AS You Care for Others, Trust God’s Care for You

Zawgyi Font
သူတစ္ပါးကို သင္ဂ႐ုျပသည့္အတိုင္း သင္သည္လည္း ဂ႐ုျပဳမႈခံရမည္ဆိုတာကို ယုံၾကည္လိုက္ပါ။
ေဟရွာယ ၅၈:၁၀-၁၁ “မြတ္သိပ္ေသာသူႏွင့္ဆင္းရဲခံရေသာသူကို သနားေသာစိတ္ႏွင့္ခ်မ္းသာေပးလၽွင္ ၊ မရွင္းလင္း ေသာအရာမွာ သင္၏အလင္းသည္ ေပၚထြန္း၍ သင္၏ေမွာင္မိုက္သည္ မြန္းတည့္အလင္းကဲ့သို႔ ျဖစ္လိမ့္မည္။ ထာ၀ရဘုရားသည္ သင့္ကိုအစဥ္ပဲ့ျပင္ေတာ္မူမည္။ အစာေခါင္းပါသည္ ကာလ၌ ၀စြာေကၽြး၍ သင္၏အရိုးတို႔ကို ခိုင္ခံ့ေစေတာ္မူမည္။ သင္သည္ေရေလာင္းေသာ ဥယ်ာဥ္ကဲ့သို႔လည္ေကာင္း ၊ ေရမျပတ္နိုင္ေသာ စမ္းေရတြင္း ကဲ့သို႔လည္းေကာင္း ျဖစ္လိမ့္မည္။”

သူတစ္ပါးအတြက္ လိုအပ္ခ်က္ေတြကို ရွာေဖြတဲ့အခါမွာ အျမဲတမ္းကုန္က်စရိတ္ေတြ ၊ အခ်ိန္ေပးအပ္မႈေတြ ။ ပိုက္ဆံေတြ၊ ခြန္အားေတြ ၊ ဂုဏ္သတင္းေတြ (သို႔) သီးသန႔္တည္ရွိမႈေတြ လိုအပ္ပါတယ္။ သခင္ေယရႈကသင့္အတြက္ အသက္ကိုေတာင္စြန႔္လႊတ္ခဲ့တယ္။ သင္သည္လည္း သူတစ္ပါးအတြက္ အနစ္နာခံျခင္းအတြက္ သခင္ခရစ္ေတာ္ႏွင့္ ပိုမိုတူလာမွာျဖစ္ပါတယ္။

ရွင္လုကာခရစ္၀င္က်မ္းတြင္ ေကာင္းေသာရွမရိ တစ္ေယာက္အေၾကာင္းကိုေျပာထားပါတယ္။ ရွမရိ တစ္ေယာက္သည္ လမ္းေဘးတြင္ အရိုက္ခံရၿပီးစြန႔္ပစ္ခံခဲ့ရေသာ လူတစ္ေယာက္ကိုေတြ႕ရွိတယ္။ ဂ႐ုျပဳဖို႔ရန္ စရပ္တစ္ခုသို႔ေခၚေဆာင္ ၿပီးလၽွင္ ၊ ေနာက္တစ္ေန႔၌ စရပ္ရွင္အား ေဒနာရိႏွစ္ျပားကို ထုတ္ေပးခဲ့တယ္၊ “ဤသူကိုၾကည့္ရႈျပဳစုပါ၊ ကုန္သမၽွကို ငါျပန္လာေသာအခါ ဆပ္မည္ဟုဆို၏။” လုကာ ၁၀:၃၄-၃၅ 

ရွမရိသည္သူစိမ္းတစ္ေယာက္အတြက္ လုပ္ေဆာင္ခဲ့ပါတယ္။ အမႈအခင္းျဖစ္ရာေနရာမွာပင္ ေရွးဉီးသူနာျပဳနည္းျဖင့္ စတင္စီမံေပးခဲ့တယ္။ ၿပီးေနာက္သူ၏တိရစၧာန္ေပၚတင္ေဆာင္ၿပီး … ဘယ္သို႔  ၊ စကားမစပ္ ဘယ္လမ္းကိုသူ ေရြး ေလၽွာက္ခဲ့ပါသနည္း။ စရပ္ကိုေခၚေဆာင္တယ္ ၊ တစ္ညလုံးျပဳစုတယ္ ။ ကုန္က်စရိတ္ကို မနက္မွာေပးေခ်တယ္။ ထပ္မံကုန္က်မည့္စရိတ္ကိုလည္း သူေပးဖို႔ကတိေပးခဲ့တယ္။ 

