Six Ways to Work on Your Integrity
Zawgyi Font
၁။ သင်၏ကတိကို တည်စေပါ။
ဆင်ခြင်ရန်
-------------------------------------------------------------------------------
Unicode:
သင်၏သမာဓိ (ဖြောင့်မတ်ခြင်း) အတွက်လုပ်ဆောင်ဖို့ရန် နည်းလမ်း (၆) မျိုး
ကောရိန္တုဒုတိယစောင် ၄:၂ “ဆိတ်ကွယ်ရာအရပ်၌ပြုသော ရှက်ဖွယ်သောအမှုများကို ပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို တိမ်၀ှက်မှောက်လှန်ခြင်းမရှိ။ သမ္မတရားကို အတည့်အလင်း ဘော်ပြ၍ ၊ ဘုရားသခင်ရှေ့တော်၌ လူအပေါင်းတို့၏ စိတ်အထင်အတိုင်း ချီးမွမ်းဖွယ်သောအကျင့်ဓလေ့ကို ကျင့်ကြ၏။”
သမာဓိဆိုတာ သင့်အသက်တာ၏ဘယ်အစိတ်အပိုင်းကိုမဆို တူညီသောစိတ်အားထက်သန်မှုတွေဖြင့် ပြုမူဆောင် ရွက်ဖို့ရန် လိုအပ်ခြင်း ၊ တောင်းဆိုခြင်းဖြစ်သည်။  သင့်လုပ်ငန်းခွင်မှာ အကောင်းဆုံးဖြစ်ဖို့ရန် ကတိပေး လုပ်ဆောင်သလို သင်၏အိမ်ထောင်ရေးမှာလည်း ထိုနည်းလည်ကောင်း ပင်လုပ်ဆောင်ဖို့ရှိပါတယ်။ ဆုတောင်းပဌနာ ပြုခြင်း နည်းတူ ကလေးများကို ပြုစုပျိုးထောင်ခြင်းတွေမှာလည်း ထိုနည်းလည်းကောင်း ပင်ဖြစ်ပါတယ်။
ဤတစ်ပတ်မှာ သမာဓိဖြင့်ပြည့်၀သောသူအဖြစ်လုပ်ဆောင်နိုင်သော နည်းလမ်း ၆ မျိုးကိုပေးပါရစေ။
၁။ သင်၏ကတိကို တည်စေပါ။
သမာဓိရှိတဲ့သူတွေသည် သူတို့၏ကတိကို တည်ကြပါတယ်။ သူတို့လုပ်ဆောင်မယ်လို့ပြောလျှင် ၊ ပြောသည့်အတိုင်းလုပ်ဆောင်ကြပါတယ်။ သူတို့အဲဒီနေရာမှာရှိနေမယ်ဆိုလျှင်လည်း သူတို့တကယ်ပင်သွားရောက် ကြပါတယ်။ သုတ္တံ ၂၅း၁၄ “ပေးမည်ဟု၀ါကြွား၍ မပေးဘဲနေသောသူသည် မိုဃ်းရေမပါသော တိမ်နှင့်လေ ကဲ့သို့ဖြစ်၏။
၂။ သင်၏ကုန်ကျစရိတ်ကို ပေးချေပါ။
ဤကိစ္စက သိပ်အရေးမကြီးဘူးလို့ သင်ထင်ကောင်းထင်ပါမည်။ သို့ပေမဲ့ ဘုရားသခင်အတွက်က အရေးကြီးပါတယ်။ သင်ရှာနိုင်သည်ထက် သင်ငွေကြေးကို ပိုသုံးနေပါသလား။ ဒါသည် သမာဓိကင်းမဲ့ခြင်းဖြစ်နေပါပြီ။ သင်မပေးချေနိုင်တဲ့အရာအတွက် သင့်ကိုယ်သင် အကြွေးတင်အောင်လုပ်ဆောင်ပါသလား။ ဤအဖြစ်သည်လည်း သမာဓိကင်းမဲ့ခြင်းပင်ဖြစ်သည်။ ဆာလံ ၃၇:၂၁ ”မတရားသောသူသည် ချေးငှါး၍မဆပ်ဘဲနေတတ်၏။ ဖြောင့်မတ်သောသူမူကား သနားသောစိတ်ရှိ၍ ပေးတတ်၏။”
၃။ အတင်းအဖျင်းပြောဆိုခြင်းကို ငြင်းပယ်ပါ။
