How to Pray for God’s Blessing

Zawgyi Font
ဘုရားသခင္၏ေကာင္းခ်ီးအတြက္ မည္ကဲ့သို႔ဆုေတာင္းမည္နည္း

ကၽြန္ုပ္တို႔အားလုံး ေကာင္းခ်ီးလိုခ်င္ၾကပါတယ္။
ဒါေပမဲ့ ဘုရားရွင္၏နိုင္ငံေတာ္ႏွင့္ေျဖာင့္မတ္ျခင္းကို ေရွးဉီးစြာရွာဖို႔လိုအပ္တယ္ဆိုတာကို သင္သိပါသလား။
သင့္အသက္တာတြင္ ဘုရားသခင္၏ေကာင္းႀကီးကို အမွန္တကယ္ဘဲအလိုရွိတယ္ဆိုလၽွင္ သင္၏ခံစားခ်က္ ေတြထက္ ဘုရား၏ရႈျမင္ေတြးေခၚမႈေပၚမူတည္ေနသင့္ပါတယ္။
 သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ “ထာ၀ရ ဘုရားကို စိတ္ႏွလုံးအႂကြင္းမဲ့ကိုးစားေလာ့။ ကိုယ္ဉာဏ္ကိုအမွီ မျပဳႏွင့္။ သြားေလရာရာ၌ ထာ၀ရဘုရားကို မ်က္ေမွာက္ျပဳေလာ့။ သို႔ျပဳလၽွင္ ၊ သင္၏လမ္းခရီးတို႔ကို ပဲ့ျပင္ေတာ္ မူမည္။” သုတၱံ ၃း၅
ဒါေၾကာင့္ မည္ကဲ့သို႔ ဘုရားဆီမွ ဉာဏ္အေျမာ္အျမင္ကို ရမည္နည္း။

သင္ဆုေတာင္းတယ္၊ ဘုရားႏွင့္စကားေျပာတယ္၊ ဘုရားဘာျပန္ေျပာမည္ကို က်မ္းစာဖတ္ျခင္းအားျဖင့္လည္ေကာင္း သိေစမည္။ ဤနည္းအားျဖင့္ သင္ဘုရားဆီမွ ဉာဏ္အေျမာ္အျမင္ရရွိပါမည္။
ရွင္ေယာဟန္ ၁း၅ “သင္တို႔တြင္ တစ္စုံတစ္ေယာက္ေသာသူသည္ ပညာကိုလိုလၽွင္ ၊ ကဲ့ရဲ့ျပစ္တင္ျခင္းကို ျပဳေတာ္မမူဘဲ ၊ ခပ္သိမ္းေသာသူတို႔အား ေစတနာစိတ္ႏွင့္ ေပးသနားေတာ္မူေသာ ဘုရားသခင္ကို ေတာင္းေစ၊ ေတာင္းလၽွင္ရလိမ့္မည္။”

သင့္ကို အဆုံး၌ေသျခင္းလိုမ်ိဳးရင္ဆိုင္ျခင္း (သို႔) အသက္တာမွာ ရႈံးၿပီးရင္းရႈံးေနျခင္းမ်ိဳးကို ဘုရားသခင္ကလည္း အလိုေတာ္မရွိပါ။ သင့္ကို ေအာင္ျမင္ဖို႔ကို အလိုေတာ္ရွိပါသည္။ သင္၏အခ်ိန္ေတြ ၊ သင္၏ေငြေၾကး ၊ ေပါင္းသင္း ဆက္ဆံေရးမ်ားျဖင့္ ဉာဏ္အေျမာ္အျမင္ရွိစြာဆုံးျဖတ္မႈေတြ သင္ျပဳနိုင္ဖို႔အတြက္ ဘုရားအလိုရွိတယ္။ ႏွိမ့္ခ်စြာ ဆုေတာင္းျခင္းအားျဖင့္ သင္ေတာင္းဆိုလၽွင္လည္း ဉာဏ္အေျမာင္အျမင္ ႏွင့္ ေကာင္းခ်ီရွိေသာအသက္ တာျဖင့္ ေနထိုင္ဖို႔ရန္ ဘုရားက သင့္ကိုကူညီဖို႔အဆင္သင့္ပါ။
“ေနဟမိ”၏ အသက္တာအားျဖင့္ ေကာင္းခ်ီးမဂၤလာလမ္းကို ရရွိဖို႔ရန္ တခ်ိဳ႕ေသာ အႀကံျပဳစရာအခ်က္ေတြျဖင့္ ကၽြန္ုပ္ကူညီပါရေစ။
ဘုရားထံမွ ဉာဏ္အေျမာ္အျမင္ႏွင့္ ေကာင္းခ်ီးမဂၤလာရဖို႔ ထိေရာက္ေသာဆုေတာင္းခ်က္အတြက္ ေအာက္ပါ (၄)မ်ိဳးေသာေသာ့ခ်က္ကိုၾကည့္ပါ။