သူဘာကိုျပန္ရဖို႔ရွိပါသလဲ။ ဘာမွမရွိပါ။ ဤသူစိမ္းကို သူမသိပါ။ ေကာင္းေသာရွမရိသည္အနစ္နာခံဖို႔ရန္ လိုအပ္မႈမွန္သမၽွကို ေတြးေတာျခင္းမရွိကူညီဖို႔ကိုသာလုပ္ေဆာင္ခဲ့ပါတယ္။ သူ၏အာ႐ုံက ဤလူနာ၏လိုအပ္ခ်က္ ေတြပါ - ထိုနည္း၄င္း သခင္ခရစ္ေတာ္သည္ သင့္အတြက္အာ႐ုံစိုက္သလိုမ်ိဳးပင္ျဖစ္ပါတယ္။

ဤနည္းလမ္းသည္ ဘုရားသခင္ႀကံစည္ေသာအရာျဖစ္တယ္။ သင့္၀န္းက်င္၌နာက်င္ခံစားရသူမ်ား ၏လိုအပ္ခ်က္ေတြ သည္ သင္၏တာ၀န္ျဖစ္တယ္လို႔ ယူဆျခင္းသေဘာသည္ သင္၏လိုအပ္ခ်က္ကို ျဖည့္ဆည္းဖို႔ သင္ဘုရားသခင္ကို ယုံၾကည္ျခင္းမ်ိဳးျဖစ္သည္။

ဆင္ျခင္ရန္
-သနားၾကင္နာမႈအတြက္ တစ္စုံတစ္ရာကုန္က်ျခင္းက ဘာေၾကာင့္မ်ား အဓိပၸါယ္ရွိပါသနည္း။
-တစ္စုံတစ္ေယာက္ေကာင္းမႈအတြက္ တစ္ခုခုေပးခဲ့ရတဲ့အေပၚဘုရားရွင္သင့္ကို မည္ကဲ့သို႔ ျဖည့္ဆည္းေပးပါသနည္း။

---------------------------------------------------------------------------------
Unicode:
သူတစ်ပါးကို သင်ဂရုပြသည့်အတိုင်း သင်သည်လည်း ဂရုပြုမှုခံရမည်ဆိုတာကို ယုံကြည်လိုက်ပါ။
ဟေရှာယ ၅၈:၁၀-၁၁ “မွတ်သိပ်သောသူနှင့်ဆင်းရဲခံရသောသူကို သနားသောစိတ်နှင့်ချမ်းသာပေးလျှင် ၊ မရှင်းလင်း သောအရာမှာ သင်၏အလင်းသည် ပေါ်ထွန်း၍ သင်၏မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ ဖြစ်လိမ့်မည်။ ထာ၀ရဘုရားသည် သင့်ကိုအစဉ်ပဲ့ပြင်တော်မူမည်။ အစာခေါင်းပါသည် ကာလ၌ ၀စွာကျွေး၍ သင်၏အရိုးတို့ကို ခိုင်ခံ့စေတော်မူမည်။ သင်သည်ရေလောင်းသော ဥယျာဉ်ကဲ့သို့လည်ကောင်း ၊ ရေမပြတ်နိုင်သော စမ်းရေတွင်း ကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။”

သူတစ်ပါးအတွက် လိုအပ်ချက်တွေကို ရှာဖွေတဲ့အခါမှာ အမြဲတမ်းကုန်ကျစရိတ်တွေ ၊ အချိန်ပေးအပ်မှုတွေ ။ ပိုက်ဆံတွေ၊ ခွန်အားတွေ ၊ ဂုဏ်သတင်းတွေ (သို့) သီးသန့်တည်ရှိမှုတွေ လိုအပ်ပါတယ်။ သခင်ယေရှုကသင့်အတွက် အသက်ကိုတောင်စွန့်လွှတ်ခဲ့တယ်။ သင်သည်လည်း သူတစ်ပါးအတွက် အနစ်နာခံခြင်းအတွက် သခင်ခရစ်တော်နှင့် ပိုမိုတူလာမှာဖြစ်ပါတယ်။

