The Real Reason We Argue

Zawgyi Font
ကၽြန္ုပ္တို႔ ျငင္းခုံရသည့္အၾကာင္းရင္း
ဖိလိပၸိ ၂:၄-၅ “ကိုယ္အမူအရာကို မရႈမမွတ္ဘဲ ၊ သူ႔အမူအရာကို အခ်င္းခ်င္းရႈမွတ္ၾကေလာ့။ ေယရႈခရစ္၍ရွိေသာ ထိုစိတ္သေဘာကို သင္တို႔၌လည္း ရွိေစၾကေလာ့။”

ပဋိပကၡေျဖရွင္းဖို႔ရန္ တစ္စုံတစ္ေယာက္ႏွင့္ေတြ႕ဆုံတဲ့အခါ သင္၏ျပသနာကိုအရင္ဆုံး၀န္ခံသင့္ပါတယ္။ ေနာက္မွ သူတစ္ပါး၏နာက်င္ခံစားရမႈေတြႏွင့္ရႈေတာင့္ေတြကိုနားဆင္ရမွာပါ။

ျငင္းခုံမႈေတြသည္ စိတ္ကူးအႀကံအစည္ေပၚ တည္တယ္ဆိုၿပီး ကၽြန္ုပ္တို႔ေတြးထင္ၾကပါတယ္။ ဒါေပမဲ့ အမွန္တကယ္က စိတ္ခံစားမႈေပၚမွာ ျငင္းခုံၾကတာပါ။ ပဋိပကၡဆိုတာ အခ်ိန္မေရြးရွိတတ္စျမဲပါ။ တစ္စုံတစ္ေယာက္ခံစားေနခဲ့ရတယ္၊ ေစာ္ကားခံရတယ္၊ ေပါ့ေပါ့တန္တန္ဆက္ဆံခံရမႈအေပၚခံစားခဲ့ရတယ္။ ဤအမူအရာတို႔သည္ စိတ္ကူးအႀကံအစည္ မဟုတ္ဘဲ အဲဒီေနာက္ကြယ္က စိတ္ခံစားမႈေၾကာင့္ပင္ ျဖစ္ပါတယ္။

နာက်င္မႈခံစားရတဲ့သူေတြက လူေတြကို ထပ္ၿပီးနာက်င္ေအာင္လုပ္ေဆာင္ၾကတယ္။ လူေတြပိုၿပီးနာက်င္လာၾကရ တယ္။  မည္သူကိုမဆိုသူတို႔၏ ရိုက္ခတ္ေတာ့မွာျဖစ္တယ္။ နာက်င္မႈမခံစားရတဲ့သူေတြမွာေတာ့ မည္သူ႔ကိုမွ မနာ က်င္ေစၾကပါ။ ခ်စ္ျခင္းေမတၱာျဖင့္ျပည့္၀ေနတဲ့သူမွာ သူတစ္ပါးကိုလည္း ခ်စ္ျခင္းေမတၱာေတြမၽွ‌ေၾကပါတယ္။ ၀မ္းေျမာက္ျခင္းမ်ား ၊ ၿငိမ္သက္ျခင္းမ်ားႏွင့္ျပည့္တဲ့သူမွာလည္း ၀မ္းေျမာက္ျခင္း ၊ ၿငိမ္သက္ျခင္းေတြကို သူတစ္ပါးဆီ‌ေငွၾကပါတယ္။ ဒါေပမဲ့ စိတ္ထဲမွာ ထိခိုက္ခံစားေနရသူမွာ သူတစ္ပါးကိုလည္း နာက်င္ေစမွာ ျဖစ္ပါတယ္။ သူတို႔ေတြ လူတကာကို ရိုက္ခတ္မႈေတြျပဳၾကဖို႔ဘဲျဖစ္ပါတယ္။

လူေတြႏွင့္ဆက္သြယ္ခ်င္တယ္ဆိုလၽွင္ သူတို႔၏လိုအပ္ခ်က္ေတြ၊ နာက်င္မႈေတြ ႏွင့္သူတို႔၏စိတ္၀င္စားစရာေတြကေန စတင္ရမွာပါ။ ေကာင္းေသာ အေရာင္း၀န္ထမ္းေကာင္းျဖစ္ခ်င္လၽွင္ သင္၏ထုတ္ကုန္ကေန မစတင္သင့္ပါ။ သုံးစြဲသူ/စားသုံးသူေတြ၏ လိုအပ္ခ်က္ ၊ ခံစားခ်က္ ႏွင့္စိတ္၀င္စားမႈကေန သင္စတင္ရမွာပါ။ ေကာင္းေသာ ကၽြမ္းက်င္ေသာ ပါေမကၡ (သို႔) သင္းအုပ္ဆရာ (သို႔) တစ္စုံတစ္ရာ / ျဖစ္လိုလၽွင္ လူေတြ၏လိုအပ္ခ်က္ ၊ ခံစားခ်က္ ႏွင့္ စိတ္၀င္စားမႈကေနစတင္ရပါမည္။