၁။ ဘုရားသခင္၏ လကၡဏာ၌တည္၍ သင့္ဆုေတာင္းကို အေျခခံပါ။
ဘုရားသခင္အေျဖေပးလိမ့္မည္ဟု သိရွိသကဲ့သို႔ ဆုေတာင္းပါ။ ဘုရားရွင္ျဖစ္သည့္အတြက္ ကၽြန္ုပ္၏ဆုေတာင္းခ်က္ ကို အေျဖေပးဖို႔ကို ေစာင့္ေမၽွာ္ေနပါသည္။ သစၥာရွိေသာ အဖဘုရား ၊ႀကီးျမတ္ေတာ္မူေသာ ဘုရား၊ ခ်စ္ျခင္း၌တည္ေသာဘုရား။ အံ့ဖြယ္ဘုရားျဖစ္တယ္။ ဤျပသနာကို ကိုယ္ေတာ္လုပ္ေဆာင္နိုင္ပါတယ္။

၂။ သင္သတိမူမိေသာ သင္၏အျပစ္ေတြအတြက္ ၀န္ခံပါ။
“ေနဟမိ”က ဘုရားသခင္သည္ မည္သူျဖစ္ျခင္းေပၚမူတည္ၿပီး သူ၏ဆုေတာင္းကို အေျခခံတယ္။ ၿပီးေတာ့ အျပစ္ေတြကို ၀န္ခံလိုက္ပါတယ္။ ေနဟမိမွတ္စာ ၁း၆-၇ “ကိုယ္ေတာ္ကၽြန္ကၠသေရလ အမ်ိဳးသားတို႔အဖို႔ ေရွ႕ေတာ္၌ ေန႔ညမျပတ္အကၽြန္ုပ္ဆုေတာင္း၍ ျပစ္မွားမိေသာအျပစ္မ်ားကို ေဘာ္ျပ၍ ေတာင္းပန္ေသာ ကိုယ္ေတာ္ကၽြန္၏ပဌနာစကားကို ၾကားနာျခင္းငွာ ယခုနားေထာင္၍ ေစေစ့ၾကည့္ရႈေတာ္မူပါ။”
ကၠသေရလလူမ်ိဳးတို႔ အက်ဥ္းခ်ခံရျခင္းေတြက ေနဟမိ၏အျပစ္ေၾကာင့္မဟုတ္ပါ။ ျဖစ္ပ်က္ခ်ိန္ေတြမွာပင္ သူမေမြးေသးပါ။ အဲဒီအခ်ိန္မွာ သူေမြးလာသကဲ့သို႔ျဖစ္ေနပါတယ္။ လူမ်ိဳးေတာ္၏ အျပစ္ေတြအားလုံးသည္ သူ၌လည္းရွိသကဲ့သို႔ျဖစ္သည္။ ဒါေၾကာင့္ “ျပသနာ၏တစ္စိတ္တစ္ပိုင္းတြင္ အကၽြန္ုပ္ပါ၀င္ပါသည္”ဟု ေျပာဆိုပါသည္။

