Seize the Opportunity to Serve
Zawgyi Font
ဆင်ခြင်ရန်
------------------------------------------------------------------------------
Unicode:
ထမ်းရွက်စရာအခွင့်အရေးကို လက်မလွှတ်တမ်းဖမ်းဆုပ်ပါ။
သုတ္တံ ၃:၂၇-၂၈ “ကျေးဇူးကိုခံသင့်သော သူတို့အား ကျေးဇူးပြုရသော အခွင့်ရှိလျှင် မပြုဘဲမနေနှင့်။ အိမ်နီးချင်းကို ပေးစရာရှိလျက်ပင် သွားတော့။ တဖန်လာဉီးတော့။ နက်ဖြန်မှ ငါပေးမည်ဟုမပြောနှင့်။”
ချစ်ခြင်းမေတ္တာသည် တစ်စုံတရာကို ပြုလုပ်ခြင်းဖြစ်၏။ ချစ်ခြင်းသည် ဘယ်တော့မှ “သင်နာကျင်ခံစားရတာကို ကျွန်ုပ်၀မ်းနည်းရပါတယ်၊ ရှက်စရာကောင်းနေလား၊ အရမ်းဆိုးတာဘဲလား။” လို့ မပြောဆိုပါ။ ချစ်ခြင်းသည် အခြေအေနတွေကို အမိအရဖမ်းဆုပ်ခြင်းဖြစ်သည်။
ကောင်းသောရှမရိသည် အမျိုးမျိုးသောအကြောင်းအရာတွေကို လုပ်ဆောင်ခဲ့ခြင်းက အခြေအနေတွေကို ဆုပ်ကိုင်ချင်လို့ ၊ ကူညီချင်လိုသော စိတ်ကြောင့်ဖြစ်ပါတယ်။ ဒဏ်ရာများနဲ့လဲနေသောသူကို ကြည့်ရန် ကိုယ်ကို ငုံ့လျှိုးပြီး သူ့ကိုယ်သူ အထင်ကရလို့မသတ်မှတ်ပါ။ ဟန်မဆောင်ပါ၊ နှိမ်သောစကားမပြောဘဲ ကူညီခဲ့ပါတယ်။
ဒုတိယအနေဖြင့် သူ့မှာပိုင်ဆိုင်သောအရာတွေဖြင့်ဤကူညီမှုအတွက်အသုံးပြုခဲ့ပါတယ်။ စပျစ်ရည်နှင့်ဆီကိုလူးပြီး အ၀တ်ဖြင့်ပတ်စည်းပေးခဲ့တယ်။ ဘာကြောင့်လဲ။ သူ၏တိရစ္ဆာန်ပေါ်မှာဤလူကို စတင်ပြုစုတယ်။ စပျစ်ရည်သည် အရက်ပါ၀င်တဲ့အတွက် အနာအတွက် ပိုးမွှားသန့်စင်စေတယ်၊ ဆီကလည်း အနာကို သက်သာစေတယ်။
ကျမ်းစာမှာဖော်ပြထားသည်မှာ ရှမရိသည် လူနာအား အ၀တ်ပတ်တီးစည်းပေးတယ်လို့ဆိုထားပါတယ်။ ဘယ်ကရတာလဲ။ သူက ဆရာ၀န်လည်းမဟုတ် ၊ ရှေးဉီးသူနာပြုနည်းဆိုင်ရာပစ္စည်းလည်မပိုင်ဆိုင်။ လူနာကတော့ အ၀တ်အစားမဲ့နေတယ်။ ဤအ၀တ်ပတ်တီးသည်လည်းလူနာအတွက် အ၀တ်သဘောဖြစ်စေခဲ့တယ်။
ကောင်းသောရှမရိက ဤအခြေအနေမှာပင် လုပ်နိုင်သမျှကို လုပ်ဆောင်သွားခဲ့ပါတယ်။ ကမ္ဘာလောကမှာ အနာတရဖြစ်နေတဲ့သူတွေ၊ ဒဏ်ရာရနေသူတွေဖြင့် ပြည့်နှက်နေပါတယ်။ သင်နေ့စဉ်ဖြတ်လျှောက်သွားတဲ့အခါ ဒဏ်ရာရနေတဲ့သူတွေကို တွေ့မြင်မိပါသလား။ ဒဏ်ရာကို ခန္ဓာပိုင်းဆိုင်ရာမတွေ့မိပေမဲ့သူတို့မှ စိတ်ဒဏ်ရာတွေဖြစ်နေ နိုင်ပါတယ်။ ငွေကြေးဆိုင်ရာဒဏ်ရာတွေလည်းဖြစ်နေနိုင်ပါတယ်။ သူတို့လိုအပ်နေတာ သင်၏ချစ်ခြင်းမေတ္တာ နှင့် သနားကြင်နာမှုကိုပါ။
ကောင်းမွန်သောအခြေအနေရောက်ဖို့အထိ မစောင့်ပါနှင့်။ ပိုပြီးတော့ အဆင်ပြေနိုင်စရာအချိန်တွေထိမစောင့်ဆိုင်း ပါနှင့်။ တစ်စုံတစ်ယောက်ကို ယနေ့ပင်ကူညီနိုင်လျှင် မရွေ့ဆိုင်းလိုက်ပါနှင့်။ အခြအနေကို သင်ဖမ်းဆုပ်လိုက်တာနှင့် ဘုရားသခင်သည် သင့်ဘက်မှာရှိနေပါမည်။
ဆင်ခြင်ရန်
- မည်သို့သော သင်၏…နေ့စဉ်ဓူ၀တွေက သင့်၏သနားကြင်နာမှုဂရုဏာပြဖို့ရန်အခွင့်အရေးကိုဆုပ်ကိုင်ဖို့အတွက် ‌ေးကွာစေ သနည်း။
-သင့်အသက်တာတွင် တွေ့ရှိသော ဒဏ်ရာရသူအကြောင်းကို စဉ်းစားလိုက်ပါ။ သင်၏မေတ္တာဂရုဏာကို ပြဖို့ရန် ယနေ့တွင် သင်ဘာကိုပြုလုပ်နိုင်မည်နည်း။
-သင့်အသက်တာမှာ တွေ့ရှိသော နောက်ထပ် ကောင်းသောရှမရိကား မည်သူနည်း။ အဲဒီအတွေ့အကြုံက သင့်ကိုသခင်ခရစ်တော်နှင့် မည်ကဲ့သို့နီးစေပါသနည်း။