God’s Goodness Pursues You
Zawgyi Font
---------------------------------------------------------------------------------Unicode:
သင်၏နောက်တွင် ဘုရားသခင်၏ကောင်းမြတ်ခြင်း လိုက်၏။ (by Pastor Rick)
အသက်တာကို အလွယ်တကူဖြတ်သန်းခြင်းအတွက် ကျွန်ုပ်တို့ကို ဘုရားသခင်ဘယ်တော့မှ ကတိမပေးပါ။ ဒါပေမဲ့ ဘယ်အခြေအနေမှာမဆို ကျွန်ုပ်တို့ကို ကူမမည်ဆိုတာကိုတော့ ကတိပေးပါတယ်။
ဒါဝိလ်မင်းကြီးက တစ်ကြိမ်မှာတော့ ဘုရားနှင့်ပတ်သက်ပြီး ရင်ဖွင့်ပါတယ်။ “အကယ်စင်စစ် ကျွန်ုပ်သည် ကျေးဇူးနှင့် ဂရုဏာကို   တစ်သက်လုံးခံစား၍ ၊ ထာ၀ရဘုရား၏အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။” ဆာလံ ၂၃:၆
လူကောင်းတွေအပေါ်မှာတောင် မကောင်းမှု ဖြစ်ပျက်တယ်ဆိုတာကို ဒါ၀ိလ်မင်းကြီး မက လူတိုင်းသိရှိကြပါတယ်။ ဒါပေမဲ့ ဒါဝိလ် မင်းကြီးပြောထားတာက ဘုရား၏ကောင်းမြတ်ခြင်းတွေက သူ့နောက်လိုက်တယ်ဆိုတာကိုပါ။ မည်သို့ပင် အဆိုး (သို့) မကောင်းမှု (သို့) ခက်ခဲတဲ့အရာတွေမြင်နိုင်ပေမဲ့လည်း ဘုရားသခင်က အဲဒီအရာတွေကနေ အကောင်းဘက်သို့ လုပ်ဆောင်ပေးသွားမှာြဖစ်တယ်။
ယုံကြည်သူတွေကို ဘုရားပေးခဲ့တဲ့ ကြီးမြတ်တဲ့ကတိတစ်ခုက ကျွန်ုပ်တို့တွင် ဖြစ်သမျှသောအရာရာတိုင်းသည် ကျွန်ုပ်တို့ကောင်းဖို့အတွက်ဘဲ ဖြစ်တယ်ဆိုတာကိုပါ။ ကျွန်ုပ်တို့က ဘုရားကိုချစ်ပြီး သူ့၏အကြံအစည်အတိုင်း ပြုမူနေထိုင်တယ်ဆိုလျှင် ရောမ ၈:၂၈ အတိုင်း ဖြစ်၏။ “ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ် တည်း ပြုစုကြသည် . . .။” သမ္မာကျမ်းစာကဖော်ပြထားသည်မှာ အရာရာအားလုံးကို ကောင်းဖို့အတွက် အတူတကွ ဘုရားသခင်လုပ်ဆောင်တယ်။ အရာရာအားလုံးကောင်းတယ်လို့မဆိုလိုပါ၊ ဒါပေမဲ့ ဘုရားက အရာရာအားလုံးကို ကောင်းဖို့အတွက် အတူတကွလုပ်ဆောင်ခြင်းဖြစ်ပါတယ်။
ယုံကြည်သူအသက်တာတွင် ခက်ခဲခြင်းများ ၊ အကျပ်ရိုက်ခြင်းများ ၊ လက်လျော့အရှုံးပေးရခြင်းများ နှင့် ဘေးအန္တရာယ်မရှိခြင်းက ဘုရားသခင်က သူ၏သင့်အပေါ်ထားသော ရည်ရွယ်ချက်ကို ထိခိုက်မှုမဖြစ်အောင် အဆုံးစွန်သောခက်ခဲခြင်းများကို သင့်အပေါ်မဖြစ်စေနိုင်ပါ။ ဘုရား၏ကောင်းမြတ်ခြင်းနှင့်အတူ သူ၏ဂရုဏာတော် ချစ်ခြင်းမေတ္တာဖြင့်သင်၏ အသက်တာနောက်သို့လိုက်ပါမည်ဖြစ်သည်။ ကျွနုပ်တို့၏နောက်သို့လိုက်မည်ဟုလည်း ဒါဝိလ်မင်းကြီးဆိုလိုခြင်းဖြစ်တယ်။
ဒါ့ကြောင့် အနာဂတ်မှာ မေးခွန်းပေါင်းများစွာဖြင့်မေးနေမည့်အစား သင်္ကေတများနှင့်အတူ သင်ပြုလုပ်နိုင်ပါတယ်။ ဘာဘဲဖြစ်လာလာ ဘုရားသခင်သည် သင်နှင့်အတူရှိနေမည်။ သင်၏ ခက်ခဲတဲ့နေရက်တွေမှာပင် သင့်ကိုကူညီ ကယ်ထုတ်မည်။ သင်ယုံကြည်စိတ်ချနိုင်ပါသည်။
ဘုရား၏ကောင်းမြတ်ခြင်းတွေက သင့်ကိုကူညီပေးနေမည် ၊ ကာကွယ်ပေးနေမည်။
ဘုရား၏ ဂရုဏာချစ်ခြင်းမေတ္တာသည် သင့်ကို ချမ်းသာပေးမည် ၊ ခွင့်လွှတ်ပေးမည်။
ဘုရား၏ကောင်းမြတ်ခြင်းသည် သင့်ကိုထောက်ပံ့ပေးနေမည်၊ ကူညီပေးနေမည်။
ဘုရား၏ကြင်နာမှုသည် သင့်ကိုနှစ်သိမ့်မှုပေးနေမည် ၊ သက်သာပျောက်ကင်းမှုပေးနေမည်။
ကလေးငယ်တစ်ဉီးကို မိဘတစ်ယောက်က နောက်ကနေလိုက်ပြီး ကာကွယ်ဂရုစိုက်နေသည့်ပုံစံကို မြင်ယောင်လိုက် ပါ။ ကျွန်ုပ်တို့သည်လည်း နာကျင်ခြင်း ၊ ကိုယ်ကျင့်တရားမညီခြင်း ၊ စိတ်ကျဉ်းကျပ်မှုတွေဖြင်း ရင်ဆိုင်တွေ့ကြုံရ လျှင်လည်း ဘုရားကကျွန်ုပ်တို့နှင့်အတူ ဘေးမှာလက်တွဲကူညီဖေးမမည်၊ ညစ်ပေနေမှုကနေ ဆွဲထူပြီးမလျော့သော ချစ်ခြင်းမေတ္တာဖြင့်နှစ်သိမ့်မှုပေးပါမည်။
သင့်ကိုမည်သူကမျှ အဝေးရောက်အောင်မလုပ်ဆောင်နိုင်ပါ။ သင့်အသက်တာဘုရားအလိုတော်ဖြစ်စေဖို့ မည်ကဲ့သို့ သောအကြီးစား ကျရှုံးမှုတွေဖြင့် လမ်းမချော်စေပါ။
ဒါသည်သင်အပေါ်တည်နေတဲ့ ကြီးမြတ်တဲ့ကတိတော်ဖြစ်ပါတယ်။