Zawgyi Font
----------------------------------------------------------------------------------
Unicode:
----------------------------------------------------------------------------------
Unicode:
ရောင့်ရဲတတ်ဖို့ သင်ယူပါ
ကောရိန္တု ပဌမစောင် ၄:၇-၈ “သူတစ်ပါးလက်မှ မခံမယူဘဲ အလိုအလျှောက်ရသောအရာ
တစုံတခုမျှ သင်၌ရှိသလော။ သူတစ်ပါးလက်မှ ခံယူသည်မှန်လျှင် မခံမယူသကဲ့သို့အဘယ်ကြေင့်၀ါကြွားသနည်း။”
မပိုင်ဆိုင်တဲ့အရာ
၊ ဖြစ်မလာတဲ့အရာတွေပေါ်မှာ အာရုံမစိုက်ဘဲနှင့် သင်၌ရှိနေသောအရာ ၊ ဖြစ်ပျက်သောအရာတွေ
အပေါ်မူတည်ပြီး ကျေးဇူးကြီးစွာ သင်ရွေးချယ်နိုင်ပါတယ်။ အလိုအလျှောက်မလာပါ ၊ ရှင်ပေါလုကတောင်
ပြောထားပါတယ် “ရောင့်ရဲဖို့ရန်သူသင်ယူနေတယ်” ရောင့်ရဲတင်းတိမ်တတ်ခြင်းက
ဖြစ်စဉ်ကို လေ့လာခြင်း တစ်ခု ဖြစ်ပါတယ်။
သူတစ်ပါးကို
အားကျခြင်း (သို့) မနာလိုခြင်းတွေအတွက် ရုန်းကန်နေရတယ်ဆိုတာကို ၀န်ခံဖို့ခက်ခဲခြင်းက
ရုပ်ဆိုးတဲ့စိတ်ခံစားချက် ဖြစ်နေတဲ့အတွက်ကြောင့်မို့ပါ။ တခြားသူတွေကို အဲဒီလိုဖြစ်နေတာက
သူတို့တစ်တွေကို သင်ကျရှုံးစေချင်တဲ့စိတ်ရှိနေလို့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ
သင့်လောက်မပိုင်ဆိုင်ထားဘူးဆိုလျှင် သင့်ကိုပိုပြီးနေလို့ထိုင်လို့ကောင်းစေပါတယ်။ ဒါသည်
ရူးသွပ်မှုတစ်ခုပင်ဖြစ်ပါတယ်။ မဟုတ်ဘူးလား… မိမိပိုင်ဆိုင် တာနှင့်ရောင့်ရဲနိုင်ဖို့
လေ့လာမယ်ဆိုလျှင် ကောင်းပါတယ်၊ ဤခံစားချက်တွေကို မွေးမြူနိုင်ဖို့ရန် မနာလိုခြင်း ၊
အားကျခြင်းတွေကို သင်၌ဖယ်ရှားရပါမည်။
မနာလိုခြင်း
၊ အားကျခြင်းတွေသည် အာသီသ /လိုအင်တွေ ၊ အိပ်မက်တွေ ၊ ပန်းတိုင်တွေကို ပိုင်ဆိုင်ခြင်းမဟုတ်ဘူးဆို
တာကို နားလည်သဘောပေါက်ဖို့အင်မတန်အရေးကြီးပါတယ်။ တစ်စုံတစ်ခုကို မျှော်လင့်စောင့်စားခြင်းမဟုတ်
၊ အသက်တာမှာ တစ်ခုခု ဖြစ်လာနိုင်ခြင်းလည်းမဟုတ်၊ (သို့) တစ်ခုခုကို သင်ရသင့်ခဲ့လျှင်အံ့ဩြခင်းလည်း
မဟုတ်ပါ။
မနာလိုခြင်း
၊ အားကျခြင်းတွေသည် တစ်စုံတစ်ယောက်က သင်၏ လိုအင်ဆန္ဒရှိနေသောအရာကို ပိုင်ဆိုင်သွားခြင်း
(သို့) သင်လျှောက်လှမ်း၍ကြိုးပမ်းရဖို့ရန် ရှိနေသောပန်းတိုင်ကိုသူတစ်ပါး ရောက်နှင့်နေခြင်းကို
မကျေမချမ်းဖြစ်ခြင်း ဖြစ်ပါတယ်။ အဲဒီဆန္ဒတွေ ၊ ပန်းတိုင်တွေကို မရမချင်းသင်မပျော်ရွှင်နိုင်ဖြစ်စေပါတယ်။
သင်၌ရှိနေသောအရာတွေနှင့် လည်း ကျေးဇူးတင်ခြင်းများလည်း မရှိတော့ပြီ။
သမ္မာကျမ်းစာထဲမှာ ပြောထားတက ကျွန်ုပ်တို့ရရှိပိုင်ဆိုင်ထားပြီးအရာတွေသည်
လိုအပ်တာထက် ၊ ထိုက်တန်တာ ထက်ကို အများကြီးကျော်လွန်နေပါတယ်။ ကောင်းသောအရာမှန်သမျှသည် ဘုရားထံမှ ဆုကျေးဇူးပင်ဖြစ်ကြပါတယ်။
မည်သို့ကောင်းကြီးပေးမည် ၊ ဘယ်အချိန်ပေးမည်ကတော့ ဘုရားသခင်သာလျှင် ဆုံးဖြတ်ပါမည်။ ရရှိပိုင်ဆိုင်ထားတဲ့
အရာတွေဖြင့် ကောင်းကြီးဖြစ်စေဖို့ရွေးချယ်လုပ်ဆောင်ရမှာက ကျွန်ုပ်တို့တာ၀န်သာဖြစ်ပါတယ်။