၃။ ဘုရားသခင္၏ကတိေတာ္ကို ေတာင္းခံပါ။
“ကိုယ္ေတာ္ကၽြန္ေမာေရွ၌ ထားေတာ္မူေသာကတိေတာ္ကို ေအာက္ေမ့ေတာ္မူပါ” ဟု ေနဟမိက ဘုရားသခင္ကို ေျပာဆိုပါတယ္။ တစ္စုံတစ္ခုကို သတိရပါလို႔ ဘုရားသခင္ကို ေျပာျခင္းအေၾကာင္းကို သင္ေတြးထင္နိုင္မည္လား။ ေနဟမိက ဘုရားသခင္ ကၠသေရလလူမ်ိဳးတို႔ေပၚထားခဲ့ေသာ ကတိေတာ္ကို ျပန္လည္သတိရဖို႔ သတိေပးပါတယ္။ ထိေရာက္မႈရွိေစဖို႔ရန္ သူ၏ဆုေတာင္းကား “အဖဘုရား ၊ ကၽြန္ုပ္တို႔ သစၥာပ်က္မႈေတြရွိခဲ့လၽွင္ ေမာေရွအားျဖင့္ သတိေပးခဲ့ပါသည္။ ကၠသေရလ နယ္ေျမေတြကို ဆုံးရႈံးရနိုင္ပါသည္။ ဒါေပမဲ့ ကၽြန္ုပ္တို႔ေနာင္တရလၽွင္ ျပန္ေပးမည္ဟု ကတိေပးခဲ့ပါသည္။”
ဘုရားသခင္အား သတိေပးဖို႔လိုအပ္ပါသလား။ မလိုပါ။ သူ႔ကတိကို သူေမ့သြားခဲ့ၿပီလား။ မဟုတ္ပါ။ ဒါနဲ႔ကၽြန္ုပ္တို႔ဘာလို႔မ်ား သတိေပးေနပါသနည္း။ ဘာေၾကာင့္လဲဆိုေတာ့ ဘုရားသခင္ဘာကို ကတိေပးထားသလဲဆိုတာကို ကၽြန္ုပ္တို႔ကို ျပန္လည္အမွတ္ရဖို႔ ကူညီေစျခင္းျဖစ္တယ္။

၄။ သင္၏ေတာင္းဆိုမႈကို တိက်မႈျဖစ္ေစပါ။
ဆုေတာင္းျခင္းအေျဖကို အတိအက်လိုခ်င္လၽွင္ တိက်ေသာေတာင္းဆိုမႈကို ျပဳပါ။ ေယဘူယ်ေတာင္းဆိုမႈအ တြက္ေတာ့ မည္ကဲ့သို၌ အေျဖရၿပီဆိုတာကို သင္ဘယ္လိုသိနိုင္မွာလဲ။

ဆက္လက္ဆုေတာင္းၿပီး ဘုရားသခင္ထံမွ ဉာဏ္ပညာအေျမာ္အျမင္ကို ေတာင္းခံပါ။ သင္၏စိတ္ႏွလုံး အႂကြင္းမဲ့ ယုံၾကည္မႈအတြက္ ဘုရားသခင္သည္ သစၥာတရားႏွင့္လည္းေကာင္း ၊ ေျဖာင့္မတ္ျခင္းတရားႏွင့္ လည္းေကာင္း ျပည့္စုံေတာ္မူ၏။


---------------------------------------------------------------------------------
Unicode:
ဘုရားသခင်၏ကောင်းချီးအတွက် မည်ကဲ့သို့ဆုတောင်းမည်နည်း

ကျွန်ုပ်တို့အားလုံး ကောင်းချီးလိုချင်ကြပါတယ်။
ဒါပေမဲ့ ဘုရားရှင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းကို ရှေးဉီးစွာရှာဖို့လိုအပ်တယ်ဆိုတာကို သင်သိပါသလား။
သင့်အသက်တာတွင် ဘုရားသခင်၏ကောင်းကြီးကို အမှန်တကယ်ဘဲအလိုရှိတယ်ဆိုလျှင် သင်၏ခံစားချက် တွေထက် ဘုရား၏ရှုမြင်တွေးခေါ်မှုပေါ်မူတည်နေသင့်ပါတယ်။
 သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ “ထာ၀ရ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီ မပြုနှင့်။ သွားလေရာရာ၌ ထာ၀ရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် ၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။” သုတ္တံ ၃:၅
ဒါကြောင့် မည်ကဲ့သို့ ဘုရားဆီမှ ဉာဏ်အမြော်အမြင်ကို ရမည်နည်း။