ဖိလိပၸိ ၂:၄-၅ “ကိုယ္အမူအရာကို မရႈမမွတ္ဘဲ ၊ သူ႔အမူအရာကို အခ်င္းခ်င္းရႈမွတ္ၾကေလာ့။ ေယရႈခရစ္၍ရွိေသာ ထိုစိတ္သေဘာကို သင္တို႔၌လည္း ရွိေစၾကေလာ့။”

သင္ႏွင့္ပဋိပကၡျဖစ္ဖူးသူကို နားမေထာင္နိုင္တဲ့ အေျခအေနကိုျပဖို႔ရန္ သင္မၾကာခဏဆိုသလို အရမ္းအလုပ္ရႈပ္ေန ပါသလား။ အရမ္းဘဲစကားေတြေျပာေနၿပီး သူတစ္ပါးေျပာဆိုဖို႔ၾကေတာ့ စိတ္မ၀င္စားနိုင္ဘူးလား။ ဒါေၾကာင့္ သင္‌ေးသထက္ အ‌ေးသို႔ေရာက္ရွိသြားပါၿပီ။

သင္၏လိုအပ္ခ်က္ထက္ သူတစ္ပါးလိုအပ္ခ်က္ကို အာ႐ုံစိုက္ဖို႔ကို သင္၏အာ႐ုံေတြကို ကူးေျပာင္းမႈျပဳဖို႔လိုအပ္ပါတယ္။ ပဋိပကၡေျဖရွင္းျခင္းေတြက သင္၏အေျခအေနရႈျမင္ပုံကေန စတင္သင့္ပါတယ္။ ဖိလိပၸိ ၂:၄ မွာေျပာထားတဲ့ “look” သည္ ဂရိစကားလုံး “scopos” ႏွင့္တူပါသည္။ “microscope” ႏွင့္ “telescope” ဆိုတဲ့စကားလုံးေတြကေန ရယူျခင္းျဖစ္တယ္။
“scopos”  ဆိုတာက အာ႐ုံစိုက္ဖို႔ျဖစ္တယ္။ ေနာက္ထပ္က်မ္းပိုဒ္က ဆိုလိုသည္မွာ သင္၏စရိုက္လကၡဏာသည္လည္း သခင္ခရစ္ေတာ္နည္းတူျဖစ္သင့္သည္။ သင္၏အေၾကာင္းထက္ သူတစ္ပါး၏နာက်င္မႈ / ခံစားမႈကို အာ႐ုံျပဳလိုက္တာ ႏွင့္ သင္သည္ သခင္ခရစ္ေတာ္ႏွင့္ပိုမို တူဖို႔ျဖစ္လာပါမည္။

ေရွးေဟာင္းစကားပုံတစ္ခုဆိုထားတာက “နားလည္ဖို႔အရင္လုပ္ေဆာင္ၿပီးမွ နားလည္သေဘာေပါက္လာမည္”။ သူတစ္ပါး၏လိုအပ္ခ်က္ကို အာ႐ုံျပဳခ်ိန္မွာ သင္ပိုၿပီးေကာင္းမြန္တဲ့အေျခအေနနားလည္ျခင္းမ်ားကိုရရွိမည္ျဖစ္ၿပီး သင္၏ျပသနာေတြကို ေျဖရွင္းဖို႔ရန္ ဆက္လက္လုပ္ေဆာင္နိုင္မည္ျဖစ္သည္။

ဆင္ျခင္ရန္
-သူတစ္ပါး၏စိတ္၀င္စားမႈကိုမည္ကဲ့သို႔ရွာေဖြသည္ကို မည္ကဲ့သို႔ေသာဥပမာျဖင့္သခင္ခရစ္ေတာ္ေဖာ္ေဆာင္ခဲ့ပါသ နည္း။
-သူတစ္ပါးလိုအပ္ခ်က္ႏွင့္ပတ္သက္ၿပီးေဖာ္ျပဖို႔ရန္ မည္ကဲ့သို႔ေသာနည္းလမ္းျဖင့္ ေလ့က်င့္နိုင္ပါမည္နည္း။
-ျပသနာေျဖရွင္းဖို႔မလုပ္ေဆာင္ခင္ သင့္ကိုယ္သင္မည္ကဲ့သို႔ျပင္ဆင္ဖို႔ရန္လိုအပ္သနည္း။ သို႔မွသာ သူတစ္ပါးကို အာ႐ုံစိုက္နိုင္ၿပီး နားေထာင္ေပးနိုင္ပါမည္။

