယ်မျက်စိ၍ရှိသောတံကျင်ကို ရှေး ဉီးစွာထုတ်ပစ်လော့။ နောက်မှ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှါ ရှင်းလင်းစွာမြင်လိမ့်မည်။”

ဘ၀မှာအရေးအကြီးဆုံးကျွမ်းကျင်မှုတစ်ခု သင်ယူဖို့ဆိုလျှင် “ပဋိပက္ခ ဖြေရှင်းနည်းကို” လေ့လာဖို့ရန်ဖြစ်တယ်။ မလေ့လာဘူးဆိုလျှင် သင့်အသက်တာကို သင်ဆိုးရွားစွာ ၊ စိတ်ပျက်စရာကောင်းစွာ ကုန်ဆုံးသွားဖို့ဘဲရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့လူသားတွေသည် မစုံလင်၊ မပြည့်၀ကြပါဘူး။ နေ့စဉ်အသက်တာမှာလည်း ဒုက္ခတွေကို အမြဲလိုလိုတွေ့ကြုံကြရပါတယ်။

ဒုက္ခတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းချင်တယ်ဆိုလျှင် ပထမဉီးဆုံးလုပ်ဆောင်မှုစတင်ရပါမည်။ အဓိပ္ပါယ်က ဘုရားသခင်ထံမှ အကူအညီတောင်းရန်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သင့်နှင့်ပဋိပက္ခဖြစ်သော တစ်စုံတစ် ယောက်ကို ချဉ်းကပ်ဖို့ရန် ရဲရင့်ခြင်း ၊ သတ္တိတွေဖြစ်စေလို့ပါဘဲ။ သင်နှင့်ပဋိပက္ခဖြစ်သောသူကိုပြောလိုက်ပါ “ကျွန်ုပ်တို့ထိုင်ပြီး ဖြေရှင်းကြရအောင်”။ ပြီးနောက် သူ၏မှားယွင်းခြင်းများနှင့် မစတင်ပါနဲ့ ၊ အပြုံလိုက်အပြစ်တင်ခြင်း (သို့) သင်နာကျင်ခဲ့ရတဲ့ပုံစံ တွေနဲ့လည်း မစတင်ပါနဲ့၊ သင်၏မှားယွင်းခြင်းကနေစတင်လိုက်ပါ။

ပဋိပက္ခ၏ ၉၉ ရာနှုန်းသည် သူ့မှာရှိနေပါမည်။ ဒါပေမဲ့ တစ်စုံတစ်ခုကို ၀န်ခံဖို့ အမြဲတမ်းသင်ရှာဖွေနိုင်ပါတယ်။ သင်၏အားနည်းလျော့ရဲတဲ့တုံ့ပြန်မှုဖြစ်နေနိုင်သည်၊ ခုခံကာကွယ်ခြင်းအသွင်ရှိသည့်တိုင်ပေါ့။ သင်၏သဘောထား ။ သင်၏လမ်းလျှောက်သွားပုံကြောင့်လည်း ဖြစ်နိုင်သည်ပေါ့။

သင်ကိုယ်တိုင်ဘယ်တော့မှ မမြင်နိုင်တဲ့ အားနည်းချက်ကို တခြားသူတွေက ရှင်းလင်းစွာမြင်ကြပါတယ်။ ဤအရာတွေ သည် သင်၏အမြင်ကွယ်စေသော ၊မမြင်နိုင်သောကဏ္ဍတွေဖြစ်တယ်။ သင်မသိသောအရာအတွက် သင့်မှာအား နည်းချက်ရှိနေပေမည်။ ဒါကြောင့် ပဋိပက္ခတွေကို ဖြေရှင်းဖို့ရန် နှိမ့်ချ သောစိတ်ဖြင့် သင်၏အပြစ်ကနေစတင်ပြီး လုပ်ဆောင်ဖို့လိုအပ်ခြင်းဖြစ်ပါတယ်။

မဿဲ ၇:၃-၅ “ကိုယ်မျက်စိ၍ရှိသော တံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၍ရှိသောငြောင့်ငယ်ကို အဘယ်ကြောင့်ကြည့်ရှုသနည်း။ ကိုယ်မျက်စိ၍တံကျင်ရှိလျက်ပင် ညီအစ်ကိုအား သင်၏မျက်စိ၍ရှိသော ငြောင့်ငယ်ကိုထုတ်ပါရစေဟု အဘယ်သို့ဆိုသနည်း။ လျှို့ှက်သောသူ ၊ ကိုယ်မျက်စိ၍ရှိသောတံကျင်ကို ရှေး ဉီးစွာထုတ်ပစ်လော့။ နောက်မှ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှါ ရှင်းလင်းစွာမြင်လိမ့်မည်။”

သခင်ခရစ်တော်ပြောထားတာက သင်၏ပဋိပက္ခကို အရင်ဆုံး၀န်ခံဖို့လိုအပ်တယ်။ အခြေအနေကို ရှင်းလင်းစွာမြင်ရဖို့ သင်၏မျက်စိကို ကွယ်စေတာမည်ကဲ့သို့သော ငြောင့်ဖစ်ပါသနည်း။ သင်၏၀န်ခံစရာအဖြစ်ကို မစတင်သရွေ့ သူတစ်ပါးသင့်အပေါ်နာကျင်စေခဲ့တဲ့ပုံစံတွေ ဖြင့်မစတင်ပါနှင့်။

ပဋိပက္ခက သင်၏ စာနာစိတ်ကင်းမဲ့မှုကြောင့်လား၊ (သို့) သင်၏ အစွန်းရောက်ဆတ်ဆတ်ထိမခံနိုင်ခြင်းကြောင့်လား၊ နာကျင်ခံစားရသူတွေပေါ်သင်က စာနာစိတ်မပြခဲ့ဘူးလား။ သင်၏အစွန်းရောက်မညှာမတာမှုကြောင့်လား။ သင်၏အမြင်ကွယ်နေသောအစိတ်အပိုင်းက မည်သို့နည်း။ သင်အဲဒါတွေကိုသိမြင်ပြီး ၀န်ခံလိုက်မှသာ ပြသနာဖြေရှင်း ဖို့အတွက် နောက်ထပ်ခြေလှမ်းကို စတင်နိုင်မည်ဖြစ်သည်။

ဆင်ခြင်ရန်
-မိမိအပြစ်ကို ရှင်းလင်းစွာမမြင်နိုင်စေတာ မည်ကဲ့သို့သောအရာဖြစ်မည်နည်း။
-အပြုံလိုက်အပြစ်တွေပြောခြင်းထက် မိမိအပြစ်ကို၀န်ခံလိုက်တဲ့အခါ တပါးသူကို မည်ကဲ့သို့သက်ရောက်မှုဖြစ်စေ တယ်လို့ သင်တွေးထင်ပါသနည်း။

-သင့်အသက်တာတွင် ပဋိပက္ခတွေကို ဖြေရှင်းဖို့မည်ကဲ့သို့လုပ်ဆောင်မည်နည်း။ မည်ကဲ့သို့သောပထမဆုံးခြေလှမ်းကို စတင်မည်နည်း။