သင်ဆုတောင်းတယ်၊ ဘုရားနှင့်စကားပြောတယ်၊ ဘုရားဘာပြန်ပြောမည်ကို ကျမ်းစာဖတ်ခြင်းအားဖြင့်လည်ကောင်း သိစေမည်။ ဤနည်းအားဖြင့် သင်ဘုရားဆီမှ ဉာဏ်အမြော်အမြင်ရရှိပါမည်။
ရှင်ယောဟန် ၁:၅ “သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင် ၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ ၊ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင်ရလိမ့်မည်။”

သင့်ကို အဆုံး၌သေခြင်းလိုမျိုးရင်ဆိုင်ခြင်း (သို့) အသက်တာမှာ ရှုံးပြီးရင်းရှုံးနေခြင်းမျိုးကို ဘုရားသခင်ကလည်း အလိုတော်မရှိပါ။ သင့်ကို အောင်မြင်ဖို့ကို အလိုတော်ရှိပါသည်။ သင်၏အချိန်တွေ ၊ သင်၏ငွေကြေး ၊ ပေါင်းသင်း ဆက်ဆံရေးများဖြင့် ဉာဏ်အမြော်အမြင်ရှိစွာဆုံးဖြတ်မှုတွေ သင်ပြုနိုင်ဖို့အတွက် ဘုရားအလိုရှိတယ်။ နှိမ့်ချစွာ ဆုတောင်းခြင်းအားဖြင့် သင်တောင်းဆိုလျှင်လည်း ဉာဏ်အမြောင်အမြင် နှင့် ကောင်းချီရှိသောအသက် တာဖြင့် နေထိုင်ဖို့ရန် ဘုရားက သင့်ကိုကူညီဖို့အဆင်သင့်ပါ။
“နေဟမိ”၏ အသက်တာအားဖြင့် ကောင်းချီးမင်္ဂလာလမ်းကို ရရှိဖို့ရန် တချို့သော အကြံပြုစရာအချက်တွေဖြင့် ကျွန်ုပ်ကူညီပါရစေ။
ဘုရားထံမှ ဉာဏ်အမြော်အမြင်နှင့် ကောင်းချီးမင်္ဂလာရဖို့ ထိရောက်သောဆုတောင်းချက်အတွက် အောက်ပါ (၄)မျိုးသောသော့ချက်ကိုကြည့်ပါ။

၁။ ဘုရားသခင်၏ လက္ခဏာ၌တည်၍ သင့်ဆုတောင်းကို အခြေခံပါ။
ဘုရားသခင်အဖြေပေးလိမ့်မည်ဟု သိရှိသကဲ့သို့ ဆုတောင်းပါ။ ဘုရားရှင်ဖြစ်သည့်အတွက် ကျွန်ုပ်၏ဆုတောင်းချက် ကို အဖြေပေးဖို့ကို စောင့်မျှော်နေပါသည်။ သစ္စာရှိသော အဖဘုရား ၊ကြီးမြတ်တော်မူသော ဘုရား၊ ချစ်ခြင်း၌တည်သောဘုရား။ အံ့ဖွယ်ဘုရားဖြစ်တယ်။ ဤပြသနာကို ကိုယ်တော်လုပ်ဆောင်နိုင်ပါတယ်။