လျှို့၀ှက်ချက်ကို မည်ကဲ့သို့ထိန်းသိမ်းရကောင်းမှန်းသိပြီး ပတ်၀န်းကျင်နှင့် လူမှုကွန်ယက်တွေမှာ လက်ဆင့်မကမ်း တတ်သော သမာဓိ (ဖြောင့်မတ်သော) သူ ယောက်ျား၊မိန်းမ ဟူသမျှကို ဘုရားသခင် ရှာဖွေနေပါတယ်။ လူတွေအကြောင်းကို သူတို့နောက်ကွယ်မှာ မပြောကြပါနဲ့။ အဲဒီအကြောင်းအရာတွေကိုလည်း နားမထောင်ပါနဲ့။ သုတ္တံ ၁၁း၁၃ “လည်၍စကားများစွာပြောတတ်သောသူသည် လျှို့၀ှက်အပ်သောအရာကို ဖော်ပြတတ်၏။ သစ္စာစောင့် သောသူမူကား ၀ှက်ထားတတ်၏။”
၄။ ပေးသွင်းရသော သဿမေဓအခွန်၌ သစ္စာစောင့်သိပါ။
ပထမဉီးဆုံး သင်၏ ငွေကြေးပေးသွင်းသောအရာတွေသည် သင့်အတွက်အရေးအကြီးဆုံးသောအရာတွေပါ။ မာလခိ အနာဂတ္တိကျမ်း ၃း၈ “လူသည် ဘုရားသခင်၏  ဥစ္စာတော်ကိုလုယူရမည်လော။ သို့သော်လည်း သင်တို့သည် ဥစ္စာကိုလုယူကြပြီ။ အကျွန်ုပ်တို့သည် အဘယ်သို့လုယူပါသနည်းဟု သင်တို့မေးလျှင် ၊ ဆယ်ဘို့တစ်ဖို့ကိုလည်း ကောင်း၊ ပူဇော်သက္ကာတို့ကိုလည်းကောင်း ၊ လုယူကြပြီ။”
အနာဂတ္တိကျမ်း ၃း၁၀ “ဆယ်ဘို့တစ်ဘို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့သွင်း၍ ငါ့အိမ်တော်၌စားစရာရှိစေခြင်းငှါ ပြုကြလော့။
၅။ လုပ်ဆောင်သမျှကို အကောင်းဆုံးပြုပါ။
ကောလောသဲ ၃း၂၃ “လူ၏အမှုကိုသာဆောင်ရွက်သကဲ့သို့မဟုတ် ၊ သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်သကဲ့သို့ ၊ ပြုလေသမျှတို့၌ စေတနာစိတ်နှင့်ပြုကြလော့။” ယုံကြည်သူတစ်ယောက်၏ သူဌေးသည် ဘုရားသခင်သာြဖစ်သည်။ သင်၏လုပ်ဆောင်မှုကို သူတစ်ပါးမတွေ့သည့်တိုင် ဘုရားသခင်တွေ့မြင်ပါသည်။
၆။ တခြားသူတွေနှင့် စစ်မှန်စွာတည်နေပါ။
သမာဓိရှိသောသူတစ်ယောက်သည် အသင်းတော်မှာဘဲဖြစ်ဖြစ်၊ တခြားသောနေရာတွေမှာဘဲဖြစ်ဖြစ် မိမိကိုယ်ကို တစ်မျိုးတည်းဖြစ်စေသည်။ နောက်တစ်ယောက်ပုံစံမဖြစ်စေပါ။  ကောရိန္တုဒုတိယစောင် ၄း၂ “ဆိတ်ကွယ်ရာအရပ် ၌ပြုသော ရှက်ဖွယ်သောအမှုများကို ပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင်၏နှုတ်ကပတ် တရားတော်ကို တိမ်၀ှက်မှောက်လှန်ခြင်းမရှိ။ သမ္မတရားကို အတည့်အလင်း ဘော်ပြ၍ ၊ ဘုရားသခင်ရှေ့တော်၌ လူအပေါင်းတို့၏ စိတ်အထင်အတိုင်း ချီးမွမ်းဖွယ်သောအကျင့်ဓလေ့ကို ကျင့်ကြ၏။”
ဆင်ခြင်ရန်
-      အတင်းအဖျင်းအား နားဆင်ခြင်း (သို့) အားပေးအားမြောက်ပြုနေခြင်းမှ သင်မည်ကဲ့သို့ပြုမူနေထိုင်သနည်း။
-      သင်၏ဖြောင့်မတ်ခြင်းအတွက် သင်လိုက်လျှောက်သင့်ဖို့လိုအပ်တဲ့အရာအတွက် မည်သို့သောကတိကို သင်မတည်နိုင်ပါသနည်း။
-      အကယ်၍ ဘုရားသခင်သည် သင်၏လုပ်ငန်းခွင်တွင်ရှိနေပြီးသင့်၏လုပ်ဆောင်နေမှုကို စောင့်ကြည့်နေ မည်ဆိုလျှင် လုပ်ငန်းခွင်၌ သင့်၏ ပြုမူဆောင်ရွက်မှုပုံစံတွေကို မည်ကဲ့သို့ပြောင်းလဲပစ်မည်နည်း။