ရှင်လုကာခရစ်၀င်ကျမ်းတွင် ကောင်းသောရှမရိ တစ်ယောက်အကြောင်းကိုပြောထားပါတယ်။ ရှမရိ တစ်ယောက်သည် လမ်းဘေးတွင် အရိုက်ခံရပြီးစွန့်ပစ်ခံခဲ့ရသော လူတစ်ယောက်ကိုတွေ့ရှိတယ်။ ဂရုပြုဖို့ရန် စရပ်တစ်ခုသို့ခေါ်ဆောင် ပြီးလျှင် ၊ နောက်တစ်နေ့၌ စရပ်ရှင်အား ဒေနာရိနှစ်ပြားကို ထုတ်ပေးခဲ့တယ်၊ “ဤသူကိုကြည့်ရှုပြုစုပါ၊ ကုန်သမျှကို ငါပြန်လာသောအခါ ဆပ်မည်ဟုဆို၏။” လုကာ ၁၀:၃၄-၃၅

ရှမရိသည်သူစိမ်းတစ်ယောက်အတွက် လုပ်ဆောင်ခဲ့ပါတယ်။ အမှုအခင်းဖြစ်ရာနေရာမှာပင် ရှေးဉီးသူနာပြုနည်းဖြင့် စတင်စီမံပေးခဲ့တယ်။ ပြီးနောက်သူ၏တိရစ္ဆာန်ပေါ်တင်ဆောင်ပြီး … ဘယ်သို့  ၊ စကားမစပ် ဘယ်လမ်းကိုသူ ရွေး လျှောက်ခဲ့ပါသနည်း။ စရပ်ကိုခေါ်ဆောင်တယ် ၊ တစ်ညလုံးပြုစုတယ် ။ ကုန်ကျစရိတ်ကို မနက်မှာပေးချေတယ်။ ထပ်မံကုန်ကျမည့်စရိတ်ကိုလည်း သူပေးဖို့ကတိပေးခဲ့တယ်။

သူဘာကိုပြန်ရဖို့ရှိပါသလဲ။ ဘာမှမရှိပါ။ ဤသူစိမ်းကို သူမသိပါ။ ကောင်းသောရှမရိသည်အနစ်နာခံဖို့ရန် လိုအပ်မှုမှန်သမျှကို တွေးတောခြင်းမရှိကူညီဖို့ကိုသာလုပ်ဆောင်ခဲ့ပါတယ်။ သူ၏အာရုံက ဤလူနာ၏လိုအပ်ချက် တွေပါ - ထိုနည်း၄င်း သခင်ခရစ်တော်သည် သင့်အတွက်အာရုံစိုက်သလိုမျိုးပင်ဖြစ်ပါတယ်။

ဤနည်းလမ်းသည် ဘုရားသခင်ကြံစည်သောအရာဖြစ်တယ်။ သင့်၀န်းကျင်၌နာကျင်ခံစားရသူများ ၏လိုအပ်ချက်တွေ သည် သင်၏တာ၀န်ဖြစ်တယ်လို့ ယူဆခြင်းသဘောသည် သင်၏လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ သင်ဘုရားသခင်ကို ယုံကြည်ခြင်းမျိုးဖြစ်သည်။

ဆင်ခြင်ရန်
-သနားကြင်နာမှုအတွက် တစ်စုံတစ်ရာကုန်ကျခြင်းက ဘာကြောင့်များ အဓိပ္ပါယ်ရှိပါသနည်း။

-တစ်စုံတစ်ယောက်ကောင်းမှုအတွက် တစ်ခုခုပေးခဲ့ရတဲ့အပေါ်ဘုရားရှင်သင့်ကို မည်ကဲ့သို့ ဖြည့်ဆည်းပေးပါသနည်း။