--------------------------------------------------------------------------------
Unicode:
ကျွန်ုပ်တို့ ငြင်းခုံရသည့်အကြာင်းရင်း
ဖိလိပ္ပိ ၂:၄-၅ “ကိုယ်အမူအရာကို မရှုမမှတ်ဘဲ ၊ သူ့အမူအရာကို အချင်းချင်းရှုမှတ်ကြလော့။ ယေရှုခရစ်၍ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။”

ပဋိပက္ခဖြေရှင်းဖို့ရန် တစ်စုံတစ်ယောက်နှင့်တွေ့ဆုံတဲ့အခါ သင်၏ပြသနာကိုအရင်ဆုံး၀န်ခံသင့်ပါတယ်။ နောက်မှ သူတစ်ပါး၏နာကျင်ခံစားရမှုတွေနှင့်ရှုတောင့်တွေကိုနားဆင်ရမှာပါ။

ငြင်းခုံမှုတွေသည် စိတ်ကူးအကြံအစည်ပေါ် တည်တယ်ဆိုပြီး ကျွန်ုပ်တို့တွေးထင်ကြပါတယ်။ ဒါပေမဲ့ အမှန်တကယ်က စိတ်ခံစားမှုပေါ်မှာ ငြင်းခုံကြတာပါ။ ပဋိပက္ခဆိုတာ အချိန်မရွေးရှိတတ်စမြဲပါ။ တစ်စုံတစ်ယောက်ခံစားနေခဲ့ရတယ်၊ စော်ကားခံရတယ်၊ ပေါ့ပေါ့တန်တန်ဆက်ဆံခံရမှုအပေါ်ခံစားခဲ့ရတယ်။ ဤအမူအရာတို့သည် စိတ်ကူးအကြံအစည် မဟုတ်ဘဲ အဲဒီနောက်ကွယ်က စိတ်ခံစားမှုကြောင့်ပင် ဖြစ်ပါတယ်။

နာကျင်မှုခံစားရတဲ့သူတွေက လူတွေကို ထပ်ပြီးနာကျင်အောင်လုပ်ဆောင်ကြတယ်။ လူတွေပိုပြီးနာကျင်လာကြရ တယ်။  မည်သူကိုမဆိုသူတို့၏ ရိုက်ခတ်တော့မှာဖြစ်တယ်။ နာကျင်မှုမခံစားရတဲ့သူတွေမှာတော့ မည်သူ့ကိုမှ မနာ ကျင်စေကြပါ။ ချစ်ခြင်းမေတ္တာဖြင့်ပြည့်၀နေတဲ့သူမှာ သူတစ်ပါးကိုလည်း ချစ်ခြင်းမေတ္တာ တွေဝေမျှကြပါတယ်။ ၀မ်းမြောက်ခြင်းများ ၊ ငြိမ်သက်ခြင်းများနှင့်ပြည့်တဲ့သူမှာလည်း ၀မ်းမြောက်ခြင်း ၊ ငြိမ်သက်ခြင်းတွေကို သူတစ်ပါးဆီ‌‌ငှကြပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာ ထိခိုက်ခံစားနေရသူမှာ သူတစ်ပါးကိုလည်း နာကျင်စေမှာ ဖြစ်ပါတယ်။ သူတို့တွေ လူတကာကို ရိုက်ခတ်မှုတွေပြုကြဖို့ဘဲဖြစ်ပါတယ်။

လူတွေနှင့်ဆက်သွယ်ချင်တယ်ဆိုလျှင် သူတို့၏လိုအပ်ချက်တွေ၊ နာကျင်မှုတွေ နှင့်သူတို့၏စိတ်၀င်စားစရာတွေကနေ စတင်ရမှာပါ။ ကောင်းသော အရောင်း၀န်ထမ်းကောင်းဖြစ်ချင်လျှင် သင်၏ထုတ်ကုန်ကနေ မစတင်သင့်ပါ။ သုံးစွဲသူ/စားသုံးသူတွေ၏ လိုအပ်ချက် ၊ ခံစားချက် နှင့်စိတ်၀င်စားမှုကနေ သင်စတင်ရမှာပါ။ ကောင်းသော ကျွမ်းကျင်သော ပါမေက္ခ (သို့) သင်းအုပ်ဆရာ (သို့) တစ်စုံတစ်ရာ / ဖြစ်လိုလျှင် လူတွေ၏လိုအပ်ချက် ၊ ခံစားချက် နှင့် စိတ်၀င်စားမှုကနေစတင်ရပါမည်။

