Zawgyi Font
ဆင်ခြင်ရန်
---------------------------------------------------------------------------------
Unicode:
ဖြောင့်မတ်ခြင်း (သမာဓိ) ရှိဖို့ရန် လုပ်ဆောင်နိုင်မည့်ပထမဉီးဆုံးသောခြေလှမ်း
ယောဘ၀တ္တု ၈:၅-၇ “သင်သည် မဆိုင်းမလင့် ၊ သန့်ရှင်းဖြောင့်မတ်သော သဘောနှင့်
ဘုရားသခင်ကို ရှာ၍ အနန္တတန် ခိုးရှင်အား တောင်းပန်လျှင် ၊ စင်စစ် သင့်အတွက် ကိုယ်တော်သည်
ထပြီးလျှင် သင်၏ ဖြောင့်မတ်သောနေရာကို ကောင်းစားစေတော်မူသဖြင့် သင်သည်အစအဦး၌ ငယ်သော်လည်း
နောက်ဆုံး၌ အလွန်ကြီးပွားလိမ့်မည်။”
ဖြောင့်မတ်ခြင်းနှင့်ပတ်သက်တဲ့အာဘော်တွေက
သင့်ကို စိတ်ခံစားမှုဖြစ်စေတဲ့အကြောင်းက သင်၏အောင်မြင်အောင်လုပ် ဆောင်ချင်တဲ့စိတ် ၊
ဖန်တီးတဲ့အရာတွေ ကျရှုံးနေမှုအတွက် အချိန်တိုင်းပြန်လည်အောက်မေ့ခြင်း၊ သင်ရယူပိုင်ဆိုင်ထားတဲ့
အခွင့်အရေး မှန်သမျှ ဖြောင့်မတ်ခြင်း (သို့) သမာဓိပြဖို့ရန် မဖြစ်နိုင်ခြင်း ၊ အသက်တာရှိ
ကိုယ်ကျင့်တရား ၊ လူ့ကျင့်၀တ်တွေ ကျရှုံးခြင်းတွေကြောင့်ဖြစ်တယ်။ ကျရှုံးခြင်းဆိုင်ရာအချက်တွေကို
မှတ်တမ်းပြုစုနိုင်ပါတယ်။
ဆိုးတဲ့လုပ်ဆောင်မှုအတွက်
၀န်ခံခြင်းက ကောင်းတဲ့လုပ်ဆောင်မှုကို စတင်လုပ်ဆောင်ဖို့ဖြစ်တယ်လို့ St. Augustine ကဆိုထား ပါတယ်။
ဖြောင့်မတ်သူအဖြစ်သို့
ပြောင်းလဲဖြစ်တည်လာဖို့အတွက် သင်စိတ်အားထက်သန်တယ်ဆိုလျှင် ပထမဉီးစွာလုပ်ဆောင်ရမှာက
သင်၌ဖြောင့်မတ်ခြင်းမရှိဘူးဆိုတာ လက်ခံဖို့ပါဘဲ။ သင်၏ကတိတွေကိုလည်း အမြဲမတည်နိုင်ဘူးဆိုတာကိုလည်း
သင်လက်ခံ/ ၀န်ခံရမှာပါ။
မကြခဏဆိုသလို
သင်အတင်းအဖျင်းအဖျင်းပြောတတ်ပြီး ၊ အဲဒီလိုပြောတာကိုလည်း နှစ်သက်သူဖြစ်တယ်။ တစ်ခါတစ်ရံ
လုပ်ငန်းခွင်တွေမှာ သင်ပျင်းရိလျော့ရွဲနေတတ်တယ်၊ တစ်စုံတစ်ယောက်မဟုတ်သလို ဟန်ဆောင်နေတတ်တယ်။
အားလုံးကို ဘုရားသခင်ထံ၀န်ခံရုံပါဘဲ။
အပြစ်နှင့် ခိုအောင်းနေတဲ့ အသက်တာတစ်စိတ်တစ်ပိုင်းကာလတွေရှိနေတဲ့ခါ
အများစုသောသူတွေထင်တာက ဖြောင့်မတ်ခြင်း နှင့်အသက်ရှင်နိုင်တယ်ဆိုပြီး စိတ်ပိုင်းဖြတ်ကြပါတယ်။
အဲ့လိုစိတ် ပိုင်းဖြတ်ခြင်းက တခြားအချိန်ကာလတွေထိ ထိခိုက်မှု ၊ သက်ရောက်မှု မဖြစ်သရွေ့ပေါ့။