၂။ သင်သတိမူမိသော သင်၏အပြစ်တွေအတွက် ၀န်ခံပါ။
“နေဟမိ”က ဘုရားသခင်သည် မည်သူဖြစ်ခြင်းပေါ်မူတည်ပြီး သူ၏ဆုတောင်းကို အခြေခံတယ်။ ပြီးတော့ အပြစ်တွေကို ၀န်ခံလိုက်ပါတယ်။ နေဟမိမှတ်စာ ၁း၆-၇ “ကိုယ်တော်ကျွန်က္ကသရေလ အမျိုးသားတို့အဖို့ ရှေ့တော်၌ နေ့ညမပြတ်အကျွန်ုပ်ဆုတောင်း၍ ပြစ်မှားမိသောအပြစ်များကို ဘော်ပြ၍ တောင်းပန်သော ကိုယ်တော်ကျွန်၏ပဌနာစကားကို ကြားနာခြင်းငှာ ယခုနားထောင်၍ စေစေ့ကြည့်ရှုတော်မူပါ။”
က္ကသရေလလူမျိုးတို့ အကျဉ်းချခံရခြင်းတွေက နေဟမိ၏အပြစ်ကြောင့်မဟုတ်ပါ။ ဖြစ်ပျက်ချိန်တွေမှာပင် သူမမွေးသေးပါ။ အဲဒီအချိန်မှာ သူမွေးလာသကဲ့သို့ဖြစ်နေပါတယ်။ လူမျိုးတော်၏ အပြစ်တွေအားလုံးသည် သူ၌လည်းရှိသကဲ့သို့ဖြစ်သည်။ ဒါကြောင့် “ပြသနာ၏တစ်စိတ်တစ်ပိုင်းတွင် အကျွန်ုပ်ပါ၀င်ပါသည်”ဟု ပြောဆိုပါသည်။
၃။ ဘုရားသခင်၏ကတိတော်ကို တောင်းခံပါ။
“ကိုယ်တော်ကျွန်မောရှေ၌ ထားတော်မူသောကတိတော်ကို အောက်မေ့တော်မူပါ” ဟု နေဟမိက ဘုရားသခင်ကို ပြောဆိုပါတယ်။ တစ်စုံတစ်ခုကို သတိရပါလို့ ဘုရားသခင်ကို ပြောခြင်းအကြောင်းကို သင်တွေးထင်နိုင်မည်လား။ နေဟမိက ဘုရားသခင် က္ကသရေလလူမျိုးတို့ပေါ်ထားခဲ့သော ကတိတော်ကို ပြန်လည်သတိရဖို့ သတိပေးပါတယ်။ ထိရောက်မှုရှိစေဖို့ရန် သူ၏ဆုတောင်းကား “အဖဘုရား ၊ ကျွန်ုပ်တို့ သစ္စာပျက်မှုတွေရှိခဲ့လျှင် မောရှေအားဖြင့် သတိပေးခဲ့ပါသည်။ က္ကသရေလ နယ်မြေတွေကို ဆုံးရှုံးရနိုင်ပါသည်။ ဒါပေမဲ့ ကျွန်ုပ်တို့နောင်တရလျှင် ပြန်ပေးမည်ဟု ကတိပေးခဲ့ပါသည်။”
ဘုရားသခင်အား သတိပေးဖို့လိုအပ်ပါသလား။ မလိုပါ။ သူ့ကတိကို သူမေ့သွားခဲ့ပြီလား။ မဟုတ်ပါ။ ဒါနဲ့ကျွန်ုပ်တို့ဘာလို့များ သတိပေးနေပါသနည်း။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ဘာကို ကတိပေးထားသလဲဆိုတာကို ကျွန်ုပ်တို့ကို ပြန်လည်အမှတ်ရဖို့ ကူညီစေခြင်းဖြစ်တယ်။
၄။ သင်၏တောင်းဆိုမှုကို တိကျမှုဖြစ်စေပါ။
ဆုတောင်းခြင်းအဖြေကို အတိအကျလိုချင်လျှင် တိကျသောတောင်းဆိုမှုကို ပြုပါ။ ယေဘူယျတောင်းဆိုမှုအ တွက်တော့ မည်ကဲ့သို၌ အဖြေရပြီဆိုတာကို သင်ဘယ်လိုသိနိုင်မှာလဲ။


ဆက်လက်ဆုတောင်းပြီး ဘုရားသခင်ထံမှ ဉာဏ်ပညာအမြော်အမြင်ကို တောင်းခံပါ။ သင်၏စိတ်နှလုံး အကြွင်းမဲ့ ယုံကြည်မှုအတွက် ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း ၊ ဖြောင့်မတ်ခြင်းတရားနှင့် လည်းကောင်း ပြည့်စုံတော်မူ၏။