ဖိလိပ္ပိ ၂:၄-၅ “ကိုယ်အမူအရာကို မရှုမမှတ်ဘဲ ၊ သူ့အမူအရာကို အချင်းချင်းရှုမှတ်ကြလော့။ ယေရှုခရစ်၍ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။”

သင်နှင့်ပဋိပက္ခဖြစ်ဖူးသူကို နားမထောင်နိုင်တဲ့ အခြေအနေကိုပြဖို့ရန် သင်မကြာခဏဆိုသလို အရမ်းအလုပ်ရှုပ်နေ ပါသလား။ အရမ်းဘဲစကားတွေပြောနေပြီး သူတစ်ပါးပြောဆိုဖို့ကြတော့ စိတ်မ၀င်စားနိုင်ဘူးလား။ ဒါကြောင့် သင်‌ဝေးသထက် အအဝေးသို့ရောက်ရှိသွားပါပြီ။

သင်၏လိုအပ်ချက်ထက် သူတစ်ပါးလိုအပ်ချက်ကို အာရုံစိုက်ဖို့ကို သင်၏အာရုံတွေကို ကူးပြောင်းမှုပြုဖို့လိုအပ်ပါတယ်။ ပဋိပက္ခဖြေရှင်းခြင်းတွေက သင်၏အခြေအနေရှုမြင်ပုံကနေ စတင်သင့်ပါတယ်။ ဖိလိပ္ပိ ၂:၄ မှာပြောထားတဲ့ “look” သည် ဂရိစကားလုံး “scopos” နှင့်တူပါသည်။ “microscope” နှင့် “telescope” ဆိုတဲ့စကားလုံးတွေကနေ ရယူခြင်းဖြစ်တယ်။
“scopos”  ဆိုတာက အာရုံစိုက်ဖို့ဖြစ်တယ်။ နောက်ထပ်ကျမ်းပိုဒ်က ဆိုလိုသည်မှာ သင်၏စရိုက်လက္ခဏာသည်လည်း သခင်ခရစ်တော်နည်းတူဖြစ်သင့်သည်။ သင်၏အကြောင်းထက် သူတစ်ပါး၏နာကျင်မှု / ခံစားမှုကို အာရုံပြုလိုက်တာ နှင့် သင်သည် သခင်ခရစ်တော်နှင့်ပိုမို တူဖို့ဖြစ်လာပါမည်။

ရှေးဟောင်းစကားပုံတစ်ခုဆိုထားတာက “နားလည်ဖို့အရင်လုပ်ဆောင်ပြီးမှ နားလည်သဘောပေါက်လာမည်”။ သူတစ်ပါး၏လိုအပ်ချက်ကို အာရုံပြုချိန်မှာ သင်ပိုပြီးကောင်းမွန်တဲ့အခြေအနေနားလည်ခြင်းများကိုရရှိမည်ဖြစ်ပြီး သင်၏ပြသနာတွေကို ဖြေရှင်းဖို့ရန် ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ဆင်ခြင်ရန်
-သူတစ်ပါး၏စိတ်၀င်စားမှုကိုမည်ကဲ့သို့ရှာဖွေသည်ကို မည်ကဲ့သို့သောဥပမာဖြင့်သခင်ခရစ်တော်ဖော်ဆောင်ခဲ့ပါသ နည်း။
-သူတစ်ပါးလိုအပ်ချက်နှင့်ပတ်သက်ပြီးဖော်ပြဖို့ရန် မည်ကဲ့သို့သောနည်းလမ်းဖြင့် လေ့ကျင့်နိုင်ပါမည်နည်း။

-ပြသနာဖြေရှင်းဖို့မလုပ်ဆောင်ခင် သင့်ကိုယ်သင်မည်ကဲ့သို့ပြင်ဆင်ဖို့ရန်လိုအပ်သနည်း။ သို့မှသာ သူတစ်ပါးကို အာရုံစိုက်နိုင်ပြီး နားထောင်ပေးနိုင်ပါမည်။