ဒါကို Tatanic စိတ်ကူးယဉ်မှုလို့ ခေါ်ချင်ပါတယ်။ Tatinic ဆိုတာ ဘယ်တော့မှ
မနှစ်မြှုပ်နိုင်ဘူးဆိုပြီး မှတ်ယူကြခြင်းက ဤသင်္ဘောသည် အမြောင်းတွေဖြင့် ကြီးမားတဲ့ကိုယ်ထည်ရှိြပီး
ပထမဉီးဆုံးပင်လယ် ကူးသင်္ဘောဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်။ သဘောတရားအရ စိတ်ချရတဲ့ အစိတ်အပိုင်းများဖြင့်
ခရီးနှင်စေလျှင် ကုန်တင်ကုန်ချအပေါက်တွေကို ဇလီသတ်နိုင်ပြီး သင်္ဘောတစ်ခုလုံးကို မနှစ်မြှုပ်စေနိုင်
တော့ပါ။
ဒါပေမဲ့
တကယ်တမ်းဘ၀မှာ တွေ့ကြုံရပြီဆိုလျှင် သေင်္ဘာမှာရှိတဲ့အပေါက်တွေသည် သင့်ကိုပါ နှစ်မြုပ်စေနိုင်ပါတယ်။
သင်ထိန်းချုပ်နိုင်ပါတယ်ဆိုတဲ့ အသေးဆုံးသော အပိုင်းလေးတွေမှာတောင် သင့်ကို ကျရှုံးစေနိုင်ပါတယ်။
ပြီးတော့ သင်၏၀န်းကျင်က လူတွေကိုပင် သက်ရောက်မှုဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ အပြစ်ဆိုတာ
ကိုယ်ရေးကိုယ်တာ ဖြစ်နေစဉ်မှာပင် ဘယ်တော့မှ တစ်သီးပုဂ္ဂလဖြစ်နေခြင်းမဖြစ်ပါ။
ကျွန်ုပ်တို့တစ်တွေ
ဘယ်တော့မှ ပြည့်စုံကြတာမဟုတ်ပါ။ ဒါပေမဲ့ ဘုရားသခင်ကလည်း သင့်ကို ပြည့်စုံနေဖို့မမျှော်လင့်ပါ။
သို့သော်ငြားလည်း သင်၌ဖြောင့်မတ်ခြင်းကိုတော့ သူမျှော်လင့်ပါတယ်။ စတင်လုပ်ဆောင်ဖို့က
သင်ကိုယ်တိုင် (မည်မျှမကရှည်တဲ့ အပြစ်စာရင်းရှိပါစေ) အပြစ်ကို ဖော်ပြဖို့ရန်ဖြစ်တယ်။
ဘုရားရှင်က
သင်၏အပြစ်ထက် သင်၏နှလုံးသားကို ပိုပြီးစိတ်၀င်စားပါတယ်။ သင်ဘယ်တော့မှ ပြီးပြည့်စုံလာမှာ
မဟုတ်ပါ။ အပြစ်ကင်းစင်စရာလည်း ဘယ်တော့မှ မဖြစ်လာပါ။ ဒါပေမဲ့ အပြစ်နည်းအောင်တော့ လုပ်ဆောင်နိုင်ပါတယ်။
ဒါသည်
သမာဓိရှိခြင်း၏ ရွေးချယ်မှုဖြစ်ပါတယ်။
ဆင်ခြင်ရန်
-
သင်ရွေးချယ်သတ်မှတ်ထားတဲ့
မည်ကဲ့သို့သော အစိတ်အပိုင်း တွေက မိသားစုကနေ သီးခြားဖြစ်တည်မှု (သို့) ဖုံးကွယ်မှု
ဖြစ်နေပါသနည်း။ အဲဒီအရာတွေက သင်၏ ဝိညာဉ်ရေးရာ ၊ စိတ်ခံစားမှု နှင့် ခန္ဓာရေးရာတွေကို
သက်ရောက်မှုဖြစ်စေပါသလား။
-
သင်၏အပြစ်ကဘာတွေဆိုတာကို
သိလျက်နှင့် ဘုရားကဘာလို့သင့်ကို အပြစ်၀န်ခံခိုင်းပါသနည်း။
-
တခြားသူတွေက
သင်၏အပြစ်ကို မသိသည့်တိုင် သင်၏အပြစ်က သူတိုကို မည်ကဲ့သို့ သက်ရောက်မှုဖြစ်စေပါသနည်း။